``ချောက်မြို့နယ် အတွင်းမှ မြေနုကျွန်းအငြင်းပွား၍ နှစ်ဘက်အပြန်အလှန် လေးခွများဖြင့် ပစ်ပေါက်နေခြင်းကြောင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ အမြန်ကွင်းဆင်း၍ ခွဲဝေပေးရ´´

ချောက်မြို့နယ် စလင်းတောင်အုပ်စု၊ စလင်းတောင်ကျေးရွာနှင့် ၀င်္ဂဘာကျေးရွာ နှစ်ရွာတို့သည် မြေနုကျွန်းကွင်းအမှတ်- ၂၄၇၉(ခ) ပေါ်တွင် နှစ်ဘက်ကျေးရွာအုပ်စုဖွဲ့၍ခိုက်ရန်ဖြစ်ကြသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်လဘာ(၂၇)ရက်နေ့တွင်အဆိုပါမြေနုကျွန်းပေါ်၌ စလင်းတောင်ရွာမှ တောင်သူ(၁၀၀)ဦးခန့်တို့က ထွန်ယက် စိုက်ပျိုးနေစဉ် ၀င်္ဂဘာကျေးရွာရှိ ရွာသူ/ရွာသားများမှ လေးဂွ/ခဲများဖြင့် စတင်ပစ်ပေါက်၍ ရွာနှစ်ရွာ နှစ်ဘက် အပြန်အလှန် လေးခွများဖြင့် ပစ်ပေါက်ပွဲကြီးဖြစ်ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ချောက်မြို့နယ်ရဲတပ်ဖွဲ့မှူး သို့လိပ်မှု၍ နိုဝင်ဘာ(၂၈)ရက်နေ့ စာအမှတ်၄၃-၁၆/ဦး ၆(၁၅၇၉)ဖြင့်ပေးပို့တားဆီခဲ့ကြောင်း၊ အထက်ပါပြဿနာများ ဆက်လက်မဖြစ်ပွား ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ရှေးရှု၍ တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာများသို့ အကြောင်းကြားထားကြောင်း သိရသည်။ အဆိုပါ မြေနုကျွန်းကွင်းအမှတ်- ၂၄၇၉(ခ) အငြင်းပွားမှုကို ဖြေရှင်းပေးရန် ၎င်းကျွန်းပေါ်သို့ နိုဝင်ဘာ(၂၈)ရက်နေ့ နေ့(၁၁)နာရီအအချိန်ခန့်တွင် ချောက်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်များ သွား ရောက်ခဲ့ကြောင်း၊ ၎င်းကော်မတီ၌ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင် မောင်သက်၊ ချောက်မြို့နယ်မြေစာဦးစီးဌာန ဦးစီးမှူး ဦးသက်နိုင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းဇော်အောင်၊ မြို့နယ်တိ/မွေး/ကု ဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ အောင်ဆန်းလင်း တို့နှင့် စလင်းတောင်ကျေးရွာကိုယ်စားပြု ရပ်မိရပ်ဖ ဦးသာချိုပါ(၅)ဦး၊ ၀င်္ဂဘာကျေးရွာ ကိုယ်စားပြု ဦးဝင်းထိန်ပါ(၅)ဦးတို့ တွေ့ဆုံညှိနှိုင်းကြောင်း၊ အဆိုပါလယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီမှ ယခင် နှစ်ကတိုင်းတာ ဖော်ထုတ်သတ်မှတ်ပေးခဲ့သော အမျှော်လိုင်းအား တိုင်းတာဖော်ထုတ်ပြီး အစိုဓာတ်မခန်းခြောက်မီ စိုက်ပျိုးသွားနိုင်ကြရန် လုပ်ပိုင်ခွင့်ချထားပေးမည်ဖြစ်ကြောင်း၊ တစ်ဖက်နှင့်တစ်ဖက်ကျူးကျော်စိုက်ပျိုးခြင်း မပြုကြ ရန်နှင့် မလိုလားအပ်သော ခိုက်ရန်ဖြစ်ပွားမှုများထပ်မံဖြစ်ပွားပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ နှစ်ဘက် တောင်သူများကို အသိပေးထားသည်။ ၀င်္ဂဘာရွာမှ ဦးဝင်းထိန်ပါ (၅)ဦးတို့က ယခုခွဲဝေပေးသော ယခင်နှစ်မှ အမျှော်လိုင်းဖြင့်ခွဲဝေသတ်မှတ်ဖြင်းကို လက်ခံ နိုင်ခြင်းမရှိကြောင်း ပြောဆို၍ ၎င်းကွင်း အတွင်းမှ ၀င်္ဂဘာကျေးရွာသို့ ပြန်သွားခဲ့ ကြောင်းသိရသည်။ အထက်ပါကိစ္စအား မြေယာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သက် မှ မကွေးခရိုင် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြခဲ့ရာ မကွေးခရိုင်အုပ်ချုပ်ရေးမှူးက မြေနုကျွန်းခွဲဝေတိုင်တာမှုကို ဆက်လက် ဆောင်ရွက်ခိုင်းကြောင်း၊ ထို့ကြောင့် နေ့(၁၂)နာရီမှ ညနေ(၄)နာရီအချိန်ခန့်အတွင်း အဆိုပါကွင်းဆင်းဆောင်ရွက် ချက်များအရ ချောက်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၏ အစည်းအဝေးအမှတ်(၃၆/၂၀၁၃)ဖြင့် ဆွေးနွေးကြသည်။ မြေနုကျွန်းကွင်းအမှတ်-၂၄၇၉(ခ)အား ပြန်လည်ဖော်ထုတ်တိုင်းတာချက်အရ ပေါ်ထွက် လာသည့် ယခင်နှစ်အမျှော်လိုင်း၏ မြောက်ဘက်ဧရိယာ(၃၆)ဧကအား နည်းဥပဒေ ၁၀၅(ခ)အရ စလင်းတောင် ကျေးရွာရှိ တောင်သူများသို့ ဆောင်သီးနှံများအချိန်မီ စိုက်ပျိုးရန် ချထားပေးကြောင်း၊ ယခင်နှစ် အမျှော်လိုင်း၏ တောင်ဘက်ကျန်ရှိသော စိုက်ပျိုးနိုင်သော မြေနုကျွန်းဧက(၃)ဧကခန့်အား လယ်ယာမြေနည်းဥပဒေ- ၁၀၆(ဃ) အရ ၀င်္ဂဘာကျေးရွာ တောင်သူများ ဆောင်းသီးနှံအချိန်မီ စိုက်ပျိုးရန် ချထားပေးကြောင်းသိရသည်။ မြေနုကျွန်းကွင်းအမှတ်-၂၄၇၉(ခ)သည် စလင်းတောင်ရွာ ကုန်းတွင်းနှင့် ဆက်စပ်ပေါ်ထွန်းနေသော ကမ်းပါးယံမြေမှာ ၁၉၆၂/၆၃ ခုနှစ်ကြေးတိုင်ဦးစီးဌာနမှ ကုန်းတွင်းနယ်နိမိတ်အဖြစ် မှတ်တမ်းတင်ထားသော်လည်း လက်ရှိအနေအထားအရ နှစ်ပေါင်းများစွာကပင် ကမ်းပါးပြို၊ ကမ်းရံမြေနုအဖြစ်ပေါ်ထွန်းနေသဖြင့် ၀င်္ဂဘာကျေးရွာ ရပ်မိရပ်ဖများက မြေနုကျွန်းအဖြစ်သတ်မှတ်လိုခြင်းမှ ပြဿနာအစပျိုးနေခြင်းအတွက် ၎င်းကို မြေအမျိုးအစား ခွဲခြားသတ်မှတ်နိုင်ရန် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံသို့ ဆက်လက်တင်ပြထားပါကြောင်း လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦး က ပြောသည်။ ယခင်နှစ်၂၀၁၂/၂၀၁၃ က ချောက်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး မြို့နယ်မြေစာရင်းဌာန မြို့နယ်မှူးဦးစီးမှူး ဦးခင်မောင်စန်း ( အငြိမ်းစားပေးခံရသူ)သည် မြေယာဥပဒေ မှ (အနီးစပ်ဆုံး)ဆိုသောစကားရပ်ဖြင့် မြို့နယ် မြေစာရင်းဦးစီးမှူး တစ်ဦးတည်းက(တစ်ဖက်သတ်ဆုံးဖြတ်၍) နှစ်စဉ်အမြဲတန်းပေါ်နေသော မြေနုကျွန်းကွင်းအမှတ်- ၂၄၇၉(ခ)ကို(မူလရှိ အမျှော်လိုင်း)ကိုအတည်မပြုဘဲ ၀င်္ဂဘာရွာအား ခွဲဝေပေးခဲ့ကြောင်း စလင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ ကပြောသည်။
 

``ကလေးသူငယ်စောင့်ရှောက်ရေးစီမံချက်အဖွဲ့မှ Monitoing and Evanuation လုပ်ငန်းများ လေ့လာဆန်းစစ်သောသင်တန်း မကွေးမြို့တွင်ကျင်းပ´´

