Pages

Friday, May 23, 2014

မိုးကြိုနှမ်းများ မိုးမရွာ၍ ရေပက်ဖြန်းနေရ




ပွင့်ဖြူ     မေ    ၂၂
          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်ရေသောက် ဖြင့် စိုက်ပျိုးထားသော နှမ်းခင်းများသည် အောင်မြင်ဖြစ်ထွန်းနေသော်လည်း ရာသီဥတု ပူပြင်လွန်းကာ မိုးမရွာသဖြင့် နှမ်းပင်များ ဆက်လက်အောင်မြင်ဖြစ်ထွန်းနိုင်ရန် မြောင်းမကြီးများမှ ရေကိုသွယ်ယူ၍ စက်များဖြင့် စုတ်ယူပက်ဖြန်းပေးနေ ရသည်။

          မိုးကြိုနှမ်းများကို ဧပြီလဆန်းပိုင်မှစတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် အဖူးအပွင့်များဝေဆာစွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသော်လည်း မိုးမရွာ၍ ရေစုတ်စက်များဖြင့် (၃)ရက်တစ်ကြိမ်၊နံနက်(၆)နာရီမှ နေ့လည်(၁၂)နာရီအတွင်း ပုံမှန် ပက်ဖြန်းပေးနေရကြောင်း၊ယခုနှစ် မိုးဦးကာလမှာ မိုးမရွာသဖြင့် မိုးကြိုနှမ်း စိုက်တောင်သူအများ စိုက်ပျိုးစရိတ်အပြင်  ရေပက်ဖြန်းရသည့် စရိတ်များပါ ကုန်ကျနေရကြောင်း သိရှိရသည်။
ထွန်း-ပွင့်ဖြူ
သတင်းပေးပို့သူ   -    ဦးတင်ထွန်းဦး(မကွေး)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
 
https://www.winkyi.net
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

No comments:

Post a Comment