Pages
▼
Wednesday, September 19, 2012
`မကွေးတိုင်းဒေသကြီး မကွေးမြို့အဆင့်မြင့်မြို့တော်ခမ်းမ စတင်ဖွင့်ပွဲအား (၁၉)ကြိမ်မြောက် အဆို အက အရေး အတီးပြိုင်ပွဲ နှင့် ပူးတွဲ၍ ဖွင့်ပွဲအခမ်းအနားကျင်းပ´
(၁၃-၉-၂၀၁၂)နေ့ နံနက်(၉)နာရီအချိန်တွင် မကွေးမြို့ ပြည်တော်သာရပ်ကွက် အထက(၁)လမ်းပေါ်ရှိ မကွေးမြို့အဆင့်မြင့်မြို့တော်ခမ်းမတွင် မကွေးတိုင်းဒေသကြီး (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲနှင့် အဆင့်မြင့်မြို့တော်ခမ်းမဖွင့်ပွဲ ကျင်းပကြောင်း သတင်းရရှိပါသည်။ အဆိုပါ အဆင့်မြင့်မြို့တော်ခမ်းမကြီးမှာ ယခင်ကတည်ရှိခဲ့သော မြို့တော်ခမ်းမအား မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဌာနမှ ငွေကျပ်သိန်းပေါင်း(၃)ထောင်ကျော် သုံးစွဲ၍ အကြီးစားအဆင့်မြင့်(ခေတ်မီ စတိတ်ခုံကြီးဖြစ်အောင် အသံလုံ၊ အအေး ခန်းမကြီး) အဖြစ် သန့်ရှင်းသပ်ရပ်စွာ ဖျော်ဖြေရေးပွဲများကျင်းပနိုင်ရန် ပြုပြင်ခဲ့ကြောင်း၊ မင်္ဂလာအခမ်းအနားများ၊ ကုမ္ပဏီများမှ မိတ်ဆက်ပွဲများ၊ စာပေ ဂီတ အနုပညာဖျော်ဖြေရေးပွဲများအား ဈေးနှုန်းအသီးသီးသတ်မှတ်၍ လက်ခံ ဆောင်ရွက်ပေးသွားမည်ဟု သက်ဆိုင်ရာမှ စုံစမ်းသိရှိရပါသည်။
မင်္ဂလာအခါတော် ကျရောက်ချိန်တွင် မကွေးမြို့ အဆင့်မြင့်မြို့တော်ခမ်းမ ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ မှ စက်ခလုပ်နိုပ့်၍ ဖွင့်လှစ်ပေးသည်။ အဆိုပါ အဆင့်မြင့်မြို့တော်ခမ်းမ အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေ၀င်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနေရှင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းတို့ မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး (၁၉)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲနှင့် အဆင့်မြင့်မြို့တော်ခမ်းမဖွင့်ပွဲအား ၀န်ကြီးချုပ် သီရိပျံချီ ဦးဘုန်းမော်ရွှေ မှ အမှာစကားပြောကြား၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းအခမ်းအနားသို့ တက်ရောက်လာသူများအား ပြိုင်ပွဲဝင် အနုပညာရှင် အဖွဲ့များမှ အနုပညာများဖြင့် အသီးသီးဖျော်ဖြေပေးကြသည်။ ၎င်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မြို့မိ မြို့ဖများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးခရိုင်(၅)ခုမှ ပြိုင်ပွဲဝင် အနုပညာရှင်များ နှင့် သတင်းမီဒီယာများ (အဆင့်မြင့်မြို့တော်ခမ်းမအတွင်း) အပြည့် တက်ရောက်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment