Pages

Friday, October 24, 2014

စာရေးဆရာကြီး အောင်သင်း ကွယ်လွန်ရှာပြီ

စာရေးဆရာကြီး အောင်သင်း ကွယ်လွန်ရှာပြီ (Text Report)
လူငယ်မျိုးဆက်သစ် ကျောင်းသားတွေကို တိုးတက်ကြီးပွားစေချင်တဲ့ စိတ်ဆန္ဒကြီးမားတဲ့ ကျောင်းဆရာတစ်ဖြစ်လဲ စာရေးဆရာကြီး အောင်သင်းဟာ အောက်တိုဘာ ၂၅ရက်နေ့ မနက် ၁၁နာရီက ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၇နှစ်ရှိပြီဖြစ်တဲ့ ဆရာကြီးဟာ ၁၉၂၇ ဧပြီ ၁၇မှာ တောင်တွင်းကြီး တောင်ပြင်ရပ်မှာ မွေးဖွားခဲ့ပြီး ၁၉၄၇မှာ ပြည်သူ့ရဲဘော်အဖွဲ့ထဲ ဝင်ရောက်ခဲ့ပါတယ်။ ၁၉၅၉ခုနှစ် မြဝတီမဂ္ဂဇင်းမှာ သရက်ထောင်ဖောက်ခဲ့စဉ်က ဆောင်းပါးကို ပထမဆုံး ရေးသားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာနည်းပြဖြစ်လာချိန်ကစလို့ အောင်သင်းနာမည်နဲ့ ဆောင်းပါးတွေ၊ စာတမ်းတွေ ရေးသားခဲ့ပါတယ်။
၁၉၇၁ကစပြီး မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ စာပေဝေဖန်ရေးဆောင်းပါး ဖော်ပြပြီးနောက်ပိုင်း စာပေသဘောတရားများကို ဆက်တိုက်ရေးသားခဲ့ပြီး ကွယ်လွန်ချိန်အထိ စာအုပ်များကို ရေးသားပြုစုခဲ့ပါတယ်။
ဆရာကြီး အောင်သင်းဟာ မြန်မာနိုင်ငံအနှံ့ စာပေဟောပြောပွဲတွေကို နှစ်စဉ်ပြောကြားခဲ့ပြီး လူငယ်တွေအတွက် အထူးသဖြင့် ကိုယ်ကျင့်တရားကောင်းဖို့၊ စာပေမြတ်နိုးဖို့၊ တိုင်းပြည်အရေး လုပ်ဆောင်ဖို့ အမြဲလိုလို တိုက်တွန်းအားပေးခဲ့သူဖြစ်ပါတယ်။
Kamayut Media မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment