Pages

Monday, May 12, 2014

သရက်ချဉ်လုပ်ငန်းဖြင့် မိသားစုဝင်ငွေတိုးပွားရရှိ




ပွင့်ဖြူ      မေ      ၁၂
          မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ်၊ဒေးဒရဲကျေးရွာတွင် ရာသီပေါ်သရက်သီးများကို ဆွတ်ခူး၍ သရက်ချဉ်အိုးသိပ်ထားရှိခြင်းဖြင့် မိသားစုဝင်ငွေ တိုးပွားရရှိလျက်ရှိသည်။

          သရက်ချဉ်အိုးသိပ်ထားရှိရန် သရက်သီးစိမ်းများကို ခူးဆွတ်၍ သံခြစ်ဖြင့် ခြစ်ယူပြီး ဆားနှင့်နှယ်ကာ ပိဿာ(၅၀)၀င် စင်အိုးကြီးများဖြင့် (၃)ရက်ကြာ ဆားရည်စိမ်ထားရှိရသည်။၎င်းနောက် ဆားရည်စိမ်သရက်ချဉ်များကို ဆယ်ယူ၍ ပျဉ်ဇလားကြီးများတွင်ထည့်ကာ ကျောက်တုံကြီးများဖြင့်(၃)ရက်ကြာ (ကျောက်ချခြင်းဟုလည်းခေါ်သည်)ဖိထားရသည်။ထို့နောက် ကျောက်ချပြီး သရက်ချဉ်များကို ဖော်ယူ၍ ဆားဖြင့် ထပ်နှယ်ကာ ပိဿာ(၅၀)၀င် စင်အိုးများတွင်တစ်လွှာချင်း ထည့်၍ ချဉ်ရည်ကုန်သည်အထိ နင်းသိပ်ကာ ပိုးလောက်လန်းများ မ၀င်နိုင်အောင် ပလပ်စတစ်များဖြင့် လေလုံသည်အထိ စည်းထားပြီး မြေကျင်းအနည်းငယ်တူး၍ မှောက်ထားကြသည်။သရက်ချဉ်စင်အိုးကြီးများကို တစ်နှစ်ပတ်လည်အထိထားရှိနိုင် ပြီး ၀ါတွင်းကာလ အလှူကထိန်ရာသီချိန်တွင် စင်အိုးလိုက်ဖြစ်စေ၊ပိဿာချိန်ဖြင့်ဖြစ်စေ ဖော်ယူရောင်းချကြ သည်။စင်အိုးတစ်လုံးတွင် သရက်ချဉ်(၅၀)ပိဿာ ပါရှိ၍ တစ်ပိဿာ(၁၅၀၀ိ/-)ကျပ်နှုန်းဖြင့် သရက်ချဉ်အိုး တစ်လုံးကို (၇၀၀၀၀ိ/-)ကျပ်ထိ ရောင်းချကြသည်။အိုးကြီးသိပ်သရက်ချဉ် ဟုလည်းခေါ်သည်။တစ်အိမ် ထောင် လျင် သရက်ချဉ်အိုး (၂၀၀)ခန့်အထိ သိပ်ထားကြပြီး သရက်ချဉ်ခြစ်သူများကို (၁၆)ပြည်ဆံ့သရက်သီး တစ်တင်းကို ခြစ်ခ(၄၀၀)ကျပ် ပေးရသည်။

          သရက်သီးရာသီချိန်တွင် ဒေးဒရဲကျေးရွာရှိ မိသားစုများမှာ သရက်ချဉ်ခြစ်အလုပ်များဖြင့် အပိုဝင်ငွေ ရရှိကြ ပြီး အိုးကြီးသိပ်နိုင်သူများအတွက်လည်း အပိုဝင်ငွေ တိုးပွားရရှိလျက်ရှိကြောင်းသိရသည်။
တင်ထွန်းဦး
သတင်းပေးပို့သူ     -    ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
မှတ်ပုံတင်အမှတ်         ၈/ပဖန(နိုင်)၀၆၉၉၇၈
ဖုန်း                       0933248014


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ။)


No comments:

Post a Comment