မကွေး မေ
၁၂
မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းနားကို မေလ(၁၁)ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမ
တွင်ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဝင်းမောင်မှ တိုင်းဒေသကြီးအတွင်း
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် တိရစ္ဆာန်ရောဂါကာကွယ်/ကုသရေးလုပ်ငန်းစဉ်များ
မေထုန်မဲ့ သားစပ်လုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေး
ချေးငွေဖြင့် မွေးမြူရေး ကောင်ရေများအောင်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ယခုအစည်းအဝေးကို
ပြုလုပ်ရခြင်း ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးများမှ
တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးရုံး ကဏ္ဍအလိုက် တာဝန်ခံများမှ လုပ်ငန်းဆိုင်ရာကိစ္စလိုအပ်သည်များ ကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး
တိုင်းဒေသကြီးဦးစီးမှူး မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအတွင်းရှိ
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ခရိုင်/မြို့နယ် ဦးစီးမှူး များတက်ရောက် ဆွေးနွေးခဲ့ကြပြီး
လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားနည်းချက်/အားသာချက် များကို သုံးသပ်ပြီး ယခုနှစ်
လုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်အောင်မြင်အောင်ဆောင်ရွက်သွားနိုင်ရေးနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကြိုးပမ်းလုပ်ဆောင်သွားနိုင်ရေး အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဖုန်း 0933248014
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
No comments:
Post a Comment