Pages

Saturday, September 22, 2012

`ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသွားများနှင့် ပြည်တွင်းမှ ဘုရားဖူးအဖွဲ့များအား ကြိုဆိုနေသော မကွေးမြို့ရှိ ကြယ်သုံးပွင့်အဆင့်မီ (ထိန်ထိန်သာ) ဟိုတယ်´

မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းဒေသကြီး မကွေးမြို့မှတဆင့် မင်းဘူး(စကု)မြို့နယ်ရှိ သမိုင်းဝင် စက္ကိန်းတဲဘုရား၊ ကျောင်တော်ရာဘုရား၊ မန်းရွှေစက်တော်ဘုရား နှင့် မကွေးမြသလွန်စေတီတော် တို့အား ဖူးမျှော်နိုင်ပါသည်။ ထိုမှ နတ်မောက်မြို့၊ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘ၀တွင် မိဘများ နေထိုင်ခဲ့သော ပြတိုက်အိမ်ကြီး နှင့် တောင်တွင်းကြီးမြို့ရှိ ပန်ထွာဘုရင်းမ တည်ထားခဲ့သော သမိုင်းဝင်ရှေးဟောင်း ဗိဿနိုးမြို့ဟောင်းကြီး တို့အား သွားရောက်လေ့လာနိုင်ကြမည်။ ထိုမှ အထက်မင်းလှမြို့ရှိ သမိုင်းဝင် မင်းလှခံတပ်ကြီး၊ အထက်မင်းလှမြို့နှင့် ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ဂွေးချောင်းခံတပ်ကြီးသို့လည်း သွားရောက်လေ့လာကြည့်ရှုနိုင်ကြမည်။ ဤကဲ့သို့ သမိုင်းဝင် ခရီးစဉ်များအား မကွေးမြို့မှာ နေထိုင်၍ သွားလာနိုင်အောင် ကမ္ဘာလှည့် နိုင်ငံခြားသား ခရီးသည်များနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွား မိဘပြည်သူများအတွက် မကွေးမြို့တွင် ကြယ်သုံးပွင့်အဆင့်ရှိ (ထိန်ထိန်သာ) ဟိုတယ်ကြီးအား (၉-၉-၂၀၁၂) နေ့မှာ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ၎င်း ဟိုတယ်၏ အကျယ်အ၀န်းမှာ (၃)ဧကခန့်ရှိသည်။ မကွေးမြို့၊ ပွဲကြိုရပ်ကွက်၊ နတ်မောက်လမ်း၊ အမှတ်(၁၀-A)တွင် တည်ရှိပါသည်။ ၎င်းဟိုတယ်တွင် အခန်းပေါင်း(၃၂)ခန်းရှိ၍ ခေတ်မီရေကူးကန် ၊ အပန်းဖြေနားနေဆောင်များ၊စားသောက်ခန်းမ၊ မျက်ခင်းပြင်လွင်ပြင်များဖြင့် အထူးမွန်းမံထား၍ ၀န်ဆောင်မှုအပြည့်အ၀ရရှိမည်ဟု သိရသည်။ နိုင်ငံခြားသားများအတွက် အခန်းခများမှာ အခန်းအလိုက် တစ်ရက်လျှင် ဒေါ်လာ(၅၀)၊ (၆၀)၊ (၁၃၀)သတ်မှတ်ထားကြောင်း၊ အခန်းအဆင့်အမျိုးအစားအလိုက် မြန်မာငွေဖြင့် တစ်ယောက်ခန်း ကျပ်နှစ်သောင်း၊ နှစ်ယောက်ခန်းမှာ ကျပ်ငွေ နှစ်သောင်းခွဲသတ်မှတ်ထား၍ မိသားစု(၅)ယောက်ခန်း တစ်ခန်းမှာ ကျပ်ငွေခြောက်သောင်းကျပ် သတ်မှတ်ထားကြောင်း ဟိုတယ်ပိုင်ရှင် ဦးကျော်ဝင်းမှ ပြောဆိုသည်။

No comments:

Post a Comment