ဂန့်ဂေါ၊ အောက်တိုဘာ ၂၆ ။
မကွေးတိုင်းဒေသကြီး၊
ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၁၉၉၆ ခုနှစ်ခန့်၊စစ်အာဏာရှင်လက်ထက်၊ တပ်မ (၁၀၁)မှ
ယာမြေဧက ၅၄၂၁ ဧကကို သိမ်းဆည်းခဲ့ကြောင်း၊စစ်တပ်မှပြန်လည်စွန့်လွှတ်ဧက ၅၀၀၊ မူလပိုင်
တွေလက်ထဲ မရရှိသေးကြောင်း၊ ၎င်းကိစ္စအား အထက်အဆင့်ဆင့်ထံတင်ပြတိုင်ကြားခဲ့သော်လည်း ယနေ့အထိ အကြောင်း မထူး၍ ဒေသ ခံအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်
၂၀၁၄၊ အောက်တိုဘာ ၂၆ ရက်၊ နေ့လည် ၂ နရီမှ ညနေ ၅ နာရီ အချိန်ခန့်အထိ မြေအသိမ်းခံတောင်သူများ
ဆန္ဒဖော်ထုတ်တောင်းဆိုကြောင်း ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ဒေသခံတောင်သူ ဦးဘိုဝင်း ၏အတည်ပြုပြောကြားချက်အရ
မြေလတ်မီဒီယာ က သတင်းရရှိသည်။
``ကျွန်တော်တို့ စိုင်ဒွန်းတံတားကနေ
မြို့ပတ်လမ်းအတိုင်း နေ့လည် ၂ နာရီမှာစထွက်ပါတယ်၊ တောင်သူ အင်အား နှစ်ရာဦးတင်ထားသော်လည်း
တောင်သူ ၈၀ဦးသာ ခွင့်ပြုတော့ တောင်သူတွေက ဖမ်းမယ်ထင်ပြီး ကြောက်သွားကြတယ်ဗျာ၊ ယခုအင်အား
၁၆ ယောက်ထဲနဲ့ဆန္ဒပြကြရတယ်။ ယခု မြစ်သာခမ်းမရှေ့မှာ တောင်သူ တွေ ရဲ့ ခံစားချက်များကို
တစ်နာရီခန့် ရင်ဖွင့်ဟောပြောကြပါတယ်။ ညနေ ၅ နာရီအချိန်အထိ လှည့်လည် ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။´´
ဟု ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဒေသခံတောင်သူ ဦးဘိုဝင်း က မြေလတ်မီဒီယာ ကိုပြော သည်။
``ဂန့်ဂေါခရိုင်၊မြို့နယ်၊ရဲတပ်ဖွဲ့တို့သိမ်းထားတဲ့ဧက
၂၂ နဲ့ ပြည်ခိုင်ဖြိုးပါတီသိမ်းထားတာ ၅၀ ဧကရှိပါတယ်။´´ ဟု ဒေသခံ ဦးမြင့်ကြိုင်ကလည်း
မြေလတ်မီဒီယာ ကိုပြောသည်။
အဆိုပါမြေယာများကို စစ်အစိုးရလက်ထက်က သိမ်းဆည်းခဲ့စဉ်အခါမှာ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး
ဦးလှဆွေဖြစ်ပြီး၊ ၎င်းဦးလှဆွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်( ယခု မကွေးတိုင်းအတွက် လယ်ယာမြေများနှင့်
အခြားမြေများ သိမ်းဆည်းခြင်း စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ခေါင်းဆောင်) ဖြစ်နေခြင်းကြောင့်
မြေအသိမ်းခံ တောင်သူများအတွက် အကြောင်းမထူးဘဲဖြစ်နေကြောင်း၊ ဦးလှဆွေ ဂန့်ဂေါခရိုင်အုပ်ချုပ်ရေးမှူး
တာဝန်ယူစဉ်က လည်း ချင်းအမျိုးသား တစ်ဦးထံမှ ယာမြေဧက ၅၀ ကိုသိမ်းယူ၍ ယနေ့အထိ ဦးလှဆွေ
အမည်ဖြင့်လုပ်ကိုင် လျှက်ရှိကြောင်း၊ ဂန့်ဂေါဒေသခံ ဦးမြင့်ဇော်က မြေလတ်မီဒီယာ ကိုပြောသည်။ (ဦးလှဆွေ ထံဖုန်းခေါ်သော်လည်း
မရပါ)။
ဒေသခံဆန္ဒပြတောင်သူဦးစိန်ဝင်းက `` ဒီဆန္ဒပြပွဲတင်ထားတာ အင်အား၂၀၀ ကိုအင်အား ၈၀ ပဲပေး
တော့လန့်သွားကြတယ်၊ ရုံးဖွင့်ရက်ကို ဆန္ဒပြဖို့တင်တယ်၊ သူတို့က ရုံးပိတ်ရက်ကိုပေးတယ်။
ကျွန်တော်တို့ တင်ထားတဲ့ အစိုးရရုံးတွေနဲ့ မြို့ထဲလမ်းကြောင်းကိုလည်းမပေးဘူး။ စိုင်ဒွန်းတံတားကနေ
မြို့ပတ်လမ်း လေယာဉ်ကွင်းထိပဲပေးတယ်၊ ကျွန်တော်တို့တင်ထားတဲ့ ဆိုင်းဘုတ် ၂ခုက အသိမ်းဆည်းခံလယ်ယာမြေများ
ပြန်လည်ရရှိရေး- ဒို့အရေး၊ ဌာနဆိုင်ရာအသီးသီးက သိမ်းဆည်းထားသော လယ်ယာမြေများ ဌာနဆိုင်ရာများမှ
ပြန်လည်ရရှိရေး- ဒို့အရေး။ ဆိုတဲ့ဆိုင်ဘုတ် နှစ်ခုကိုလည်း မကိုင်ရဘူး။ သူတို့ပေးတဲ့
(မြေယာမဲ့များအတွက် လယ်ယာမြေများပြန်လည်ရရှိရေး) ဆိုတဲ့ ဆိုင်းဘုတ် ၂ ခုကိုသာ ကိုင်ရတယ်ဗျာ..။
ယခင်က အာဏာရှင်တွေ အတိုင်းပါဘဲ၊ တောင်သူတွေကို ကြောက်အောင် တမင်သက်သက် လုပ်တဲ့သဘောဖြစ်နေပါတယ်။´´ဟု
ဒေသခံ တောင်သူ ဦးစိန်ဝင်းက မြေလတ်မီဒီယာ ကိုပြောသည်။
ဝိုင်းကြည်အောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment