Pages

Wednesday, June 11, 2014

နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ




ငဖဲ       ဇွန်      ၁၁
          မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်သူ့စာကြည့်တိုက် ခန်းမတွင် ဇွန်လ (၁၁)ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။.

          အဆိုပါ အထိမ်းအမှတ်ပြပွဲတွင် သုတ/ရသစာအုပ်မျိုးစုံခင်းကျင်းပြသထား၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်၊ ကျန်းမာစေကြောင်း နည်းလမ်းကောင်း နံရံကပ်စာစောင်နှင့် မြို့နယ်အတွင်း လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများ ပြသထားရှိကာ  ပြန်/ဆက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယုယုသိန်းမှ ယခုဖွင့်လှစ်ထားရှိသောစာကြည့်တိုက်သည် ပြည်သူ့စာကြည့်တိုက်ဖြစ်ကြောင်း၊စာကြည့်တိုက်အသင်းဝင်လိုသူ များသည် အသင်းဝင်ကြေးပေးစရားမလိုပဲ သုတ/ရသစာအုပ်မျိုးစုံကို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း ၊ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းအားလပ်ချိန်များနှင့် ကျောင်းဆင်းချိန်များတွင် ပညာရေးအထောက်အကူပြု စာအုပ်စာစောင်များအား လာရောက်ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း စသည်ဖြင့် ပြပွဲသို့ လာရောက်လေ့လာသော ကျောင်းသား/ကျောင်းသူများအား ပြောကြားခဲ့ပြီး ပြပွဲအား နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီ အထိ ဖွင့်လှစ်ပြသထားရှိမည်ဖြစ်ကြောင်းသိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment