မကွေးတိုင်းဆေးရုံ၌ မေ(၁၁)ရက်နေ့က
ခွဲစိပ်မွေးဖွားပေးခဲ့ရသော မကွေးမြို့နယ်၊ ကန်တောင်ကျေးရွာနေ ဦးသိန်းလွင်+ဒေါ်ဝင်း(၃၆)နှစ်
၏ သုံးမွှာပူးယောက်ျားလေးများအတွက် မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ
ဒေါ်နွယ်နွယ်ဦးနှင့်အဖွဲ့က ၎င်းတို့နေထိုင်သော ကန်တောင်ကျေးရွာသို့ မေ(၂၁)ရက်နေ့တွင် သွားရောက်လှူဒါန်းကြောင်း
သတင်းရရှိသည်။
``ကျမတို့က ဆင်းရဲသားတွေပါ၊
ဒီကလေးတွေကိုမွေးဖွားဖို့ ရွာကငွေစုပြီးပေးခဲ့ပါတယ်၊ မွေးပြီးတော့လည်း ဟိုကလာလှူ ဒီကလာလှူကြလို့
ဝမ်းသာပြီးမျက်ရေတောင်ကျပါတယ်၊ သားသုံးမွှာရဲ့ကံပေါ့လေ..၊ အလှူရှင်တွေ ကို ကျေးဇူးတင်ပါတယ်။´´
ဟု ကလေးများ၏ မိခင် ဒေါ်ဝင်း က ပြောသည်။
သုံးမွှာပူးမွေးဖွာသော
ကလေးများ၏မိဘများသည် ဆင်းရဲနွမ်းပါးသူများဖြစ်ကြောင်း၊ ၎င်းတို့အား မွေးဖွား ရန်အတွက်
ကန်တောင်ကျေးရွာရှိ မိဘပြည်သူများက ငွေများစုပေါင်းလှူဒါန်းပြီး မကွေးတိုင်းဆေးရုံးသို့
တစ်လကြိုတင်၍ ဆေးရုံတက်ခဲ့ရကြောင်း သိရသည်။ မေ(၁၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်၌
ခွဲစိပ်မွေးဖွား ခဲ့ရာ ယောက်ျားလေး သုံးမွှားပူးအား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း၊
ကလေးတစ်ဦးစီလျှင် ပေါင်ချိန် ငါးပေါင်၊ ခြောက်ပေါင်၊ ခုနှစ်ပေါင်စီရှိပြီး အသက်ရှင်
ကျန်းမာလျှက်ရှိကြောင်း၊ မေ(၁၃)ရက်နေ့တွင် မကွေးတိုင်း ဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ
ငွေကျပ်တစ်သိန်းလှူဒါန်းကြောင်း၊ မေ(၁၈)ရက်နေ့က မကွေး တိုင်းဆေးရုံကြီးမှ မိမိတို့ရွာသို့
ပြန်လည်ဆင်းသွားခဲ့ကြောင်း၊
မေ(၂၁)ရက်နေ့မှာ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ
ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ဦးနှင့်အဖွဲက ၎င်းတို့ရွာသို့ သွားရောက်၍ ငွေကျပ်ငါးသိန်း၊
Marie Stope International (MSI) က ဆေးနှင့်ဆေးပစ္စည်းများ နှင့် Save the
Children. မှ ကလေးအနှီးများ လှူဒါန်းကြကြောင်း၊ ၎င်းသုံးမွှာပူးကလေးများ၏ ဘ၀ရှေ့ရေးအတွက်
လှူဒါန်းလိုသူများကို မကွေးမြို့နယ် ကန်တောင်ကျေးရွာရှိ မိဘများနှင့် တိုက်ရိုက်ချိန်ဆက်ပေးမည်ဖြစ်ကြောင်း၊
မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ (ဖုန်း
၀၆၃-၂၈၃၃၈)ရုံးသို့ ဆက်သွယ်လှူဒါန်းနိုင် ပါကြောင်း သတင်းရရှိသည်။
ဝိုင်းကြည်အောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
https://www.winkyi.net
No comments:
Post a Comment