Pages

Wednesday, June 11, 2014

မကွေးမြို့တွင် Mobile Library ဖွင့်လှစ်




မကွေး       ဇွန်     ၁၁
          မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မကျီးကန်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ဇွန်လ (၁၁)ရက်နေ့ နံနက်(၇)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မကွေးမြို့နယ် သတင်းစာဆရာများအသင်းနှင့်ပူးပေါင်း၍ Mobile Library (နယ်လှည့်ရွေ့လျားစာကြည့်တိုက်)အား ဖွင့်လှစ် ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများ မှ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုခဲ့သည်။

          အဆိုပါ Mobile Library ပြသပွဲသို့ လာရောက်လေ့လာသော ကျောင်းသား/ကျောင်းသူများအား  မကွေးမြို့နယ် သတင်းစာဆရာများအသင်းမှ  စာရေးကရိယာများ အမှတ်တရ ဝေငှပေးအပ် ခဲ့ကြောင်းနှင့် ကျောင်းသား တစ်ဦးမှ  ယခုလို ခင်းကျင်းပြသသော Mobile Library  စာကြည့်တိုက်များ လစဉ်ပုံမှန် လာရောက် ဖွင့်လှစ်ပေးမည်ဆိုပါက ပညာဗဟုတ တိုးပွားရရှိပြီး ကျောင်းအားလပ်ချိန်များတွင်လည်း သုတ/ရသစာအုပ်များကို ဖတ်ရှုနေရ၍  အသိပညာများ တိုးပွားပါကြောင်း  စသည်ဖြင့် ပြောကြားခဲ့သည်ကိုလည်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

No comments:

Post a Comment