Pages

Tuesday, March 25, 2014

မကွေးမြို့ မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲ




ယနေ့ မတ်လ၊ ၂၅ ရက်၊ နံနက် ၉း၀၀ နာရီက စတင်ပြုလုပ်ခဲ့သည့် မကွေးမြို့ မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲကို တားမြစ်မှုများကြားမှ နံနက် ၁၀း ၄၅ နာရီတွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြသည်။
 
မကွေးမြို့ လူထုဆန္ဒဖော်ထုတ်ပွဲကို မကွေးမြို့ ဒေသခံများက သက်ဆိုင်ရာတာဝန်ရှိသူများထံ ဥပဒေနည်းလမ်းတကျ ကြိုတင် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ပေ။ ထို့ပြင် ယနေ့ လူထုဆန္ဒဖော်ထုတ်ပွဲပြုလုပ်နေချိန်တွင်လည်း ရဲတပ်ဖွဲ့မှ သုံးကြိမ်တိုင် တားမြစ်ခဲ့သည်။


တားမြစ်မှုများကြားမှပင် မကွေးမြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နံနက် ၁၀း၄၅ နာရီ၌ မကွေးမြို့၊ အေးစေတီ ဓမ္မာရုံရှေ့၊ ကန်သာဈေး အနီးတွင် လူထုဆန္ဒဖော်ထုတ်ပွဲကို ငြိမ်းချမ်းအောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ကြသည်ဟု သတင်းရရှိသည်။
`` ကျွန်တော်တို့ ဒီနေ့မှာ ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ဆန္ဒပြဖို့ ကြိုတင်ဖိတ်ခေါ်ထားပြီးသားပါ။ လူထုတွေအပါအ၀င် အင်အား ထောင်ဂဏန်း ကျော်ခန့်ပါရှိမယ်။´´ ဟု ဆန္ဒပြသူ ၈၈(ပွင့်လင်းမကွေး) အဖွဲ့ဝင်တစ်ဦးက ပြောသည်။


၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို အပါအ၀င် ရှစ်ဦးသည်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မကွေးမြို့၊ ဒေသခံများ၏ ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။
သတင်းနှင့် (ဓာတ်ပုံများ  ၈၈ ပွင့်လင်း မကွေး)

No comments:

Post a Comment