ပြီးခဲ့သော နိုဝင်ဘာ(၂၈/၂၉)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန်ထိ မကွေးမြို့ နတ်မောက် လမ်းရှိ မကွေးဟိုတယ်၌ ကလေးသူငယ်စောင့်ရှောက်ရေးစီမံချက်အဖွဲ့မှ Monitoing and Evanuation လုပ်ငန်းများ လေ့လာဆန်းစစ်သောသင်တန်း မကွေးမြို့တွင်ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါသင်တန်းကို Save The Children ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(ရန်ကုန်)ရုံးချုပ် မှ တာဝန်ခံညွှန်ကြားရေးမှူး ဒေါက်တာနီနီ၊ ဒုတိယ တာဝန်ခံ ဦးထူးလွင် ၊ ဒေါက်တာလဲ့လဲ့အောင်၊ မကွေးတိုင်းဒေသကြီး Save The Children ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ခံအရာရှိ ဦးထန်ဇာလျန်း တို့မှ သင်တန်းများပို့ချသည်။ တက်ရောက်လာသူများမှာ ဒေသဆိုင်ရာ အရာရှိများဖြစ်ကြသော မူဆယ်၊ ကနီ၊ ပခုက္ကူ၊ စေတုတ္တရာ၊ ငဖဲ၊ မင်းတုန်းမြို့နယ်များမှ သင်တန်းသား(၂၄) ဦးတက်ရောက်ကြသည်။ အဆိုပါသင်တန်းတွင် ဒေါက်တာနီနီ နှင့် ဦးထူးလွင်တို့မှ ရှေ့သို့စီမံကိန်းက ချမှတ်ထားသော ကလေး သူငယ်စောင့်ရှောက်ရေးနှင့် မိခင်/ကလေးစောင့်ရှောက်ရေးတို့အား ဒေဆိုင်ရာညှိနှိုင်းရေးမှူးများ အနေဖြင့် ပူပေါင်းဆောင်ရွက်ခြင်းအပေါ် အောင်မြင်မှုအခြေအနေကို ဆန်းစစ်ခြင်း၊ အားနည်းချက်ရှိနေသော မြို့နယ်များကို အောင်မြင်မှုရရှိအောင် ပူးပေါင်းဆောင်ရွက်မှုအခြေနေအား ဆန်းစစ်ခြင်း၊ ငါးနှစ်အောက် ကလေးသူငယ်များ၏ ကျန်းမာရေးကို စီမံချက်ဖြင့်အကောင်အထည်ဖော်ဆောင်လျှက်ရှိရာ ကလေးသူငယ်များအား အကူအညီပေးမှု အခြေအနေကို ဆန်းစစ်ခြင်း၊ ပညာပေးရေးအစီအမံများကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေ အား ဆန်းစစ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးကူညီပံပိုးမှု၊ လစဉ်အလိုက် ပညာပေးမှုအခြေအနေများ ဆန်းစစ်ခြင်းတို့ပြုလုပ်ကြသည်။ ထို့နောက် ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ရေးတွင် အားနည်းသော ဒေသဆိုင်ရာများသို့ စီမံချက်အကောင်အထည်ဖော်နိုင်ရေးတို့အတွက် (၂)ရက်တိတိ သင်တန်းပို့ချကြောင်း သတင်းရရှိသည်။
 

``မကွေးမြို့တွင် CESVI (ရှေ့သို့စီမံကိန်း)အဖွဲ့မှ ကျေးရွာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ´´

ပြီးခဲ့သော နိုဝင်ဘာ(၂၈)ရက် နံနက်(၈)နာရီမှ ညနေ(၅)နာရီအချိန်တွင် မကွေးမြို့ ဆားရွှေကင်းရပ် ကမ်းနားလမ်း နန်းထိုက်သူ ဟိုတယ်၌ CESVI (ရှေ့သို့စီမံကိန်း)အဖွဲ့မှ ကျေးရွာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် CESVI (ရှေ့သို့စီမံကိန်း)အဖွဲ့မှ အမေရိကန်နိုင်ငံသားများ Mr.Mathew ပါ (၄)ဦးတို့နှင့် မကွေးမြို့ရှေ့သို့စီမံကိန်းရုံး ဒေသဆိုင်ရာညှိနှိုင်းရေးမှူး ဦးဌေးနိုင်၊ Pact in Myanmar အဖွဲ့မှ ဒေသဆိုင်ရာညှိနှိုင်းရေးမှူး ဦးငြိမ်းချမ်းကိုကို၊ မာရီစတုပ်(စ်)အင်တာနေရှင်နယ်ရုံးမှ တာဝန်ခံဒေါက်တာ ဖြိုးဝေမင်း၊ မြင်းခြံ၊ မိထ္ထီလာ၊ ပုလဲ၊ အောင်လံ။ စလင်း၊ ရေနံချောင်း၊ ပခုက္ကူ၊ မကွေးမြို့နယ်များမှ စီမံကိန်း ၀န်ထမ်းများ(၂၆)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ အမေရိကန်နိုင်ငံသားများသည် ၎င်းအလုပ်ရုံ ဆွေးနွေးပွဲ၌ ကျေးရွာဖွံ့ဖြိုးရေးကော်မတီနှင့် ဆက်စပ်သောလုပ်ငန်းများအကြောင်း၊ CESVI (ရှေ့သို့စီမံကိန်း)အဖွဲ့မှ ထောက်ပံ့ပေးထားသော ပစ္စည်းများအား ကျေးရွာရှိဒေသခံများအနေဖြင့် ရေရှည်မည်သို့ ထိန်းသိမ်းကြမည်၊ ကြာရှည်စွာအသုံးပြုနိုင်မည့်နည်းလမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရည်အသွေး မြှင့်တင်ရန် နည်းလမ်းများအကြောင်းကို မြို့နယ်ခြင်းအလိုက် အားသာချက်အားနည်းချက်များအား တင်ပြဆွေးနွေး ကြကြောင်း သတင်းရရှိသည်။
 

``မကွေးမြို့ရှိ နိုင်ငံရေးပါတီများသို့ နိုင်ငံတကာ နိုင်ငံရေးအသိပညာပေးရေးအဖွဲ့(IRI) မှ တွေ့ဆုံသင်တန်းပို့ချ´´

နိုင်ငံတကာ နိုင်ငံရေးအသိပညာပေးရေးအဖွဲ့ IRI (International Republicaen Institute) မှ အမေရိကန်နိုင်ငံသား Mr. Darin Antony နှင့် နိုင်ငံတကာ နိုင်ငံရေးအသိပညာပေးရေးအဖွဲ့ချုပ်ရုံး(ရန်ကုန်) မှ စကားပြန် ကပ်ခန့်ခွာလ် တို့နှစ်ဦးသည် နိုဝင်ဘာ(၂၇)ရက်နေ့တွင် မကွေးမြို့သို့ရောက်ရှိကြောင်း၊ နိုဝင်ဘာ (၂၈) (၂၉)ရက်နေ့များတွင် နေ့လည်(၂)နာရီမှ ညနေ(၅)နာရီအချိန်ထိ နိုင်ငံရေးပါတီများဖြစ်ကြသော ပြည်ခိုင်ဖြိုးပါတီ နှင့် တ.စ.ည ပါတီတို့အား တွေ့ဆုံသင်တန်းပို့ချကြောင်း သတင်းရရှိသည်။ အမေရိကန်နိုင်ငံသား Mr. Darin Antony ၏ နိုင်ငံတကာ နိုင်ငံရေးအသိပညာပေးခြင်းကြောင့် နိုင်ငံရေးပါတီများအနေဖြင့် လက်တွေ့၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နှင့် ရွေးကောက်ပွဲအတွက် အသုံးကျကြောင်း တ.စ.ည ပါတီရုံးအဖွဲ့မှူး ဦးမောင်ဌေး က ကိုပြောပြသည်။ အမေရိကန်နိုင်ငံသား Mr. Darin Antony ၏ ပြောကြားချက်များမှာ ပါတီဝင်များအနေဖြင့် သိသင့်သိထိုက်သော မိမိတို့၏ မဲဆန္ဒနယ်မြေ ဧရိယာ၊ လူဦးရေစာရင်း၊ မြို့နယ်လူထု နှင့်ကျေးရွာလူထုမှ စီးပွားရေးအခြေခံမှု၊ ကျေးလက်ဒေသများသို့ သွားလာဆက်သွယ်ရာတွင် လိုအပ်သော အချက်အလက်များအား သိရှိထားရန်လိုအပ်ကြောင်း၊ မီဒီယာများနှင့် ပတ်သက်၍ စာရင်းဇယားများကောက်ယူ ထားပြီး ပါတီ၏အကျိုးအားလိုလားသော မီဒီယာအုပ်စု၊ အခြားပါတီ၏ အကျိုးအားလိုလားသော မီဒီယာအုပ်စုများ ကို ခွဲခြားသိရှိရန်၊ မီဒီယာများကို အကျိုးရှိစွာ အသုံးချနိုင်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။ မြို့သူ/မြို့သား၊ ကျေးရွာသူ/ကျေးရွာသားများနှင့်ပတ်သက်၍ လူမှုရေးနှင့် စည်းရုံးနိုင်မှု၊ သြဇာအာဏာ သက်ရောက်မှုနှင့် ဘာသာရေးစည်းရုံးနိုင်မှုတို့အား လေ့လာဆန်းစစ်အသုံးချနိုင်ရန်၊ရပ်ကွက်/ကျေးရွာများတွင် ထူးချွန်၍ အများပြည်သူများလေးစားသော ခေါင်းဆောင်များရှိတတ်ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်၍ စည်းရုံးရေး ဆိုင်ရာကိစ္စရပ်များမှာ အသုံးချနိုင်ရေးတို့ကို အသေးစိတ် ရှင်းလင်းခဲ့ကြောင်း၊ ဆွေးနွေးပွဲတစ်ခုတွင် ပါတီဝင်များ (၁၅)ဦးခန့်တက်ရောက်၍ တက်ရောက်လာကြသူ ပါတီဝင်များမှ သိရှိလိုသော မေးမြန်းချက်များကို အမေရိကန်နိုင်ငံသား Mr. Darin Antony က ပြန်လည်ရှင်းလင်းကြောင်းသိရသည်။ အလားတူ နိုဝင်ဘာ(၃၀)ရက်နှင့် ဒီဇင်ဘာ(၁/၂)ရက်နေ့များ၌ မကွေးမြို့တွင်းမှ NLD ပါတီနှင့် NDF နှင့်အခြားပါတီများသို့ သွားရောက်တွေ့ဆုံ၍ နိုင်ငံတကာ နိုင်ငံရေးအသိပညာပေးရေးအတွက် တွေ့ဆုံဆွေး နွေးပွဲများ ကျင်းပကြောင်း သတင်းရရှိသည်။
 

မြို့နယ်တစ်မြို့နယ်သို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် သိန်းတစ်ထောင် အသုံးပြုခြင်းအစ ပြဿနာ

နိုဝင်ဘာ(၂၉)ရက် နံနက်(၁၀း၃၀ မှ နေ့ ၁၂)နာရီအထိ မကွေးမြို့၊မြင်သာရပ်၊ မဲထီးလမ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် မကွေးတိုင်းဒေသကြီး NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဗဟို ကော်မတီဝင်များ နှင့် တိုင်း/ခရိုင်/မြို့နယ်((၂၅)မြို့နယ်အလုပ်အမှုဆောင်များတွေ့ဆုံ၍ အထူးအစည်းအဝေး ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း နှင့် တောင်တွင်းကြီး မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ မကွေးတိုင်းဒေသကြီးNLD ဗဟိုကော်မတီဝင် (၉)ဦး နှင့် တိုင်း/ခရိုင်/မြို့နယ် ဥက္ကဋ္ဌ အတွင်းရေးမှူး ကိုယ်စားလှယ်များ စုစုပေါင်း(၅၅)ဦးတက်ရောက်သည်။၎င်း အစည်းအဝေးဆုံးဖြတ်ချက်မှ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်နာယက သူရဦးရွှေမန်း နှင့် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သုံးဦးဖြင့် တွေ့ဆုံရန်တောင်းဆိုခြင်းအား မကွေးတိုင်းNLD ပါတီကထောက်ခံကြောင်း NLDပါတီ ဗဟိုသို့ သ၀ဏ်လွှာပေးပို့မည်ဟုသိရသည်။ ထို့နောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် မြို့နယ်တစ်မြို့နယ်၌ သိန်းတစ်ထောင် အသုံးပြုခြင်းကိစ္စကို အကျယ်တစ်ဝန့် ဆွေးနွေးကြသည်။ ထိုအကြောင်းကို တောင်တွင်းကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ရှင်းလင်းသည်။ ၎င်းရှင်းလင်းချက်မှ ကောက်နှုတ်ဖော်ပြပါမည်။ မြို့နယ်တစ်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလျှင် သိန်းတစ်ထောင်အသုံးပြုခြင်းကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ အမိန့်ကြော်ငြာစာ ၈၂/၂၀၁၃ ဖြင့် ယခုလ နိုဝင်ဘာ(၁၅)ရက်နေ့က (ဖွံ့ဖြိုးရေးရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ ကို ထုတ်ပြန်ထားကြောင်း၊ ယခုနှစ် ၂၀၁၃/၂၀၁၄ ဘတ်ဂျက် မတ်လကုန်အတွင်း အသုံးပြုရမည်ဖြစ်ကြောင်း၊ ၎င်းငွေကို သတ်မှတ်ဘတ်ဂျက်အတွင်းမကုန်လျှင် ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွက် အသုံးပြုရန် လေးလအချိန်သာရှိ၍ အရေးတစ်ကြီး ဖွံ့ဖြိုးရေး လုပ်ငန်းများ တွင် အသုံးပြုရာ၌ အခက်အခဲများ ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်းသိရသည် ယခု NLDပါတီအစည်းအဝေးတွင် တင်ပြသွားသော ဆောမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ကြံခိုင်ရေးပါတီက ယခုရရှိသော