Pages

Sunday, December 14, 2014

“ချောက်မြို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိ”



ချောက်၊ ဒီဇင်ဘာ ၁၄ ၊

          ပုဂံမြို့မှ ချောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေပုံတောင်အတက်လမ်းတက် ဇရပ်သို့ စိတ်ကြွမူးယစ်ဆေးဝါး များ လာရောက်၍ ရောင်းချမည်သတင်းအရ ၂၀၁၄၊ ဒီဇင်ဘာ ၁၃၊ ညနေ ၅ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသ ကြီးတပ်ဖွဲ့၊ မှုခင်းအကူဌာန ရဲအုပ် မျိုးနိုင် နှင့် ချောက်မြို့မရဲစခန်း ရဲအုပ် သန်းမြင့် နှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ ဖမ်းဆီးရန်သွားရောက်စဉ် လင်းလင်းထွန်း(၄၀)နှစ်၊ ပုဂံမြို့မှ ရောက်ရှိလာပြီး ဇရပ်ရှေ့မှ ရေမြောင်းအတွင်းသို့ အထုပ်တစ်ခုအား ပစ်ချထားသည်ဆို၏။ လင်းလင်းထွန်းမှာ ၎င်းဇရပ်ပေါ်သို့ထိုင်နေစဉ် ရဲတပ်ဖွဲ့မှ ရောက်ရှိရှာဖွှေရာ ဇရပ်ရှေ့ရေမြောင်းအတွင်း၌ အထုပ်တစ်ထုပ်တွေ့ရှိကြောင်း၊ ၎င်း အတွင်းမှ စိတ်ကြွ ရှုသွပ်ဆေးပြားဟု ယူဆရသော ဆေးပြားတစ်ဖက်စီတွင် (1) နှင့်(88) တံဆိပ်ပါ နီညိုရောင် ဆေးပြား(၄၀၀) ၊ ကာလတန်ဖိုးငွေကျပ် (တစ်သိန်းခြောက်သောင်း)အား တွေ့ရှိကြောင်း၊ ၎င်းနှင့်အတူပါလာသော ဟန်းဖုန်း နှစ်လုံး၊ ငွေစက္ကူရောရာ ငါးသောင်းကျပ် နှင် ဆိုင်ကယ် ၄၀ယ/၉၁၆၉၆ လော့ဂျာ 110 တစ်စီးတို့ပါ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

          ၎င်းအမှုဖြစ်စဉ်နှင့်ပတ်သက်၍  ဒီဇင်ဘာ ၁၄၊ ည ၈ နာရီအချိန်ခန့်တွင် လင်းလင်းထွန်း(၄၀)နှစ်၊(ဘ) ဦးခင်မောင်ညို၊ ဈေးသည်၊ ကျော်စွာရပ်ကွက်၊ ပုဂံမြို့နေသူအား ချောက်မြို့မရဲ စခန်း၌ မူးယစ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၁၅/၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရဲမှတ်တမ်းအရ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

No comments:

Post a Comment