
Pages
▼
Friday, November 15, 2013
ပခုက္ကူမြို့နှင့်တောင်တွင်းကြီးမြို့များတွင် သံဃာတော်များ နှင့်ဒကါများမှ OIC အားကန့်ကွက်ဆန္ဒပြကြပြီ
နို
ဝင်ဘာ(၁၅)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ပခုက္ကူမြို့ အမှတ်(၁)ပေါင်းလောင်းရပ်ကွက် ဖောင်တော် ဦးဘုရားဝန်းအတွင်း သံဃာတော်အပါး(၃၀၀)ခန့့် နှင့် ဒကာတော်များ OIC အားကန့်ကွက်ဆန္ဒပြပွဲကို သုံးနေ ရာမှာခွဲ၍ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါ OIC အားကန့်ကွက်ဆန္ဒပြပွဲကို ရဟန်ရှင်လူများသည် ဗိုလ်ချုပ်လမ်းမအတိုင်းချီတက်လာပြီး (OIC ထွက်သွား ပြတ်ပြတ်သားသားကန့်ကွက် ဆန့်ကျင်ကြ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြ ပေါ်ပေါ်ထင်ထင်တားဆီးကြ ပါစို့- ပခုက္ကူသံဃာတော်များအဖွဲ့) (OIC အလိုမရှိ၊ OIC ထွက်သွား၊ OIC လက်ခံထားမှုဖျက်သိမ်းပေး၊ ဘာသာအရေး သွေးမအေးနဲ့ အရေးကြီးက သွေးနီးကြဟေ့၊) (ပခုက္ကူသံဃာတော်များ၏ ဆန္ဒ STOP ALL WAY ဗုဒ္ဒဘာသာလူမျိုး နိုင်ငံကာကွယ်စောင့်ရှောင့်ကြ၊ WE DON’T WANT OIC. အစ္စလန်ပူပေါင်းရေးအဖွဲ့အလိုမရှိ၊ ပခုက္ကူသံဃာတော်များ)။ STOP OIC မြန်မာနိုင်ငံတွင် OIC အလံမစိုက်မခံနိုင်ပါ။)(ခိုးဝင်ဘင်္ဂါလီသည် တိုင်းရင်း သားမဟုတ်- မြန်မာပြည်တွင်းအရေးကို ပြည်ပနိုင်ငံများမှ ၀င်ရောက်စွက်ဖက်ခွင့်မပြု- မြန်မာပြည်အတွင်း OIC ရုံးစိုက်ခွင့်မပြု၊ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်းလိုက်နာပါ- ခိုးဝင်ဘဂ်ါလီများကို အစ္စလန်နိုင်ငံများသို့ ခေါ်သွားကြ၊ OIC ကို အလိုမရှိ၊ ပခုက္ကူသံဃာတော်များ) စသည့် ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ချီတက်လာကြပြီး ဖောင်တော်ဦးဘုရားဝန်းအတွင်းမှာ စုဝေးကြသည်။
OIC အရေးလက်မနှေးကြရေး ဆန္ဒဖော်ထုတ်မှု အခမ်းအနားပြုလုပ်ကြသည်။ ဆရာတော်ဦးဥတ္တရ မှ စတင်သြ၀ါဒမိန့်ကြားခြင်း၊ ပခုက္ကူဆရာတော်များ၏ ကြေငြာချက်အား ဆရာတော်ဦးဇ၀န က ဖတ်ကြားခြင်း၊ ပခုက္ကူကြွေးကြော်သံများကို ဆရာတော်ဦးကောသလ္လ က ဖတ်ကြားကြောင်း၊ တက်ရောက်လာ သောရဟန်း ရှင်လူများမှ သံပြိုင်ရွတ်ဆိုကြကြောင်း၊ ဗုဒ္ဒသာသနာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တန့်အောင် (ဗုဒ္ဒသာသနံ စိရံတိဌတု) သုံးကြိမ်ရွတ်ဆိုပြီး ညနေ(၆)နာရီခန့်တွင် အခမ်းအနားပြီးကြောင်း တက်ရောက်သူ သံဃာပျိုတစ်ပါး က ပြောကြားသည်။
အလားတူ နိုဝင်ဘာ(၁၅)ရက်နေ့ နေ့လည်(၁)နာရီမှ (၁း၃၀)နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့ ရွှေအင်းတောင်စေတီ ရင်ပြင်ပေါ်တွင် သံဃာတော်အပါး(၃၀)ခန့် နှင့်လူအင်အား(၁၅)ဦးခန့်တို့သည်လည်း OIC အလိုမရှိ၊ OIC အားကန့်ကွက်ကြသည် စသည့်ဆုတောင်းပွဲပြုလုပ်ပြီး ရွှေအင်းတောင်စေတီအားတစ်ပတ် ပါတ်၍ ဆုတောင်းကြကြောင်း တောင်တွင်းကြီး မှ ဦးလှဖုန်းဦး က ပြောကြားသည်။
(ဖောင့်မရ၍ သတ်ပုံမှားခြင်းသီးခံပါ)

No comments:
Post a Comment