Pages

Tuesday, May 27, 2014

လေကြောင်းလူငယ်သင်တန်းဆင်းပွဲကျင်းပ




မကွေး      မေ       ၂၅
          မကွေးတိုင်းဒေသကြီးအတွင်းရှိ  ကျောင်းသား/ကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်များတွင် လေကြောင်းနှင့် အာကာသပညာရပ်များကို လေ့လာသင်းကြား၍ လေယာဉ်ပျံသန်းမှုနှင့်သက်ဆိုင်သည့် ပညာရပ်များ တတ်သိနားလည်စေရန်နှင့် စိတ်ဓာတ်၊စည်းကမ်း၊ကိုယ်လက်ကြံ့ခိုင်မှုကောင်းမွန်ပြီး အနာဂတ် နိုင်ငံတော်အတွက် မျိုးဆက်သစ် အမျိုးသား၊အမျိုးသမီးလေကြောင်းပညာသည်များ ပေါ်ထွန်းလာ စေရေးအတွက် ရည်ရွယ်ကာ မကွေးလေတပ်စခန်းဌာနချုပ်မှ ကြီးမှူးဖွင့်လှစ်သော အမှတ်စဉ်(၁/၂၀၁၄) လေကြောင်းလူငယ်သင်တန်းဆင်းပွဲအခမ်းအနားအား မေလ(၂၅)ရက် နံနက်(၈)နာရီအချိန်က မကွေးမြို့ အ.ထ.က(၃)ကျောင်းရှိ အစည်းအဝေးခမ်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားတွင် မကွေးလေတပ်စခန်း ဌာနချုပ်မှူုး ဗိုလ်မှူးချုပ် အောင်ဆန်းဝင်းမှ သင်တန်းဆင်မိန့်ခွန်းပြောကြာပြီး သင်တန်းသား/သူများအား သင်တန်းဆင်း အောင်လက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

          ထို့နောက် ထူးချွန်ဆုရ ကျောင်းသားများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

          အဆိုသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အခြေခံပညာအထက်တန်း ကျောင်းသား/သူ (၂၅)ဦးတက်ရောက်သင်ကြားခဲ့ပြီး လေကြောင်းဆိုင်ရာ အခြေခံသဘောတရာများ၊ လေကြောင်းသမိုင်းများ၊ လေယာဉ်ကိုယ်ထည်တည်ဆောက်မှုအခြေခံများ၊ လေယာဉ်စက်အစိတ်အပိုင်းဆိုင်ရာ တည်ဆောက်မှုအခြေခံများနှင့် လေယာဉ်ပုံစံငယ်တည်ဆောက်မှု အခြေခံစာတွေ့ လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရှိရသည်။

တင်ထွန်းဦး
သတင်းပေးပို့သူ   -    ဦးတင်ထွန်းဦး(မကွေး)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
https://www.facebook.com/myaylatmedia
 
https://www.winkyi.net
 
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) ပါ ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ

No comments:

Post a Comment