ငွေသိန်းတစ်ထောင်ဖြင့် ကျေးရွာ၏ လိုအပ်ချက်များကိုပြုလုပ်ပေးမည် သို့သော်၎င်းကျေးရွာမှ ပါတီဝင်အင်အား ၅၀% အဆိုပြုလွှာ တင်ရမည်ဆိုသော ကိစ္စကို တိတိကျကျ အထောက် အထားစုံဖြင့် လွှတ်တော်နာယက သူရဦးရွှေမန်းထံသို့လိပ်မှုပြီး တိုင်းကြားနိုင်ကြောင်း၊(ဆောမြို့နယ်NLDပါတီ ဥက္ကဋ္ဌ က အထောက်အထားစုံလင်စွာဖြင့် တင်ပြထားပါကြောင်း ဖြေဆိုသည်။) ပါတီတွေက အမျိုးမျိုး ရှိကြပြီး မြို့နယ်တစ်မြို့နယ်အတွင်း၌ ပါတီတစ်ခုတည်းထဲက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာရှိသော နေရာများတွင် ၂၀၁၅ အတွက် နိုင်ငံရေးအကျိုးအမြတ်ရအောင် ယခုလို ပြုမှုနိုင်ပါကြောင်း၊ ဤ သိန်းတစ်ထောင်ငွေသည် ပါတီစည်းရုံးရေးအတွက် ပြုလုပ်ခွင့်မရှိပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကို မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နေရာများတွင် ကော်မတီဖွဲ့၍ လက်ရှိ မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီက တင်ပြလာသောဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာတစ်အုပ်စုလျှင် ငွေကျပ်သိန်း(၅၀)သာ အသုံးပြုရမည်ဖြစ်ကြောင်း၊ အချို့မြို့နယ်များတွင် မြို့နယ် /ရပ်ကျေး အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းရာတွင် ပါတီတစ်ခုတည်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး အကြိုက်ဖွဲ့စည်းထားကြောင်း၊ ဒါကြောင့် တောင်တွင်းကြီးမြိုနယ်မှာ ပါတီစုံနှင့် ရပ်မိ ရပ်ဖများ ပါဝင်နိုင်အောင် ပြန်လည်ဖွဲ့စည်းပေးရန်တောင်းဆိုပြီး ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ အသုံးပြုခွင့်သတ်မှတ်ထားသော လုပ်ငန်းများမှာ (၁)သောက်သုံးရေရရှိရေးလုပ်ငန်းများ။ (၂) ကျေးလက် တံတား/လမ်းများပြုပြင်ဆောက်လုပ်ခြင်းလုပ်ငန်းများ။ (၃) ပညာရေးဆိုင်ရာ အဆောက်အဦးပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ။ (၄)ကျန်းမာရေးဆိုင်ရာ အဆောက် အဦးပြုပြင်တည်ဆောက်ခြင်း။ (၅)မြို့နယ်အတွင်း ပြည်သူလူထု၏ အမှန်တကယ်လိုအပ်ချက်ဖြစ်သော အခြား လုပ်ငန်းများ ဟု ငါးမျိုးသတ်မှတ်ပေးထားပါကြောင်း၊ ယခု နှစ်၂၀၁၃/၂၀၁၄ ဘတ်ဂျက်အတွင်း ပြုလုပ်ပေး ရန် ကျန်သောကျေးရွာအုပ်စုများအနေဖြင့် နောင်နှစ်များမှာ ပါဝင်ရရှိအောင် မြို့နယ်/ရပ်ကျေးဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု့အဖွဲ့များက ကြိုတင်စီမံချက်များရေးဆွဲထားပြီး နှစ်စဉ် သြဂုတ်လအတွင်း သက်ဆိုင်ရာများထံ တင်ပြတောင်းခံနိုင်ပါကြောင်း၊ သိန်းတစ်ထောင်သုံးစွဲခြင်း ဥပဒေ နည်းဥပဒေများ ကို တောင်တွင်းကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က အသေးစိတ် ရှင်းလင်းပြောဆို၍ မိတ္တူများ ဖြန့်ဝေ ကြောင်း သတင်းရရှိသည်။
 

(နိုဝင်ဘာ(၂၉)ရက်နေ့တွင် မန္တလာမင်းကားဂိတ်ဖွင့်ပွဲမှာ ဆန္ဒပြမည်ဆိုသော်လည်း ၎င်းဂိတ်ကို စည်ကားသိုက်မြိုက်စွာဖွင့်လှစ်လိုက်ပါပြီ..)

ပြီးခဲ့သော နိုဝင်ဘာ(၂၅)ရက် နေ့လည်(၂)နာရီအချိန်တွင် မကွေးမြို့ ရန်ဝေးရပ် ကားကြီးကွင်း၌ ကားဂိတ်အသစ် အဆောက်အအုံ (၂၆)ခန်း ထဲမှ အားလုံးမပြီးစီးသေးခင်မှာ ထူးခြားစွာဖြင့် ဦးစားပေး နေရာ ချထားသော မန္တလာမင်း ကားဂိတ်ဖွင့်လှစ်ခြင်းအား ကန့်ကွက်ကြောင်း အာကာသ ကားဂိတ်တွင် သတင်း စာရှင်းလင်းပွဲပြု လုပ်ကြသည်။ ပြည်တွင်းပြည်ပ မီဒီယာ(၁၀)ဦးတက်ရောက်၍ သက်ဆိုင်သော ဂိတ်မှူး/ ဂိတ်ပိုင်များ (၂၅)ဦးတက် ရောက်ကြသည်။ တက်ရောက်လာသူများမှ ဦးမောင်မောင်လွင် ဂိတ်မှူး(အာကာသကားဂိတ်)၊ ဦးမောင်အေး ဂိတ်မှူး( ပန်တော်ဦး ကားဂိတ်) ၊ဦးချယ်ရီမောင် ဂိတ်မှူး(ခိုင်မန္တလေးကားဂိတ်) နှင့်ဂိတ်နေရာလျှောက်ထားသော ဂိတ်မှူး/ဂိတ်ပိုင်များ (၂၅)ဦး တို့က အောက်ပါအတိုင်း ပြောဆိုအော်ဟစ်ကြသည်။ ပြီးခဲ့သောနိုဝင်ဘာ(၂၅)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ဂိတ်ပိုင်/ဂိတ်မှူး များမှလည်း ထိုကိစ္စအား ပွင့်လင်းမြင်သာမှုမရှိဘဲ မျက်နှာရှိရာ ဟင်းဖတ်ပါ၍ အထက်က အရှိန်အ၀ါအာဏာသုံးပြီး ပရက်ရှာပေး၍ မကွေးကားကြီးကွင်းအတွင်း လုံးဝမပြေးဆွဲရသေးသော မန္တလာမင်း ကားဂိတ်ကို ဦးဦးဖျားဖျား ဦးစားပေးပြီး နေရာပေး၍ ဂိတ်နှစ်ခန်းတွဲပေးထားခြင်း၊ ဆောက်လက်စဂိတ်များ အားလုံးမပြီးသေးခင်မှာ နိုဝင်ဘာ (၂၉)ရက်နေ့ တွင် မန္တလာမင်းကားဂိတ်မှ ခရီးသည်ကားများစတင် ပြေးဆွဲမည်ဆိုတာကို အားလုံးသိလိုက်ရတော့ လက်ရှိပြေးဆွဲနေသော လျှောက်ထားဆဲ ကားဂိတ်များအပေါ် ဂရုမ စိုက်ရာကြပြီး တရားမျှတမှုမရှိ၍ စည်ပင်သာယာရေးကော်မတီအား လုံးဝမကြေနပ်ကြကြောင်း၊ မန္တာလာမင်းကား ဂိတ်ကို အခြား ကားဂိတ်များက မနာလိုဝန်တိုဖြင့် အချင်းချင်းတွေ တိုက်ထုတ်နေခြင်း မဟုတ်ပါကြောင်း၊ နေရာချထားရေး ကော်မတီမှာသာ တာဝန်ရှိပါ၍ ဆောက်လက်စ ကားဂိတ်များအားလုံးပြီးမှ နေရာချထား ပြေးဆွဲကြစေလိုကြောင်း၊ ထို့ကြောင့် ဤ ကိစ္စကို တရားမျှတစွာဖြင့် မဲစနစ်အတိုင်းဆက်လက်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ယနေ့ တောင်းဆိုချက်အတိုင်း စည်ပင်သာယာရေးကော်မတီ က ပြုလုပ်မပေးခဲ့လျှင် အဆိုပါဂိတ်စတင် ဖွင့်မည့် နိုဝင်ဘာ (၂၉)ရက်နေ့တွင် ကားကြီးကွင်းအတွင်း၌ ဆန္ဒပြကြမည်ဟု တက်ရောက်လာ သူ ဂိတ်မှူး/ဂိတ်ပိုင်များ အားလုံးက တညီးတညွတ်တည်း သုံးကြိမ်အော်ဟစ်၍ ပြောဆိုကြသည်။ ထိုကိစ္စအား မကွေးမြို့(မ.ထ.သ) ဥက္ကဋ္ဌ ဦးမြင့်စိုးအားမေးမြန်းရာတွင်.. ..