Pages
▼
Saturday, September 22, 2012
`မကွေးမြို့မှာ (ပထမ အကြိမ်) သတင်းမီဒီယာသင်တန်း(၅)ရက်ဖွင့်´
(၁၈-၉-၂၀၁၂) နေ့မှ (၂၂-၉-၂၀၁၂)နေ့အထိ (၅)ရက်အတွင်း နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန်ထိနေ့စဉ် မကွေးမြို့၊ ဈေးရပ်၊ ပြည်တော်သာလမ်း၊ (ရေလှိုင်း အင်တာနက်ဆိုင်၏ အရှေ့ဘက်ရှိ) တိုက်ခန်းတွင် သတင်းမီဒီယာသင်တန်း (အခမဲ့) ပို့ချသင်ကြားပေးကြောင်းသတင်းရရှိပါသည်။ အဆိုပါသင်တန်းအား သင်ကြားပို့ချ ပေးသော နည်းပြဆရာများမှာ ဆရာဦးရဲနိုင်မိုး(ရန်ကုန်) နှင့် ဆရာစိုးဝင်းငြိမ်း(ရန်ကုန်)တို့ နှစ်ဦးဖြစ်ကြောင်းသိရသည်။ တက်ရောက်ကြသောသင်တန်းသားများမှာ စုစုပေါင်း(၂၄)ဦးတက်ရောက်ကြသည်။ နတ်မောက်မြို့၊မြို့သစ်မြို့၊ ရေနံချောင်းမြို့၊ ငဖဲမြို့၊ ပဒါန်းမြို့၊ ပွင့်ဖြူမြို့၊ မင်းဘူး(စကု)မြို့ နှင့် မကွေးမြို့တို့မှ လက်ရှိရေးသားနေသော ဂျာနယ်သတင်းထောက်များ နှင့် သတင်းမီဒီယာ ပညာအား စိတ်ပါဝင်စား၍ လုပ်ကိုင်လိုကြသော သင်တန်းသား အသစ်များလည်း တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်းတွင် ဆရာဦးရဲနိုင်မိုး မှ သတင်းထောက်အခြေခံဘာသာရပ်များ ပို့ချ၍ ဆရာဦးစိုးဝင်းငြိမ်း မှ သတင်းဓာတ်ပုံပညာများကို(အခမဲ့) ပို့ချသင်ကြားပေးကြောင်းသိရသည်။ ဤသင်တန်းဖြစ်မြောက်ရေးအတွက် သတင်း ထောက် သီဟရာဇာ (ခ) `အိုလာ´(ရန်ကုန်) ဆိုသူနှင့် သူငယ်ချင်းများက စုပေါင်း၍ ကူညီဆောင်ရွက်ပေးကြောင်း၊ သင်တန်းသားများ ဖိတ်ကြား စုဆောင်းရေးအတွက် သတင်းထောက် ဦး(မကွေး) (ခ) ဦးမြင့်ဇော်ဦး နှင့် သတင်းထောက် ဦးဇော်မင်းကြည် တို့မှ ဦးဆောင်ကူညီပေးကြောင်း ဦးဆောင်စီစဉ်သူ လူငယ် အိုလာ (ခ) သီဟရာဇာ မှ ပြော၍ သတင်းရယူခဲ့ပါသည်။
No comments:
Post a Comment