မကွေး၊ ဒီဇင်ဘာ ၈ ။
မကွေးမြို့၊ မြို့မအိုဘိုရပ်ကွက်၊ ၆ လမ်းရှိ မကွေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်
၂၀၁၄၊ ဒီဇင်ဘာ ၈ ရက်၊ နံနက် ၁၀နာရီမှ စတင်၍ တောင်သူလယ်သမားပညာပေးသင်တန်း၊ အမှတ်စဉ်(၁)ပြုလုပ်
ကြောင်း မြေလတ်မီဒီယာ က သတင်းရရှိသည်။
အဆိုပါသင်တန်းကို ဗဟိုတောင်သူလယ်သမားရေးရာကော်မတီနှင့် မကွေးတိုင်းတောင်သူလယ်သမားရေး
ရာကော်မတီ တို့မှ ပူးပေါင်းကျင်းပကြောင်း၊ သင်တန်းကို နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၎
နာရီအချိန်အထိ ဒီဇင်ဘာ ၈ ရက်မှ ၁၀ ရက်နေ့အထိ သုံးရက်ပြုလုပ်သင်တန်းပေးမည်ဖြစ်ကြောင်း၊
ဗဟိုတောင်သူလယ်သမား ရေးရာကော်မတီမှ သင်တန်းဆရာများမှာ ဦးနေဦး၊ ဦးဘဟိန်း၊ ဦးလှမြင့်သန်း
နှင့် ဦးဇေယျာလွင် တို့ဖြစ်ကြောင်း၊ သင်တန်းသားများမှာ
မကွေးတိုင်းအတွင်းရှိ ၂၅ မြို့နယ်မှ မြို့နယ်တောင်သူလယ်သမားရေးရာကော်မတီဝင် သုံးဦးနှုန်းဖြင့်
သင်တန်းသား ၇၅ ဦး နှင့် လေ့လာသူ ငါးဦး စုစုပေါင်း သင်တန်းသား ရှစ်ဆယ်ဦးခန့် တက်ရောက်ကြကြောင်း
ဦးနေမျိုးကျော်(ဥက္ကဋ္ဌ၊ မကွေးတိုင်းတောင်သူလယ်သမားရေးရာကော်မတီ) က မြေလတ်မီဒီယာ ကိုပြောသည်။
ဝိုင်းကြည်အောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
uwinkyi123@gmail.com
ေ မြလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း
မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment