မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်၊
ခွာညိုလမ်းထိပ်ရှိ ဦးအောင်ကျော်ကျော် (မြစ်ကွေ့ဧရာ လူမှုကွန်ယက်) အိမ်၌ ဇွန် ၂၂ရက်နေ့
နံနက်(၉)နာရီမှ နေ့(၁၂)နာရီအချိန်အထိ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ်
(မြေလတ် ဒေသ) အလုပ်အမှုဆောင်အသစ် ပြန်လည်ရွေးချယ်ပွဲ
ကျင်းပကြောင်း မဇ္ဈိမက သတင်းရရှိသည်။
၎င်းအဖွဲ့ကို မကွေးမြို့ပေါ်ရှိ တက္ကသိုလ် ခြောက်ခုမှ သမဂ္ဂများ၊ ရေနံချောင်း၊
ချောက် နှင့် ပခုက္ကူမြို့များရှိ ကျောင်းသားသမဂ္ဂများကို ပေါင်းစည်းဖွဲ့သော ဗကသ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (မြေလတ်ဒေသ) ဖြစ်ကြောင်း၊
လက်ရှိ တက္ကသိုလ်အသီးသီးမှာ ကျောင်းတက်နေကြသော ကျောင်းသားအဖွဲ့ဝင်များဖြင့် ၂၀၁၂ ခု
ဇွန်လ (၁၂) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊
ယခင် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ကျောင်းပြီးသွား၍ လုပ်ငန်းခွင်သို့ ၀င်ရောက်သွားကြပြီဖြစ်၍
၂၀၁၄ ဇွန်(၂၂)ရက်နေ့မှာ လက်ရှိကျောင်းသားစစ်စစ် လူငယ်ကျောင်းသား မျိုးဆက် သစ်များထံ
လွဲပြောင်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယနေ့မှစ၍ ကျွန်တော်အပါအ၀င် အလုပ်အမှုဆောင်(၁၅)ဦး
လုံးနှတ်ထွက်၍ အလုပ်အမှုဆောင်(၁၅)ဦးကို တက္ကသိုလ်အသီးသီးမှ ကိုယ်စားလှယ်အဖြစ်တက်ရောက်လာကြ
သူ ကျောင်းသား၊ကျောင်းသူ သမဂ္ဂအဖွဲ့ဝင်(၃၂)ဦးဖြင့် ပြန်လည်ရွေးချယ်ပွဲဖြစ်ကြောင်း လက်ရှိတာဝန်ယူထား
သော ဥက္ကဋ္ဌ (ဟောင်း) ကိုခန့်ထူး ကပြော သည်။
``ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားအရေးကိုအဓိထားပြီး
လုပ်ဆောင်ကြတာပါ၊ ကျောင်းသားဆိုတာ ကျောင်းရဲ့သားတွေပါ၊ ကျောင်းဆိုတာ ပြည်သူတွေဆောက်ပေးတဲ့အိမ်ပါ၊
ပြည်သူဆောက်ပေးထားတဲ့အိမ်မှာ နေကြတဲ့ ကျွန်တော်တို့ဟာ ပြည်သူတွေရဲ့သားသမီးတွေပါ၊ ဒီတော့
ပြည်သူတွေမျက်ရည်ကျရင် ကျွန်တော်တို့ ၀မ်းနည်းကြရပါတယ်။ ပြည်သူတွေထမင်းငတ်ရင် ကျွန်တော်တို့လည်း ထမင်းငတ်ကြပါတယ်။ ဆိုတော့ ကျောင်း သားအရေးကို အဓိကထားပြီးလုပ်တဲ့
ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းထားပေမဲ့ ပြည်သူတွေက လိုအပ်လို့ တောင်းဆိုလာတဲ့အခါမှာ အမျိုးသားအရေးကို ပြည်သူတွေနဲ့ အတူလုပ်ဆောင်ပေးကြမှာပါ´´။ ဟု ဥက္ကဋ္ဌ
ကိုခန့်ထူး ကပြောသည်။
၂၀၁၄ အလုပ်အမှုဆောင်အသစ်(၁၅)ဦးကို ပြန်လည်ရွေးချယ်ပေးကြပြီး ဥက္ကဋ္ဌ
ကိုဘိုဘိုလွင် (မကွေးနည်း ပညာတက္ကသိုလ်)၊ဒု ဥက္ကဋ္ဌ(၁) ကိုမျိုးကိုကိုအောင်(ရေနံချောင်းနည်းပညာတက္ကသိုလ်)၊
ဒု ဥက္ကဋ္ဌ(၂) ကိုအေထက် ကျော်(ချောက်နည်းပညာ)၊ ဘဏ္ဍာရေးမှူး မပြည့်ဖြိုးခိုင်( မကွေးတက္ကသိုလ်)၊
တွဲဘဏ္ဍာရေးမှူး ကိုကျော်ဇင်ထွန်း (မကွေးနည်းပညာ)၊ အတွင်းရေးမှူး ကိုရဲသွေးကျော် (မကွေးဆေးတက္ကသိုလ်)၊
တွဲဘက်အတွင်းရေးမှူး ကိုသိန်းဇော်မြင့်(မကွေးကျန်းမာရေးတက္ကသိုလ်) တို့ပါ အလုပ်အမှု ဆောင်(၁၄)ဦးရွေးချယ်၍
ပခုက္ကူ ကျောင်း သားသမဂ္ဂ မှ တက်ရောက်မလာသေး၍ အလုပ်အမှုဆောင် တစ်နေရာအတွက် ချန်လပ်ထားကြောင်း
အခမ်း အနားမှုး ကိုထက်ထက်ဇော် မှ သတင်းထုတ်ပြန်သည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
အစိုးရသတင်းများ၊
နိုင်ငံရေးပါတီသတင်းများ၊ ကျောင်းသားများ၊ တောင်သူလယ်သမားများ၊
အလုပ်သမားများ၊ကလေးသူငယ်များ၊လူမှုရေးအဖွဲ့အစည်းအသီးသီးမှသတင်းများနှင့်
နေ့စဉ်ထူးခြားဖြစ်စဉ်သတင်းများး ကို ပေးပို့ကြရန် လေးစားစွာဖြင့်
ဖိတ်ခေါ်အပ်ပါသည်။
uwinkyi123@gmail.com
စာလုံးပေါင်း သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment