မကွေးမြို့၊ ရန်ဝေးရပ်၊ ပြည်တော်သာလမ်း
နှင့် အဝေရာလမ်းထောင့်ရှိ မကွေးမြို့ ကားကွင်းအတွင်းမှ ကားဂိတ်များ ခရီးသွားကုမ္ပဏီများနှင့်
မြန်မာ့အာမခံတို့ ခရီးသည်များအတွက် ခရီးသွားအာမခံ စာချုပ် ချုပ်ဆို ပြီးကြောင်း မကွေးတိုင်းဒေသကြီး၊ ပုဂ္ဂလိကပိုင် လုပ်ငန်းသုံး မော်တော်ယာဉ်လိုင်းပေါင်းစုံ
ကြီးကြပ်ရေးကော်မတီ (ယကက) ဥက္ကဋ္ဌ ဦးမြင့်စိုး
က ဇွန်၂၃ ရက်နေ့တွင် မဇ္ဈိမ ကိုပြောသည်။
ခရီးသွားအာမခံ ကုမ္ပဏီပေါင်း တစ်ဆယ့်နှစ်ခု နှင့် မြန်မာစီးပွားရေးဘဏ်
အာမခံ စုစုပေါင်း အာမခံ လုပ်ငန်း တစ်ဆယ့်သုံးခုရှိရာ မကွေးမြို့တွင် အာမခံကုမ္ပဏီနှစ်ခုနှင့်
မြန်မာ့အာမခံ တို့ အာမခံသုံးခု တို့နှင့်သာ စာချုပ်ကြ ကြောင်း၊ ကမ္ဘောဇ အာမခံဘဏ်လုပ်ငန်း
(IKBZ) နှင့် မိုင်တစ်ရာအထက် ကားဂိတ်ပေါင်း (၁၉)ဂိတ်၊ ဂလိုဘယ် ဝေါလ် (GL-W) နှင့် မိုင်တစ်ရာအထက်
ကားဂိတ်ပေါင်း (၁၈)ဂိတ်၊ မြန်မာ့အာမခံ နှင့် မိုင်တစ်ရာ အထက်၊ မိုင်တစ်ရာအောက် ကားဂိတ်ပေါင်း
(၂၅)ဂိတ် တို့ အသီးသီး အာမခံကုမ္ပဏီများ ဖြင့် ဇွန်လ အတွင်း စာချုပ်ပြီး ကြောင်း ယကက ဥက္ကဋ္ဌ မှ ဇွန်(၂၂)ရက်နေ့စာရင်းအရ သတင်းထုတ်ပြန်သည်။
`` ကျွန်တော်တို့ကားဂိတ်ကတော့
မိုင်တစ်ရာအထက် ခရီးသည်တစ်ဦး ငွေကျပ်သုံးရာ ခရီးလမ်းကြောင်း တစ်ကြောင်းအတွက် အာမခံကြေးဝယ်ယူခိုင်းပါတယ်၊
မ၀ယ်ချင်လဲ ရပါတယ်၊ ဒါပေမယ့် မ၀ယ်သူ မရှိပါဘူး၊ အားလုံးဝယ်ကြပါတယ်။ ကားလက်မှတ်ပေါ်မှာ
သက်ဆိုင်ရာ ကုမ္ပဏီအာမခံတံဆိပ်ရိုက်ပေးလိုက်ပါတယ်၊ အကယ်၍ လက်မှတ်ပေါ်မှာ တံဆိပ်မရိုက်မိလို့
မပါလည်း တရားဝင်ပါတယ်၊ ဂိတ် လက်ခံလက်မှတ် အရောင်း ဇယားမှာ ကုမ္ပဏီအမည်ပါ အာမခံတံဆိပ်တွေရိုက်ထားပြီး
ညနေ(၅)နာရီမှာ အာမခံကုမ္ပဏီတွေက ငွေလာသိမ်း ကြပါတယ်။´´ ဟု မကွေး-ရန်ကုန် အာကသ ကား ဂိတ်မှူး
ဦးမောင်မောင်လွင် က မဇ္ဈိမ ကိုပြောသည်။
ခရီးသွားအာမခံလုပ်ငန်းများသည် မိုးတွင်းကာလ ခရီးသည်နည်းပါးချိန်၌
စတင်နေရ၍ အချို့ကားဂိတ်များ က ခရီးသည်များထံ အာမခံကြေးငွေ ထပ်မံမတောင်းဘဲ မူလသတ်မှတ်ကားခထဲမှ
အာမခံကြေး ငွေသုံးရာကျပ်ကို စိုက်ပြီး ပေးဆောင်သော ကားဂိတ်များလည်း ရှိနေကြောင်း ရှေ့ဆောင်ဂိတ်ပိုင်
ဦးကျော်ဦးက မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
uwinkyi123@gmail.com
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment