Pages

Wednesday, June 18, 2014

``မကွေးမြို့နယ်တရားရုံး၌ မကွေးတိုင်းNLD ပါတီအတွင်းရေးမှူး ဦးနေမျိုးကျော်အား ရပ်ကျေးဥပဒေပုဒ်မ(၂၇) ဖြင့် တရားစွဲဆို၍ စတင်စစ်ဆေးပြီ´´




မကွေးမြို့၊ ကန်သာရပ်ကွက်၊ အေးစေတီဘုရားကွင်း၌ ပြီးခဲ့သော ဇွန်(၉)ရက်နေ့တွင် ၂၀၀၈ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲကို သက်ဆိုင်ရာအာဏာပိုင်များမှ ခွင့်မပြုသော် လည်း လူထုတစ်သောင်းကျော်ခန့်ဖြင့် မကွေးတိုင်းNLDပါတီ နှင့် ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး) တို့က အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ အဆိုပါပွဲ၌ NLDပါတီ ဗဟိုကော်မတီအထောက်အကူပြုအဖွဲ့ဝင် ဥပဒေပညာရှင် တရားလွှတ်တော် ရှေ့နေဦးအောင်သိန်း၊ ကိုဌေးကြွယ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့အစည်း (ရန်ကုန်)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်မိုးညို(ပွင့်ဖြူမြို့နယ်) နှင့် မကွေးတိုင်းNLD အတွင်းရေးမှူး ဦးနေမျိုးကျော်တို့ ဟောပြောခဲ့ကြောင်း၊ ၎င်းဟောပြောပွဲ အပြီးတွင် ကန်သာရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးခင်မောင်ဝင်း မှ တရားလိုပြု လုပ်၍ ဟောပြောပွဲကို ဦးဆောင် ကျင်းပခဲ့သူ မကွေးတိုင်းNLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် အား ရပ်ကျေး ဥပဒေပုဒ်မ ၂၇ ( အသံချဲ့စက်ခွင့်ပြုမိန့်မယူမှု) ဖြင့် တရားစွဲဆို ခဲ့ကြောင်း မဇ္ဈိမ က သတင်းရရှိခဲ့သည်။


`` ကျွန်တော့်ကို တရားသူကြီးက ဘယ်သူကတရားစွဲတယ်ဆိုတာ ဖတ်ကြားပြပါတယ်။ ကျွန်တော့မှာ အပြစ်ရှိတယ်၊ ၀န်ခံမယ်ဆိုရင်တော့ ယနေ့တခါတည်းဆုံးဖြတ်ပေးမယ်ပြောတယ်၊ ငြင်းဆိုမလားဆိုတော့ ငြင်းဆိုခဲ့ ပါတယ်၊ အပြစ်မရှိလို့ ဥပဒေနဲ့အညီ ဆက်လက်ရင်ဆိုင်ပြီး ဆောင်ရွက်သွားပါ့မယ်၊ ယနေ့တရားရုံးကို သိမ့်သိမ့်တုန်သွားအောင် လာရောက်အားပေးကြတဲ့ မကွေးလူထုကို အထူးကျေးဇူးတင်ပါတယ်။´´ ဟု မကွေးတိုင်းNLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် က မဇ္ဈိမကိုပြောသည်။


          ဇွန်၁၇ ရက်၊ နံနက်(၁၁)နာရီအချိန်ခန့်တွင် မကွေးမြို့နယ်တရားရုံး၌ မကွေးတိုင်းNLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော် အား ပြစ်မူကြီးအမှတ်(၁၇၈၃) ဖြင့် အထူးခုံရုံးခန်းတွင် တရားသူကြီး ဒေါ်ခင်လေးရီ မှ စတင်၍ စစ်ဆေးကြောင်း ၊ ဦးနေမျိုးကျော် အတွက် မြို့နယ်တရားရုံးတွင် အာမခံအဖြစ် NLD ဗဟိုကော်မတီဝင် ဦးချစ်ထွေးနှင့် မကွေးမြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး တို့က အာမခံကြောင်း၊ တရားလို ကန်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းမှာ တရားရုံးသို့တက်ရောက်ခြင်းမရှိကြောင်း၊ တရားစွဲဆိုခံရသူ ဦးနေမျိုးကျော် မှ ၀န်ခံခြင်းမရှိဘဲ ရုံးချိန်းရက် နှစ်ပါတ်တောင်းဆိုသော်လည်း နောက်တစ်ပါတ်ရုံးချိန်းရက် ဇွန်(၂၄)ရက်နေ့တွင် ထပ်မံချိန်းဆိုကြောင်း၊ ယနေ့မြို့နယ်တရားရုံးသို့ NLDပါတီဝင်များနှင့် ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)တို့မှ အင်အား တစ်ရာခန့် လာရောက်အားပေးကြည့်ရှုကြကြောင်း မကွေးမြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး က မဇ္ဈိမ ကိုပြောသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀


စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။

ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
 
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
အစိုးရသတင်းများ၊ နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့် နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

စာမူများပေးပို့လျှင် Word ဖိုင်စာတွင် ဓာတ်ပုံများပူးတွဲ၍ (ဇော်ဂျီဝမ်း) ဖောင့်ဖြင်သာ မေးလ်ဖြင့်ပို့ပါခင်ဗျာ 
uwinkyi123@gmail.com

မြေလတ်ဒေသ သတင်းစာ နှင့်ပတ်သက်၍ လိုအပ်ချက်များကို အကြံပြုစာများလည်း မည်သူမဆိုပေးပို့ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

လူကြီးမင်းတို့၏ လက်ကိုင်တယ်လီဖုန်းများ၌ Android (မြေလတ်သတင်း မီဒီယာ) App  ဆော့ဝဲကို လက်ဆင့်ကမ်း၍ အသုံးပြုပေးခြင်းဖြင့် မြေလတ်ဒေသ သတင်းစာကို အားပေးတော်မူကြပါ။

uwinkyi123@gmail.com

သတင်းတာဝန်ခံ
မြေလတ်ဒေသသတင်းစာ 
သတင်းအသစ်များအမြန်ယူနိုင်ရန်(ဖတ်ပြီးသတင်းများ ဖျက်ပေးပါ)


No comments:

Post a Comment