Pages

Saturday, January 17, 2015

မကွေးတိုင်းဒေသကြီးအတွင်း ချဲထီလောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် (၁၀း၁၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေး ခရိုင် ၊ ချောက်မြို့၊ အမှတ်(၉)ရပ်ကွက်၊ ဈေးရပ်၊ ပြည်သူ့ဈေးအတွင်း၌ လောင်းကစားမှုပြုလုပ် နေကြောင်း သတင်းအရ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဈေးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ချောက်မြို့၊ အမှတ်(၇)ရပ်ကွက်၊အုတ်ဖိုရပ်နေ မငြိမ်းစုမွန် (၂၃)နှစ် မှာ ဈေးအတွင်း ချဲထီလိုက်လံရောင်းချနေသည်ကို မသင်္ကာဖွယ်တွေ့ရှိရ သဖြင့် ပြည်သူ့ဈေး ကော်မတီ ရုံးသို့ခေါ်ယူ၍ စစ်ဆေးရာ မငြိမ်းစုမွန် ဝတ်ထားသော ခရမ်းရောင် ခေါင်းစွပ်ပါ ခါးတိုမိုးကာ အင်္ကျီ ဘယ်ဘက်အိတ်အတွင်းမှ ကြွပ်ကြွပ်အိတ်အဖြူရောင်ဖြင့် ထည့်ထားသော ချဲထီလောင်းကစားရာတွင် အသုံးပြုသည့်စာရွက်စာတမ်း၊ ကိရိယာများနှင့် လောင်းကြေးငွေ ၂၁၂ဝဝိ/- တို့အား ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် ချဲထီလောင်းကစားပြုလုပ်သူ မငြိမ်းစုမွန်အား ချောက်မြို့နယ်၊ မြို့မ ရဲစခန်း(ပ) ၁၁/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

အလားတူ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် မြို့သစ်မြို့နယ်၊ ကွက်သစ် ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမပေါ်တွင် မကွေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြို့သစ်မြို့၊ ဈေးရပ်ကွက်နေ မြငွေထွန်း(ခ)မြကြီး၊ ၂၈ နှစ်၏ ကွမ်းယာဆိုင်သို့ ဝင်ရောက်ရှာဖွေရာ ချဲထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်း၊ ကိရိယာ များနှင့်  လောင်းကြေးငွေ ၂၄၁၇ဝိ/- တို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် ချဲထီ လောင်း ကစားပြု လုပ်သူ မြငွေထွန်း(ခ)မြကြီးအား မြို့သစ်မြို့နယ်၊ မြို့မရဲစခန်း(ပ) ၁၁/၂ဝ၁၅ ၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ 
အလားတူ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် အောင်လံမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်း ကစား ဖမ်းဝရမ်းအမှတ်(၂/၂ဝ၁၅)ဖြင့် အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်နေ မရွှေရီ (၄၁)နှစ်၏ ''ဂိုးဖင်းဝါး'' ကွမ်းယာဆိုင်အတွင်းရှာဖွေရာ မရွှေရီအား ကွမ်းယာဆိုင်၌ထိုင်လျှက်တွေ့ရှိရပြီး ကွမ်းယာ ဆိုင်ပေါ်နှင့် ကွမ်းယာရောင်းခုံ အံဆွဲအတွင်းမှ ချဲထီလောင်းကစားရာတွင်အသုံးပြုသည့် စာရွက်စာတမ်း၊ ကိရိယာ များနှင့် လောင်းကြေးငွေ ၆၉၈ဝဝိ/- အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသဖြင့် ချဲထီ လောင်း ကစားပြုလုပ်သူ မရွှေရီအား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၇/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
မကွေးသတင်းစုံ

No comments:

Post a Comment