Pages

Monday, May 12, 2014

အလှူမင်္ဂလာပွဲများမှ ထမင်းပေါင်းအိုးကြီးများ




ပွင့်ဖြူ       မေ       ၁၂
          မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အလှူမင်္ဂလာပွဲများပြုလုပ်ရာ၊ကြွရောက်လာ သောဖိတ်ကြားထားသည့် ဧည့်သည်တော်များအားကျွေးမွေးဧည့်ခံရန်အတွက် ယခင်က ကျေးလက်ဒေသဓလေ့ ရိုးရာအရ အိမ်ရှင်မများမှ တစ်ပြည်ဝင် ဒန်အိုးများဖြင့် ၀ိုင်းဖွဲ့ ချက်ပြုတ်ကြရသည်။
          ယခုအခါ ဆန် တစ်တင်းကို တစ်ပြိုင်တည်း ပေါင်းနိုင်သော ပေါင်းအိုးကြီးများဖြင့် ဧည့်ခံကျွေးမွေးမည့် အချိန်ကို တွက်ချက်၍ ကြိုတင်ဆောင်ရွက်ခြင်းဖြင့် လူကုန်သက်သာ၊ထင်းကုန်သက်သာသည့်အပြင့် အချိန်ကိုပါ သက်သာစေသည်။ထမင်းပေါင်းအိုးကြီးများကို မြေကျင်းမီးဖိုးပြုလုပ်၍ ဒယ်အိုကြီးတစ်လုံးတွင် ရေထည့်တည်ကာ သံဒေါက်စင်တင်ပြီး ဒန်ဗျပ်တစ်ခုလျှင် ဆန် (၁)ပြည်ခွဲ ရေချိန်ထည့်ရသည်။ သံဒေါက်စင်ပေါ် မှုတည်၍ ဆန်(၈)ပြည်ဝင်၊တစ်တင်း(၁၆-ပြည်)၀င် ဟုအရွယ်အစားကွာခြားမှုရှိသော်လည်း ထမင်းကျက်သည့် ပေါင်းချိန်(၄၅)မီနစ်ခန့်သာ အချိန်ပေးရသည်။ထင်းလောင်းစာကို အရွယ်သင့်တော် ထင်း (၃)ချောင်းခန့် မီးထိုးပေးရုံဖြင့် လုံလောက်ပြီး ယောင်္ကျားသား (၂)ဦး ဖြင့် ဆောင်ရွက်နိုင်သည်။ကျေးလက်ဒေသ များ၏ အလှူမင်္ဂလာပွဲများတွင် ထမင်းပေါင်းအိုးကြီးများ တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

သူရထွန်း(မကွေး)
သတင်းပေးပို့သူ   -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
မှတ်ပုံတင်အမှတ်       ၈/ပဖန(နိုင်)၀၆၉၉၇၈
ဖုန်း                        0933248014


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)


No comments:

Post a Comment