Pages

Tuesday, March 25, 2014

မင်းဘူးမြို့နယ်အတွင်းရှိကျေးရွာများသို့ နယ်လှည့် အခမဲ့ ဆေးဝါးကုသ




မင်းဘူး      မတ်      ၂၅
          မကွေးတိုင်းဒေသကြီး၊ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် စေတနာရှင် အလှူရှင်များ၏ ပံ့ပိုး ကူညီစီစဉ်မှုဖြင့် ကျေးရွာများအရောက် နယ်လှည့်အခမဲ့ဆေးဝါးကုသ ပေးခြင်း လုပ်ငန်းကို  မင်းဘူး(စကု)မြို့နယ် ၊မုန်တောင်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်လျက်ရှိရာ မုန်တောင် ကျေးရွာ အနီးရှိ ကျေးရွာ(၁၂)ရွာမှ ဝေဒနာရှင်များ လာရောက် စမ်းသပ် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။

          အဆိုပါ အခမဲ့ဆေးဝါးကုသပေးနေမှုအား မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်ဌေး တို့ လာရောက်ကြည့်ရှုအားပေးပြီး ဆေးဝါးကုသမှုခံယူနေသော ဒေသခံပြည်သူများ ၏ နေထိုင်ရေးနှင့် စားသောက်ရေး အဆင်ပြေစွာ တည်ခိုစားသောက် နိုင်ရန် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
          မကျီးသုံးပင်ကျေးရွာမှ ခွဲစိတ်ကုသရန် လာရောက်သော ဝေဒနာရှင်တစ်ဦးမှ အကြိတ်ဖြစ်နေလို့ ခွဲစိတ် ဖို့လာတာပါ၊ဖြစ်တာကြာပြီး၊ မြို့တက်ကုသစရိတ်မတတ်နိုင်လို့ ဒီတိုင်ပဲနေလာတာ၊ ယခု အခမဲ့ဆေးဝါးကုသပေး တဲ့အဖွဲ့မှာ ခွဲစိတ်လည်းကုသပေးတယ် သိရလို့ စာရင်းပေးပြီးလာခဲ့တာ၊ ငွေကြေးတစ်ပြားတစ်ချပ်မှ မကုန်ဘူး၊ ဝေဒနာပျောက်သည်အထိ ဆေးဝါးကအစ တာဝန်ယူကြတယ်၊ အခုလို့ ကျေးရွာအရောက် နယ်လှည့် အခမဲ့ ဆေးဝါး ကုသခွဲစိတ်ပေးတဲ့အဖွဲ့နဲ့ စီစဉ်ပေးတဲ့အဖွဲ့အစည်းတွေကို ညစဉ် ဆုတောင်းမေတ္တာပို့မိပါတယ်၊ အခုလည်း အရမ်းဝမ်းသာကြည်နှုးနေမိတယ်၊ ဟု ၀မ်းသာပီတိ မျက်ရည်များဖြင့် ပြောကြားခဲ့သည်ကိုလည်းသိရှိ ခဲ့ရသည်။

          နယ်လှည့်အခမဲ့ဆေးဝါး ကုသပေးသည့်အဖွဲ့အား ဒေါက်တာသန်းဦး(သင်ကြားရေးဆေးရုံအုပ်ကြီး-ငြိမ်း)နှင့် မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦးတို့မှ ဦးဆောင်၍ ကုသပေးကြပြီး မုန်တောင် တိုက်နယ်ဆေးရုံတွင် ခွဲစိတ်နှင့် အထွေထွေရောဂါဝေဒနာရှင်(၄၁၆)ဦး၊မျက်စိခွဲစိတ်ဝေဒနာရှင်(၂၅)ဦး တို့အားကုသပေးလျက် ရှိကြောင်း မတ်လ(၂၅)ရက်နေ့မှ ဧပြီလ(၂)ရက်နေ့အထိ မုန်တောင်ကျေးရွာ၊ နန်းတော်ကုန်းကျေးရွာ၊လက်ပံတောကျေးရွာ မုတ်ခဲကျေးရွာ၊ ကံကုလားကျေးရွာနှင့် မင်းလှကျင်း ကျေးရွာတို့အား  ကျေးရွာအရောက် နယ်လှည့်သွားရောက် အခမဲ့ ကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ   -   ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)

No comments:

Post a Comment