စက်တင်ဘာ ၁၈၊ မကွေး ။
ပြီးခဲ့သော၂၀၁၄၊ ဇွန်(၉)ရက်နေ့၊ မကွေးမြို့၊
ကန်သာရပ်၊ အေးစေတီဘုရားကွင်း၌ ကျင်းပပြီး စီးခဲ့သော၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-
၄၃၆ ပြင်ဆင်ရေး(မကွေး)ပူးပေါင်းကော်မတီဝင်(၁၁)ဦး တွင် ပါဝင် ခဲ့ကြသူများမှာ မကွေးတိုင်းအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးနေမျိုးကျော်၊ ဦးသန်းအောင်၊ ဦးသန်းနိုင်၊ ဦးချစ်ထွေး၊
ဦးရဲတင့်၊ ဦးစိုးမိုး တို့(၆)ဦးနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း(မကွေး)မှ
ဦးလှဆန်း၊ ဦးမောင်မောင်စိုး(ရွှေမြန်မာ)၊ ဦးသန်းထွန်းအောင်၊ ဦးညွန့်အေး၊ ဦးထွန်းဦးခိုင်
တို့(၅)ဦး စုစုပေါင်း တစ်ဆယ့်တစ်ဦး တို့ကို
စက်တင်ဘာ(၁၈)ရက်၊ နံနက် ဆယ်နာရီအချိန်မှာ မြို့မရဲစခန်းသို့ လာရောက်ကြရန် မကွေးမြို့မရဲစခန်းမှူး
ရဲမှူး ထွေးကို ဆင့်ခေါ်ထားပြီး ၎င်းတို့ကို (ပ)၁၀၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၄၇ ဖြင့် ဦးသောင်းရွှေ၊
မကွေးတိုင်းသာသနာရေးဦးစီးမှူးမှ တရားလိုပြုလုပ်၍ မကွေးမြို့နယ်တရားရုံးသို့ တင်ပို့တရား
စွဲလိုက် ကြောင်း မကွေးမြို့နယ်NLDပါတီ၊ ဥက္ကဋ္ဌ ဦးစိုးမိုး က မဇ္ဈိမ ကိုအတည်ပြုပြောသည်။
၎င်းပုဒ်မ-
၄၃၆ ပြင်ဆင်ရေးဟောပြောပွဲနှင့်ပတ်သက်၍ ဒေသပိုင်အာဏာပိုင်များမှ ဦးမောင်မောင်စိုး
(၈၈မျိုးဆက် ငြိမ်း/ပွင့်-မကွေး) အား ၂၀၁၄၊ ဇူလိုင်လ ၃ ရက်မှစ၍ အသံချဲ့စက်လိုင်စင်မယူအမှု
ရဲအက်-၄၉ ဖြင့် ၃ မှု၊ မကွေးမြို့နယ်NLDပါတီ ဥက္ကဋ္ဌ ဦးစိုးမိုးကိုလည်း ရဲအက်-၄၉ ဖြင့်
၁ မှု၊ မကွေးတိုင်းNLDပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်ကိုလည်း အသံချဲ့စက်လိုင်စင်မယူမှု
ရပ်ကျေးဥပဒေ ပုဒ်မ ၂၇ ဖြင့် ၁ မှု အသီးသီးတရားစွဲဆိုထား၍ ယနေ့အထိ ၎င်းအမှုများကို ရုံးချိန်းပေါင်းများစွာဖြင့်
ကိုယ်စီရင်ဆိုင်ဖြေရှင်းနေကြရကြောင်း၊ ယခု ထပ်မံပြီး ပုဒ်မ-၄၄၇ဖြင့် တရားစွဲဆိုခြင်းသည်
ဒေသခံအာဏာပိုင်များ က တရားစီရင်ရေးတွင် ၀င်ရောက်စွက်ဖက် နေသည်ဟု ထင်မြင်ပါကြောင်း၊
ဒီဟောပြောပွဲကျင်းပခဲ့သော ကန်သာရပ်ကွက် အေးစေတီဘုရားကွင်းအတွင်းမှာ အေးစေတီ ဘုရားဂေါပက ဥက္ကဋ္ဌ ဦးကြည်ဝင်း၏ ကျင်းပခွင့်ပြုသောထောက်ခံချက်လက်မှတ်
နှင့် ကံသာရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးခင်မောင်ဝင်း ၏ ကျင်းပခွင့်ပြုသော ထောက်ခံချက်များ
အသီးသီးရရှိ၍ ကျင်းပခဲ့ကြောင်း၊ ယခုကိစ္စကို ဇွန် လထဲမှာ မကွေးမြို့မရဲစခန်းမှူး ရဲမှူး
ထွေးကိုက ဆင့်ခေါ်လို့ သွားရောက်ရှင်းလင်းပြီးခဲ့ကြောင်း၊ ယခုမှ ပြန်လည်ပြီး မကွေးမြို့နယ်ဥပဒေအကြံပေး၏
ခွင့်ပြုချက်ဖြင့် တရားလိုအဖြစ် မကွေးတိုင်းသာသနာရေး ဦးစီးမှူးက ကျွန်တော်တို့ကို
ပိုင်နက်ကျူးလွန်မှုဆိုပြီး ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုရုံးတင်ခံရကြောင်း ဦးနေမျိုးကျော်
က မဇ္ဈိမ ကိုပြောသည်။
``ယခုNLDပါတီ
အပါအ၀င် ၈၈မျိုးဆက်ငြိမ်း/ပွင့်(မကွေး) ၁၁ ဦးကော်မတီကို ပုဒ်မ-၄၄၇ အရ တရား စွဲဆိုလာရင်တော့
ကျွန်တော်တို့ရှေ့နေငှားမှာပါ။ အဲဒီအတွက် NLDပါတီ ဗဟိုအလုပ်အမှုဆောင် ဗဟိုဥပဒေ အထောက်အကူပြု
ဦးဉာဏ်ဝင်း ကိုလိုက်ပါဆောင်ရွက်ဖို့စီစဉ်ထားပါတယ်။´´ ဟု ဦးနေမျိုးကျော် က မဇ္ဈိမ
ကိုပြောသည်။
``ကျွန်တော်တို့က
ပြည်သူလူထုအတွက်အကျိုးရှိမဲ့ကိစ္စဆောင်ရွက်တာပါ။ သက်ဆိုင်ရာ ဂေါပက ဥက္ကဋ္ဌ ထောက်ခံချက်နဲ့
ကန်သာရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုထောက်ခံစာတွေ လက်ဝယ်ရထားလို့ လုပ်တာပါ။ ဒါကို
တမင်သက်သက် အာဏာပိုင်က တရားစွဲဆိုတော့လည်း ဥပဒေဘောင်အတွင်းက ဖြေရှင်းသွားကြမှာပါ။´´
ဟု ၈၈ မျိုးဆက်ငြိမ်း/ပွင့်(မကွေး)မှ ဦးလှဆန်း က မဇ္ဈိမ ကိုပြောသည်။
စက်တင်ဘာ ၁၈ နေ့တွင် မကွေးမြို့နယ်တရားရုံး၌ ဦးမောင်မောင်စိုး ၈၈ အဖွဲ့(ရွှေမြန်မာ)၊ မကွေးမြို့နယ်NLD ဥက္ကဋ္ဌ ဦးစိုးမိုး နှင့် မကွေးတိုင်းNLD အတွင်းရေးမှူး ဦးနေမျိုးကျော် တို့သည် ယခင်ကစွဲထားပြီး သော(အသံချဲ့စက်ဖွင့်မိန့်မပါ အသုံးချမှု)များအတွက်ရုံးချိန်းဖြစ်ကြောင်း၊ ယခုစွဲဆိုတင်လိုက်သော (ပ)၁၀၈/၂၀၁၄ ပြစ်မှုပုဒ်မ ၄၄၇ အမှုအတွက် ၁၁ ဦးလုံးကလည်း ကိုယ်တိုင်ခံဝန်(သို့မဟုတ်) အာမခံသူများဖြင့် အာမခံ ယူကြမည် ဖြစ်ကြောင်း ဦးသန်းအောင် (မကွေးတိုင်းNLD အလုပ်အမှုဆောင်)က မဇ္ဈိမ ကိုပြောသည်။
ဝိုင်းအောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment