Pages

Wednesday, June 18, 2014

ကံမမြို့နယ်တွင် ဆေးဝါး အခမဲ့ ကွင်းဆင်းကုသ




ကံမ      ဇွန်     ၁၇
          မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဇွန်လ(၁၆)ရက်နေ့က မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှုဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံးကြီးမှ အထူးကုသမာတော်ကြီးများနှင့် ဆရာဝန်ကြီးများမှ ကွင်းဆင်း၍ အခမဲ့ဆေးဝါးများကုသပေးခဲ့သည်။


          အဆိုပါဆေးဝါးအခမဲ့ကုသနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စမ်းစမ်းမြင့်၊ ဥက္ကဋ္ဌ ဒေါ်သင်းသင်းထွေးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆေးဝါးကုသမှုများ အတွက် အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း ထောက်ပံ့ခဲ့သည်။

          ကံမမြို့နယ် အခမဲ့ဆေးဝါးကုသမှုတွင် မျက်စိဝေဒနာရှင် (၄၇၅)ဦး လာရောက်ပြသ စမ်းသပ်ပေးခဲ့ပြီး ဇွန်လ(၂၃)ရက်နေ့မှ(၃၀)ရက်နေ့အတွင်း မျက်စိဝေဒနာရှင် (၃၈)ဦးအား အခမဲ့ခွဲစိပ်ကုသပေးသွားမည် ဖြစ်ကြောင်း၊အထွေထွေရောဂါဝေဒနာရှင်(၈၉၅)ဦး၊ အရိုး/အကြောဝေဒနာရှင်(၂၄၇)ဦး၊ကလေးဝေဒနာရှင် (၄၀)ဦး၊ နား/နှာခေါင်းနှင့်လည်ချောင်းဝေဒနာရှင်(၁၀၈)ဦး၊ သားဖွားမီးယပ်(၇၆)ဦး၊သွားဝေဒနာရှင်(၁၇၁)ဦး၊ ခွဲစိပ်ကုသဝေဒနာရှင်(၆၃)ဦး ၊နှင့် တိုင်ရင်းဆေးဝါးကုသဝေဒနာရှင်(၁၁၀)ဦး  စုစုပေါင်းဝေဒနာရှင်(၂၁၈၅)ဦး တို့အား အခမဲ့ကုသပေးခဲ့ကြောင်း သိရှိရသည်။

သူရထွန်း(မကွေး)

စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)

No comments:

Post a Comment