မကွေး မေ
၁၂
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ
ကြီးမှူးဖွင့်လှစ်သော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေး ဖွံ့ဖြိုးရေးဆိုင်ရာ
သင်တန်းဆင်းပွဲကို မကွေးမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း တွင် မေလ(၁၂)ရက်နေ့
နံနက်(၈)နာရီက ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီး ဌာန လက်ထောက်ညွန်ကြားရေးမှူး
မှ ကလေးသူငယ်များကို မှန်ကန်သော စိတ်ဓါတ်အခြေခံသည့် ကာယ၊ဥာဏ၊စာရိတ္တ၊လူမှုဆက်ဆံရေး ဘက်စုံ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖွံ့ဖြိုးရေး စံနှုန်းများနှင့်အညီ ပြုစုပျိုး ထောင်ပေးရန်လိုအပ်ကြောင်း
စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းတက်ရောက်ခဲ့သော ဆရာမများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ သင်တန်းသူ ဆရာမတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာသင်တန်းသူများ
မှ ကဗျာ/သီချင်းများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်
သင်တန်းဆရာမများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဧပြီလ(၂၃)ရက်နေ့မှ မေ(၁၂)ရက်နေ့အထိ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှ
ဆရာမ(၉၁)ဦးတို့အား သင်ကြားပို့ချခဲ့ကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဘာသာရပ်၊ပြုစုရေးနှင့်
ဖွံ့ဖြိုးရေးဆိုင်ရာဘာသာရပ်၊အဟာရနှင့်ကျန်းမာရေး၊ရှေးဦးသူနာပြုစုနည်း၊မီးဘေး အန္တရာယ်ကာကွယ်နည်းနှင့်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချခဲ့ကြောင်း
သိရှိရသည်။
သူရထွန်း(မကွေး)
သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(တိုင်းဒေသကြီးပြန်/ဆက်)
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
No comments:
Post a Comment