Pages

Friday, October 24, 2014

``မကွေးမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှ သက်တော်(၁၄)နှစ်ဖြင့် ဆယ်ဘွဲ့ရ သာသနအာဇာနည် သာသနာဓဇဓမ္မာစရိယ အဂ္ဂမဟာအကျော် အရှင်အဂ္ဂ၀ံသာ လင်္ကာရ ဂုဏပူဇာမင်္ဂလာ (ဂုဏ်ပြုပူဇော်ပွဲ)´´



မကွေး၊ အောက်တိုဘာ ၂၄ ။
         
မကွေးမြို့၊ မြို့ပတ်လမ်းရှိ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌၂၀၁၄၊ အောက်တိုဘာ ၂၄၊ နံနက် ၉ နာရီမှ ၁၁ နာရီအချိန်ခန့်တွင် သက်တော်(၁၄)နှစ်ဖြင့် ဆယ်ဘွဲ့ရ သာသနအာဇာနည် သာသနာဓဇဓမ္မာ စရိယ အဂ္ဂမဟာအကျော် (မြန်မာတစ်ပြည်လုံးတွင် ဒုတိယ ဆုရ) အရှင်အဂ္ဂ၀ံသာ လင်္ကာရ ဂုဏပူဇာမင်္ဂလာ (ဂုဏ်ပြုပူ ဇော်ပွဲ) ခြိမ့်ခြိမ့်သဲကျင်းပကြောင်း မြေလတ်မီဒီယာမှလည်း သတင်း ရရှိ၍ ဂုဏ်ပြုပူဇော် ဖော်ပြအပ်ပါသည်။



         
သာသနာဓဇဓမ္မာစရိယ အဂ္ဂမဟာအကျော် အရှင်အဂ္ဂ၀ံသာ လင်္ကာရ မှ တိပိဋကတ်(၃)ပုံအောင်မြင်တော် မူသော ဆရာတော်ကြီးအဖြစ်တက်လှမ်းနိုင် ပါစေကြောင်း မြေလတ် မီဒီယာ က ဆုမွန်ကောင်းတောင်း လိုက်ပါသည်။
သတင်းစဉ်
မြေလတ်မီဒီယာ

No comments:

Post a Comment