Pages

Friday, December 12, 2014

အိမ်ထောင်သည်တစ်ဦးက သမီးရည်းစားစုံတွဲအား ဓားဖြင့်ခြိမ်းချောက်၍ စုံတွဲအမျိုးသမီးကို စော်ကားမှုဖြစ်”

မကွေး၊ ဒီဇင်ဘာ ၁၂ ။

မကွေးမြို့နယ်၊ ကြိုးကြာကန်ကျေးရွာအုပ်စု၊ ကြည်တစ်လုံးကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ ဦးဘိုမှူး၏ သားရှင်ပြုအလှူတွင် ၂၀၁၄၊ ၁၀ ရက် ည ၁၁ နာရီအချိန်ခန့်၌ ဆိုင်းအငြိမ့်ဖျော်ဖြေကပြနေကြောင်း၊ ၎င်းအလှူ ဆိုင်းငြိမ့်ပွဲသို့ ပွဲကြည့်လာသူ ၎င်းတဲတိုက်မှ မ..... (၁၉)နှစ်နှင့် ကိုမင်းထက် (ကလေးရွာ၊ ကျောက်ဆည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး) နေသူတို့ သမီးရည်းစားနှစ်ဦးသည် အလှူအိမ်၏ အနောက်ဘက် ဂိုက်တစ်ရာခန့်အကွာ ယာခင်းအတွင်း သမီးရည်းစားချိန်းတွေ့နေကြကြောင်း၊ ထိုအချိန်တွင် ကြည်တစ်လုံး(ရွာမ)မှ အဖဦးခင်မောင်၏သား၊  အိမ်ထောင်သည် သိန်းဇော်(ခ)သိန်းဇော်အောင်(၂၅)နှစ်၊ အရက်သောက်စား ၍ရောက်ရှိလာ ကြောင်း၊ ၎င်းသိန်းဇော် (ခ) သိန်းဇော်အောင် မှ ဓားဖြင့်ပြ၍ စုံတွဲအမျိုးသား ကိုမင်းထက် အားပြန်ခိုင်ကြောင်း၊ ၎င်းနောက် စုံတွဲအမျိုးသမီး မ.....(၁၉)နှစ်အား ဓားပြ၍  အတင်းအဓမ္မပွေ့ချီကာ ၎င်း နေရာ၏ အရှေ့မြောက်ဘက် ဂိုက် သုံးရာခန့်အကွာ ဦးဘိုမှူး၏ ယာခင်းအတွင်းရှိ သရက်ပင်အနီးအရောက်တွင် မ...... အား အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုလုပ်ကြောင်း ရဲမှတ်အရ မြေလတ်မီဒီယာ က သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလိုမတူဘဲ အတင်းအဓမ္မပြုကျင့်ခံရသူ မအေးလူ(ခ) မသူဇာဝင်း(၁၉)နှစ်က ၂၀၁၄၊ ဒီဇင်ဘာ ၁၁ ရက်၊ညနေ ၅ နာရီအချိန်ခန့်တွင် မကွေးမြို့နယ်၊ ညောင်ကန်နယ်မြေရဲစခန်း၌ တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ကြောင်း၊ တရားခံ သိန်းဇော်(ခ)သိန်းဇော်အောင်(၂၅)နှစ်၊(ဘ)ဦးခင်မောင်၊ ကြည်တလုံးကျေးရွာ(ရွာမ) နေသူအား ညောင်ကန်နယ်မြေရဲစခန်းမှ(ပ)၄၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးစစ်ဆေး အရေးယူ ဆောင်ရွက် ထားကြောင်း နယ်မြေရဲတမ်းမှတ်တမ်းအရ သတင်းရရှိသည်။

ဝိုင်းကြည်အောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

No comments:

Post a Comment