မကွေး၊ ဒီဇင်ဘာ ၄။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ အောက်တပူးကျေးရွာ၏
မြောက်ဘက် သုံးမိုင်အကွာ နှင့် အနောက်ဘက် လေးမိုင်အကွာခန့်ရှိ လျှိုမြောင်အတွင်း၌ ၂၀၁၄၊
ဒီဇင်ဘာ(၃)ရက်၊ နေ့လည် ၃း၃၀ နာရီအချိန် ခန့်တွင် အကျယ်တစ်ဧကခန့်မှာ အမြင့်ပေ ခြောက်လက်မခန့်ရှိသော
ဘိန်းစိုက်ခင်း တစ်ခင်းအားတွေ့ရှိ၍ ဖျက် ဆီးကြောင်းနှင့် ဘို့ကျေးရွာအနီးတွင်လည်း ဘိန်းခင်းများ(၁.၅၀)ဧကရှိ
ဘိန်းခင်း နှစ်ခင်းတွေ့ရှိ၍ ဖျက်ဆီးကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီအတွင်း၌ ဘိန်းခင်းများရှာဖွေဖျက်ဆီးရေးစစ်ကြောင်းပြုလုပ်နေကြောင်း၊
ဒီဇင်ဘာ ၃ ရက်၊ နံနက် ၇နာရီမှ စတင်၍ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဇော်
နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ သစ်တောဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊
စိုက်ပျိုးရေးဦးစီးဌာန နှင့် အရံမီးသတ်တပ်ဖွဲ့တို့
ပူးပေါင်းစစ်ကြောင်းထွက်ကြောင်း၊ စစ်ကြောင်းအဖွဲ့ ရောက်ရှိရာ ကျေးရွာများ၌ ဘိန်းခင်း
များ မစိုက်ပျိုးရန်၊ စိုက်ပျိုးသူများရှိပါက သတင်းပေးပို့ရန်တို့အား ပညာပေးဟောပြောပွဲများပြုလုပ်ကြောင်း
သက် ဆိုင်ရာ ရဲမှတ်တမ်းများမှ မြေလတ်မီဒီယာ ကသတင်းရရှိသည်။
အလားတူ ဒီဇင်ဘာ ၂ ရက်နေ့တွင် ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး
ဥာဏ်ကီးရှိန်နှင့် ပူးပေါင်းအဖွဲ့၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် မင်းတုန်းမြိုနယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး စိန်ဝင်းနှင့်အဖွဲ့၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် စေတုတ္တရာရဲတပ်ဖွဲ့မှ ရဲအုပ် နန်းရဲဇော်
နှင့် ပူးပေါင်းအဖွဲ့တို့သည်လည်း စစ်ကြောင်းထွက်နေကြောင်း သိရသည်။
၎င်းစစ်ကြောင်းအဖွဲ့မှ ရဲအုပ်အောင်သူရစိုး နှင့် ပူးပေါင်းအဖွဲ့သည်
ဒီဇင်ဘာ ၃ ရက်နေ့၁း၃၀ မှ ညနေ ၄ နာရီအချိန်ခန့်တွင် ငဖဲမြို့နယ် ဘို့ကျေးရွာ တောင်ဘက်ရှိတောတောင်များသို့
ကွင်းဆင်းစစ်ဆေးရာ နေ့လည် ၁း၃၀ နာရီအချိန်တွင် ဘို့ကျေးရွာ၏ အနောက်ဘက် သုံးမိုင်ခန့်အကွာ၌
ဘိန်းပင်အမြင့် တစ်လက်မခွဲမှ ခြောက်လက်မရှိ
ပထမ ဘိန်းခင်း (၁.၅၀) ဧက နှင့် ၎င်းနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ပထမဘိန်းခင်း၏
အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာတွင်လည်း ဘိန်းပင်အမြင့် တစ်လက်မ ခွဲမှ ရှစ်လက်မခန့်ရှိသော
ဒုတိယဘိန်းခင်း(၁း၅၀)ဧက ကိုထပ်မံတွေ့ရှိ၍ ဖျက်ဆီးခဲ့ပြီး မှတ်တမ်းတင်ဆောင်ရွက်ခဲ့ကြောင်း
ရဲမှတ်တမ်းမှ မြေလတ်မီဒီယာ က ဒီဇင်ဘာ ၄ ရက်နေ့တွင် သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
uwinkyi123@gmail.com
ေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း
မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment