Pages

Monday, June 23, 2014

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ



ပွင့်ဖြူ     ဇွန်     ၂၃ 
        မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၁၄-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကို ဇွန်လ(၂၃)ရက်နေ့ နံနက်(၇)နာရီအချိန်က ပွင့်ဖြူမြို့ အမှတ်(၄) ချည်မျှင်နှင့်အထည်စက်ရုံ ရှေ့တွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာနမှူး မှ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရခြင်း ၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပျော်ရွှင်စွာ စိုက်ပျိုးပေးခဲ့ကြပါသည်။ 

          အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ စက်ရုံမှူး၊ ခရိုင်သစ်တောဦးစီးဌာနမှူးနှင့် ၀န်ထမ်းများ၊ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ အင်းအား (၅၁၀)ဦးတက်ရောက်ခဲ့ကြပြီး ကံကော်၊ခရေ၊ရှား၊ရေတမာနှင့် တမာပင် စုစုပေါင်း(၅၅၀)ပင် စိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး

No comments:

Post a Comment