Pages

Wednesday, September 17, 2014

တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ နှင့် ကျောင်းသားအားလုံးအတွက် ခိုက်ရန်ဖြစ်ပွားမှုများမဖြစ်အောင် ရဲတပ်ဖွဲ့မှ နေ့/ည ဆောင်ရွက်လျှက်ရှိ

၂၀၁၄၊ သြဂုတ်လအတွင်းမှ ဆေးကျောင်းသားများအား ၀င်ရောက်ရိုက်နှက်သူ အမည်မသိလူငယ်(၇)ဦးကို စက်တင်ဘာ ၆ ရက်နေ့က ဖမ်းဆီးပြီး တရားစွဲဆိုရန်ဆောင်ရွက်လျှက်ဖြစ်ပါသည်။ ၎င်း လထဲက အမှုဖွင့်သော၊ အမှုမဖွင့်သော အမှုများကိုလည်း ဆောင်ရွက်ပြီးဖြစ်ကြောင်း မြေလတ်မီဒီယာ မှ သတင်းရရှိသည်။

အလားတူ ကျောင်းသားများ မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုများ ထပ်မံမဖြစ်ပေါ်ရေးအတွက် မကွေးခရိုင်ရဲတပ်ဖွဲမှူး နှင့် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး တို့မှ အနီးကပ် ကြပ်မတ်ပြီး နေ့စဉ် ရပ်ကင်း၊ ၀ပ်ကင်းများ၊ ညစဉ် ညတိုင်း လှည့်ကင်းများဆောင်ရွက်နေပါသည်။

မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့်လည်း ရဲတပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်လျှက်ရှိရာ တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ရပ်မိ ရပ်ဖများပါဝင်သော ပူးပေါင်းရေးအဖွဲ့များမှ ယခု ရောက်ရှိလျှက်ရှိနေကြသော အဝေးသင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ စည်းကမ်းတကျဖြစ်စေရန်၊ နေ့ထိုင် သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် ဘော်ဒါဆောင်များအား လိုက်လံ စစ်ဆေး ကြပ်မတ်၍ဆောင်ရွက်လျှက်ရှိကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ဝင်းချစ် က မြေလတ်မီဒီယာကို စက်တင်ဘာ ၁၆ ရက်နေ့တွင်ပြောကြားသည်။
သတင်းစဉ်
မြေလတ်မီဒီယာ

No comments:

Post a Comment