ဇူလိုင်(၂၉) ၊ နံနက်(၉)နာရီမှာ မကွေးမြို့ ရွာသစ်/ပွဲကြိုရပ်ကွက်၊ (၁၇)လမ်း၊ ထိန်ထိန်သာဟော်တယ်တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးသတင်းစာဆရာ အသင်း အဖွဲ့ဝင်အင်အားစာရင်း(၇၀)၊ အဆိုပြုလွှာနောက်တိုး(၁၀)ဦး စုစုပေါင်း(၈၀)ဖြင့် ဖွဲ့စည်းကြောင်းသတင်းရရှိပါသည်။ ရွေးချယ်ရေးကော်မရှင်အဖြစ် မကွေးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာ မကွေးဝင်းမြင့်၊ ဒု ဥက္ကဋ္ဌ ဆရာတင်လင်းဇော်(အမျိုးသားစာပေဆုရှင်)၊ ဆရာနေခြည်(မကွေး) နှင့် အခမ်းအနားမှူး စာရေးဆရာမ ရွှေယင်းမြေ ခင်စံပယ်ဖြူတို့မှ ကော်မရှင်များအဖြစ် တာဝန်ယူဖွဲ့စည်း၍ ရွေးချယ်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံသတင်းစာ အသင်း ဖြစ်မြောက်ရေးကော်မတီဝင် ဆရာဦးမြတ်ခိုင်( လျှပ်တစ်ပြက်/မော်နီတာ အယ်ဒီတာချုပ်) မှ ရွေးချယ်ဖွဲ့စည်းပေး သော မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း အလုပ်အမှုဆောင်(၂၁)ဦး နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ညီလာခံကိုယ်စားလှယ်(၅)ဦးတို့ကို အတည်ပြုလက်ခံပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဒေါက်တာသက်လွင် မှ နိဂုံးချုပ်ကျေးဇူးတင်စကားပြောကြားသည်။ ၎င်းအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း အတွက် ရံပုံငွေများကို ဒေါက်တာသက်လွင်မှ ငွေကျပ်(၁)သိန်း ၊ ဟင်္သသာ(တောင်တွင်း)မှ ငွေကျပ်(၂)သောင်း မတည်စိုက်ထူ လှူဒါန်းကြကြောင်း သတင်းရရှိပါသည်။
မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်းအလုပ်အမှုဆောင်အဖွဲ့
(၁) ဥက္ကဋ္ဌ ဒေါက်တာသက်လွင် - ကလောင်အမည်= ဒေါက်တာသက်လွင် ပခုက္ကူမြို့။
(၂) ဒု ဥက္ကဋ္ဌ ဦးလှမြင့် ။ မကွေးလှမြင့် မကွေးမြို့။
(၃) အတွင်းရေးမှူး ဦးဝင်းကြည် ။ ရွှေလမ်းငွေလမ်းဝင်းကြည် မကွေးမြို့။
(၄) တွဲဘက် အတွင်းရေးမှူး ဦးသိန်းဇံ ။ နေဦးမောင် ပခုက္ကူမြို့။
(၅) ဘဏ္ဍာရေးမှူး ဦးလှဖုန်း ။ ဟင်္သာ(တောင်တွင်း) တောင်တွင်းမြို့။
(၆) တွဲဘက် ဘဏ္ဍာရေးမှူး ဦးဆန်းညွှန့် ။ ဆန်းညွှန့်(ရေနံချောင်း) ရေနံချောင်းမြို့။
(၇) စာရင်းစစ် ဦးဝင်းဌေး ။ ၀င်းဌေး(ဘဏ်) မင်းဘူး/စကုမြို့။
(၈) ပြန်ကြားရေး ဦးဝင်မောင် ။ မကွေးဝင်းမောင် မကွေးမြို့။
(၉) အဖွဲ့ဝင် ဦးခင်မောင် ။ မောင်ပွင့်စော(ပခုက္ကူ) ပခုက္ကူမြို့။
(၁၀) ။ ဦးမင်းသန့် ။ မင်းသန့်ဇင်(ပခုက္ကူ) ပခုက္ကူမြို့။
(၁၁) ။ ဦးစောလင်းနိုင် ။ ဇေယျာစော ပခုက္ကူမြို့ ။
(၁၂) ။ ဦးဝင်းချို ။ ကာတွန်း အောင်ချမ်းမြေ့/မင်းဘူး မင်းဘူး/စကုမြို့။
(၁၃) ။ ဦးခင်မောင်စိုး ။ ပေါက်ကလေး(သရက်) သရက်မြို့ ။
(၁၄) ။ ဦးကိုကိုအောင် ။ အောင်ကြီး(သရက်) သရက်မြို့။
(၁၅) ။ ဦးတင်ဆွေဦး ။ ပေါ်ဦး(နတ်မောက်) နတ်မောက်မြို့။
(၁၆) ။ ဦးကျော်သိန်းဦး ။ နတ်မောက် ကျော်သိန်းဦး နတ်မောက်မြို့။
(၁၇) ။ ဦးမြင့်သန်း ။ မကွေးမြင့်သန်း မကွေးမြို့။
(၁၈) အဖွဲ့ဝင် ဦးအောင်ကိုကိုဝင်း ကလောင်အမည် ကာတွန်း အေကေ(AK) မကွေးမြို့။
(၁၉) ။ ဦးသိန်းညွှန့် ။ စောလှနွယ် မကွေးမြို့။
(၂၀) ။ ဦးအောင်ကျော်ညွှန့် ။ ကာတွန်း ဇေယျတု မကွေးမြို့ ။
(၂၁) ။ ဒေါ်ဥမ္မာခင် ။ ဥမ္မာခင်(မကွေး) မကွေးမြို့ ။
အထက်ပါ အလုပ်အမှုဆောင်(၂၁)ဦးသည် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ညီလာခံကိုယ်စားလှယ်များဖြစ်ကြသည်။
`မြန်မာနိုင်ငံသတင်းစာဆရာအသင်း သို့တက်ရောက်ရန် သီးခြားရွေးချယ်သော ညီလာခံကိုယ်စားလှယ်များ´
(၁) ဦးဝင်းလွင် ကလောင်အမည် ၀င်းလွင်(ရေနံချောင်း) ရေနံချောင်းမြို့။
(၂) ဦးမြင့်ဦး ။ လွမ်းထား(မကွေး) မကွေးမြို့။
(၃) ဦးလှဝင်း ။ ကောင်းသုတ(မင်းဘူး ) မင်းဘူး/စကုမြို့။
(၄) ဦးမောင်မောင်မြင့် ။ ချစ်မင်းဧရာ မကွေးမြို့
(၅) ဦးဇော်ဝင်း ။ နတ်မောက်သား မြွေဟောက် နတ်မောက်မြို့။
ရွှေလမ်းငွေလမ်းဝင်းကြည်
ဦးဝင်းကြည် (အတွင်းရေးမှူး)
မှတ်တမ်းတင်သူ
မကွေးတိုင်းဒေသကြီးသတင်းစာဆရာအသင်း၊ မကွေးမြို့။ ဖုန်း ၀၉၄၄၀၂၂၅၁၀၀


















