ရွှေလမ်းငွေလမ်း ဝင်းကြည်
မြေလတ်ဂျာနယ်
Pages
(Move to ...)
Home
မာတိကာ
▼
Friday, November 15, 2013
``ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် ဥရောပနိုင်ငံခြားသားများ မကွေးမြို့သို့ရောက်လာ´´
နိုဝင်ဘာ(၁၄)ရက် ညနေ(၅)နာရီခန့်တွင် မကွေးမြို့ ပွဲကြိုရပ်ကွက် နတ်မောက်လမ်း ထိန်ထိန်သာ ဟိုတယ်(၁)သို့ ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် ဥရောပနိုင်ငံခြားသားများ ပုဂံမြို့မှ မကွေးမြို့သို့ရောက် လာပြီး ညအိပ်၍ နိုဝင်ဘာ(၁၅)ရက် နံနက်(၁၀)နာရီခန့်မှာ မကွေးမြို့မှ အောင်လံမြို့နှင့် ပြည်မြို့များသို့ ပြန်လည်ထွက်ခွါသွားကြောင်း သတင်းရရှိသည်။
အဆိုပါအဖွဲ့တွင် ခေတ်ဟောင်းမော်တော်ယာဉ်(၆)စီး နှင့်ကားပျက်လျှင်တင်ဆောင်ရန် ထော်လာဂျီတစ်စီး၊ စီမံခန့်ခွဲရေးမှူးယာဉ်တစ်စီး နှင့် သူနာပြုယာဉ်တစ်စီး စုစုပေါင်းမော်တော်ယာဉ်(၁၂)စီးပါဝင်ကြောင်းသိရသည်။ ၎င်းအဖွဲ့ကို Essence of Myanmar ( Inspiration Myanmar) Travel and Tours Coltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခိုင်ဇာနည် ဦးဆောင်လိုက်ပါကြောင်း၊ အဆိုပါအဖွဲ့နှင့်အတူ မြန်မာ့ခရီးသွားလုပ်ငန်းဌာန မှ ပြန်ကြားရေးအရာရှိ ဦးဌေးအောင် တို့အဖွဲ့မှ ကားသုံးစီးဖြင့်လိုက်ပါကြောင်းသိရသည်။
ဖော်ပြထားသော ဓာတ်ပုံပါ ကားများဖြင့် လိုက်ပါလာသူများ၏ ခရီးစဉ်ကို ဘယ်ဂျီယန်နိုင်ငံ ဘရပ်ဆဲမြို့မှ Destination U Limite Travel and Tours Coltd နှင့် Essence of Myanmar ( Inspiration Myanmar) Travel and Tours Coltd တို့ ပူးပေါင်းစီစဉ်ကြောင်းသိရသည်။ ဥရောပနိုင်ငံသားခရီးသည်များဖြစ်ကြသော ဗြီတိန်နိုင်ငံသား(၆)ဦး၊ ဘယ်ဂျီယန်နိုင်ငံသား(၉)ဦး၊ ဆွတ်ဇာလန်နိုင်ငံသားတစ်ဦး နှင့် ရုရှားနိုင်ငံသူတစ်ဦး တို့လိုက်ပါလာကြောင်း ၎င်းခရီးစဉ် တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment