မကွေး၊ အောက်တိုဘာ ၂၄။
အောက်တိုဘာ ၂၃ ရက်၊ နေ့လည် သုံးနာရီခွဲအချိန်ခန့်တွင် မကွေးမြို့၊
ကမ်းနားလမ်းရှိ မြဧရာပန်းခြံ ဆိပ်ကမ်းသို့ ကမ္ဘာလှည့်ခရီသည်တင် သင်္ဘောရေယာဉ်မှူး ဦးနေအောင်မောင်းနှင်သော
သင်္ဘော Orient Pandaw အမည်ဖြင့် ပုဂံ မှမကွေးမြို့သို့ ရောက်ရှိလာကြောင်း၊ အမေရိကန်
နိုင်ငံသား Mr. Aloysius J ဦးဆောင်၍ နိုင်ငံခြားသား ၄၈ နှင့် ဧည့်လမ်းညွှန် ဦးမြင့်ခိုင်
နှင့် ဦးထွန်းလှရွှေ တို့လိုက်ပါလာကြောင်း၊ ၎င်း တို့သည် အနှေးယာဉ် ဆိုက်က္ကား များဖြင့်
မကွေးမြို့တွင်းနှင့် မကွေးမြသလွန်ဘုရားပွဲ တော်မှ အပြန်သင်္ဘောပေါ်သို့ ညနေ၆နာရီအချိန်ခန့်၌
ပြန်အတက်မှာ အသက် ၈၅ နှစ်ရှိ အမေရိကန်နိုင်ငံသူ Mes. Elfrede ဆိုသူသည် သင်္ဘောပေါ်၌ မူးမေ့လဲကျသွားကြောင်း၊ ၎င်း အမေရိကန်သူ
လူနာအား ဧည့်လမ်းညွှန် ဦးမြင့်ခိုင် နှင့် မကွေးမြို့နယ်ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး
မန်နေဂျာ ဦးစိုးတင့်တို့ မှ မကွေးဂရုဏာ ရှင်နာရေးကူညီမှုအသင်းမှ လူနာတင်ကား ကိုခေါ်ယူပြီး
မကွေးမြို့၊ ပြည်တော်သာလမ်း၊ ကောင်းမွန် ပုဂ္ဂလိက ပြင်ပဆေးခန်းသို့ ပြသရာ နိုင်ငံခြားသားအား
ဆေးကုသခွင့်မရှိသောကြောင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေး ရုံသို့ ဆက်လက်ပို့ဆောင်ရကြောင်း
ဧည့်လမ်း ညွှန်၏ ပြောကြားချက်အရ သတင်းရရှိသည်။
အောက်တိုဘာ ၂၄ ရက်၊ နေ့လည်ပိုင်းတွင် မကွေးတိုင်းပြည်သူ့ဆေးရုံသို့
၎င်းလူနာအား သွားရောက်ကြည့်ရှု့ရာ ဆေးကုသဆောင်-၂
ကြပ်မတ်ကုသဆောင်တွင် အရေးပေါ်ကုသလျှက်ရှိကြောင်း၊ အောက်တိုဘာ ၂၃ ရက်၊ ည ၇ နာရီကျော်လောက်မှာ
ဆေးရုံသို့ရောက်ရှိ၍ ၎င်းည ၉ နာရီအချိန်ခန့်မှာ ပြန်လည်သတိရလာကြောင်း၊ လူနာမှာ ဆီးချိုရောဂါတက်၍
သတိလစ်ပြီး မူးလဲကျသွားကြောင်း၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် လူနာ အခြေနေ ပြန်လည် ကောင်းမွန်နေကြောင်း၊
၎င်းလူနာနှင့်အတူ နိုင်ငံခြားသား အမျိုးသားတစ်ဦး နှင့် စကားပြန် တစ်ဦးရှိနေကြောင်း၊
၎င်းတို့ လိုက်ပါလာသော သင်္ဘော Orient Pandaw မှာ အောက်တိုဘာ ၂၄၊ နံနက် ၁၁ နာရီအချိန်ခန့်တွင်
သရက်မြို့သို့ဆက်လက်ထွက်ခွာသွားကြောင်း၊ ၎င်းဧည့် လမ်းညွှန်က ပြောသည်။
ဝိုင်းကြည်အောင်
မကွေးမြို့
။ ဖုန်း ၀၉-၄၄၀၂၂၅၁၀၀
သတ်ပုံများ စစ်ဆေးပြင်ဆင်ချိန်မရ၍ အမှားပါရင်သည်းခံဖတ်ရှုကြရန် တောင်းပန်ပါ၏။
ဓာတ်ပုံများ မပေါ်လျှင် အောက်မှ ဘလော့ နှင့် ဖေ့စ်ဘုတ်များသို့ ၀င်ကြည့်နိုင်ပါသည်။
http://magwaymedia.blogspot.com
www.winkyi.net
https://www.facebook.com/myaylatmedia
No comments:
Post a Comment