Pages

Wednesday, September 17, 2014

``ဆင်ပေါင်ဝဲမြို့နယ်မှ တောင်သူတစ်ထောင် မကွေးမြို့သို့တက်ရောက်၍ ဆန္ဒဖော်ထုတ်ကြရန်ခွင့်ပြုမိန်ရ´´


စက်တင်ဘာ ၁၇၊ မကွေး ။
သရက်ခရိုင်၊ဆင်ပေါင်ဝဲမြို့နယ်၊ `ဘရုံသစ်တောကြိုးဝိုင်းအတွင်းရှိ ကျေးရွာပေါင်း ၁၁ရွာမှ တောင်သူ ပေါင်းငါးထောင်ကျော်တို့သည်၊ ၂၀၁၄၊ စက်တင်ဘာ ၂၅ ရက်၊နေ့လည် ၁နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ မကွေးမြို့သို့ မော်တော်ယာဉ်များဖြင့်လာရောက်၍ (ဘရုံသစ်တောကြိုးဝိုင်း ပယ်ဖျက်ပေးရေး၊ ဓားမဦးချလယ်ယာမြေ ပြန်လည်ရရှိရေး၊ လယ်ယာမြေမှတ်ပုံတင် ရရှိရေး)များအတွက် ငြိမ်းချမ်းစွာစုဝေး လှည့်လည်ဆန္ဒ ဖော်ထုတ်ခွင့်ကို ငှက်ပျောကျင်းကျေးရွာ တောင်သူ ဦးတင်ထွန်းအောင်အမည်ဖြင့် စက်တင်ဘာ ၁၅ ရက်နေ့က မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထံ တင်ပြတောင်းခံကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

အဆိုပါကိစ္စအား မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အစည်းအဝေးခမ်းမ တွင်စက်တင်ဘာ ၁၆ ရက်၊ နေ့လည် ၁နာရီအချိန်ခန့်တွင် မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုး၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ်၊ မြို့နယ်အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးညိုဝင်းမောင် နှင့်ကော်မတီဝင်များ၊ တိုင်းဒေသကြီး သစ်တောဦးစီးမှူး၊ မြိုနယ်အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဆန္ဒပြခွင့်လျှောက်ထားသူ ဆင်းပေါင်ဝဲ မြို့နယ် တောင်သူ ဦးတင်ထွန်းအောင်နှင့်အဖွဲ့တို့ တွေ့ဆုံညှိနှိုင်းရန်  စက်တင်ဘာ ၁၆ ရက် နေ့ ၁နာရီအချိန် အစည်းအဝေးလုပ်ရန် ကြိုတင်ဖိတ်ကြားစီစဉ်ထားကြောင်းသိရသည်။ 

ထို့ကြောင့် မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်၊ နေ့ ၁ နာရီမှ နေ့လည် ၂း၄၅ နာရီအထိ အစည်းအဝေးခန်း၌ အဆင့်သင့် စောင့်ဆိုင်းနေသော်လည်း ဆင်ပေါင်ဝဲမြို့နယ်မှ ဆန္ဒပြခွင့်တင်သူ ဦးတင်ထွန်းအောင် နှင့်အဖွဲ့တို့သည် ၎င်း နေ့ ၂း၄၅ နာရီ အချိန်အထိ အစည်းအဝေးခမ်းမသို့ ရောက်မလာကြောင်း သိရသည်။

``ကျွန်တော်တို့လူကြီးတွေက သူတို့ကို ကြိုတင်ဖိတ်ကြားထားရက်သားနဲ့ ယခုလိုအလုပ်ပျက် အချိန်ကုန် အောင် စောင့်ဆိုင်းနေရတာ ခင်ဗျားတို့ သတင်းသမားတွေ အသိဘဲဗျာ၊ သူတို့အချိန်မီမလာလို့ ကျွန်တော်တို့ အစည်းအဝေးလုပ်လိုက်ပါတယ်၊ အားလုံးက ခွင့်ပြုမိန့်ပေးလိုက်ကြပါတယ်၊ သူတို့ကိုစောင့်ပြီး မြို့နယ်ရဲတပ် ဖွဲ့မှူးက အကြောင်းပြန်ပေးပါလိမ့်မယ်။´´ ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်မျိုးက မဇ္ဈိမ ကိုပြောသည်။

``သူတို့တင်ထားတာက အင်အား ငါးထောင်တင်ထားသော်လည်း ကျွန်တော်တို့အဖွဲ့က အင်အား တစ်ထောာင်သာ ခွင့်ပြုထားပါတယ်´´။ဟု မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ်က မဇ္ဈိမ ကိုပြောသည်။

ဆင်ပေါင်ဝဲမြို့နယ်မှ မကွေးမြို့သို့လာရောက်ပြီး ယခုဆန္ဒဖော်ထုတ်ကြမည့်တောင်သူများသည် ကျေးရွာ ပေါင်း ၁၁ ရွာမှ တောင်သူ တစ်ထောင်ကျော်ခန့် တို့ဖြင့် ဘရုံကြိုးဝိုင်းအတွင်းရှိ ယာမြေဧကပေါင်း (၅၀၀၀)ခန့်မှ စိုက်ပျိုးမြေယာများကို ပုံစံ (၇) ထုတ်မပေး၍ ၂၀၁၄၊ ဇူလိုင်(၂၅)ရက်၊ နေ့ ၁၂ နာရီမှ နေ့လည် ၂ နာရီအချိန်အထိ သက်ဆိုင်ရာ အာဏာပိုင် ခွင့်ပြုချက်ဖြင့်လည်း ဆင်ပေါင်ဝဲမြို့တွင်း နှင့် ဆင်ပေါင်ဝဲမြို့နယ် သစ်တောဦးစီးမှူး ရုံး၏ ရှေ့၌ ဆန္ဒထုတ်ဖော်ကြောင်း၊ ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း မဇ္ဈိမ က သတင်းရရှိသည်။

ဝိုင်းအောင်
မကွေးမြို့ ။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀

No comments:

Post a Comment