`` ဒီကိစ္စကို နိုဝင်ဘာ(၇)ရက်နေ့က အစည်းအဝေးတက်ရပါတယ်။ ကားဂိတ်တွေအသစ်ဆောက်မယ် ဆိုတာကလွဲပြီး ကျန်တာ ကျွန်တော်ဘာမျှမသိရပါဘူး။ ဆောက်လုပ်ရေးကော်မတီမှာရော နေရာချထားရေးကော်မတီမှာရော ကျွန်တော့်ကို ဖိတ်ကြားခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်းမရှိခဲ့ပါဘူး။ ဒီ မန္တလာမင်းဂိတ်ချထားပေးလိုက်တာလဲ ကျွန်တော်မသိပါဘူး။ ဂိတ်ဖွင့်မဲ့ဖိတ်စာရောက်လာမှ သိရပါတယ်။ စည်ပင်ကိုတင်ထားတဲ့ ဂိတ်(၇)ခု လုံးကပြည့်စုံကြပါတယ်။ နောက်ထပ် (၂)ဂိတ်တွဲဖွင့်ပြီး လက်ရှိပြေးဆွဲနေတဲ့ဂိတ်တွေကလည်း ကျွန်တော်ဆီကို (၂၂)ဂိတ်က လျှောက်လာ ကြပါတယ်။ ကျွန်တော်တို့ရုံးကနေ စည်ပင်သာယာရေးကော်မတီကို ဆက်ပြီး တင်ပေးထားပါတယ်။ ယခုလို ဖြစ်နေတဲ့ကိစ္စမှာ ဒီကားဂိတ်တွေနဲ့ ကျွန်တော်က မိဘတစ်ယောက်ဖြစ်ပါတယ်။ အစက ကျွန်တော့်ကိုသာ စည်ပင်ကော်မတီက ခေါ်ပြီးညှိနှိုင်းတိုင်ပင်ရင် ဒီလောက်အထိမဖြစ်ပါဘူးဗျာ..။´´ဟု မကွေးမြို့(မ.ထ.သ) ဥက္ကဋ္ဌ ဦးမြင့်စိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ သတင်းစာရှင်လင်းပွဲအပြီးတွင် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးနေမျိုးနိုင် (အမှုဆောင် အရာရှိ)ထံသို့ သွားရောက်မေးမြန်းရာ…၊ `` ဒီကိစ္စကိုပြောရရင် အစကနေပြောမှရမယ်။ မန္တလာမင်းဂိတ်ကို အခြေခံပြီး ဒီဂိတ်သစ်အဆောက်အအုံတွေ ဖြစ်ပေါ်လာတာပါ။ အဲဒီဂိတ်က ကျွန်တော်တို့ဆီကို ထောက်ခံချက် ပြည့်ပြည့်စုံစုံနဲ့ လျှောက်ထားပြီးနေရာ တောင်းပါတယ်။ ကားကွင်းကြီးအတွင်းတောင်ဘက် ဂိတ်နှစ်ခုကြားလွတ်နေတဲ့ နေရာကို ကျွန်တော်တို့စည်ပင်က နေရာပေးပြီးဆောက်ဖို့စီစဉ်ခဲ့ပါတယ်။ အဲဒီတုန်းက အခြားဂိတ်တွေနဲ့ဆိုင်ခန်းတွေက ကန့်ကွက်ခဲ့ကြလို့ ကားကွင်း မြောက်ဘက်တန်းက နေရာအလွတ်မှာ မန္တလာမင်းဂိတ်ကို နေရာချထားပေးခဲ့ပါတယ်။ အဲဒီနေရာမှာ မန္တလာမင်း ကားဂိတ် ဆောက်လုပ်ဖို့ စတင်စီစဉ်ခဲ့ကြတာပါ။ အဲဒီအချိန်က မ.ထ.သ မှ ပေးပို့လာတဲ့ (၆)ဂိတ် အတွက်ပါ ဆောက်မယ်စီစဉ်ခဲ့တယ်၊ ဒီကိစ္စကို စည်ပင်ကော်မတီအဖွဲ့နဲ့တိုင်ပင်တော့ အခြားလက်ရှိတွဲလျှက် နှစ်ဂိတ်တွဲ ဖွင့်နေတဲ့ဂိတ်တွေအတွက်ပါပေးရအောင်ဆိုပြီး ဂိတ်(၂၆)ခန်း ဆောက်ဖို့စီစဉ်ကြပါတယ်။ ကားကြီးကွင်းက စည်ပင်သာယာပိုင်မြေဖြစ်သော်လဲ စည်ပင်ကော်မတီသဘော နဲ့သာ မလုပ်ခဲ့ကြဘဲ အောက်တိုဘာ(၇)ရက်နေ့မှာ ကားဂိတ်အားလုံးကို အစည်းအဝေးခေါ်ခဲ့တယ်။ အဲဒီအစည်းအဝေးမှာ အစည်းအဝေးဆုံးဖြတ် ချက်များကို ကျွန်တော် ကိုယ်တိုင် အများရဲ့ရှေ့မှာဖတ်ကြားပြခဲ့တာပါ။ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်ကို အောက်တို ဘာ(၁၇) ရက်နေ့က ဖြန့်ဝေခဲ့ပါ တယ်။ လက်ရှိ ကျွန်တော့်ဆီမှာ နေရာချထားပေးဖို့ ကားဂိတ် လျှောက်လွှာ (၇)ဂိတ် လက်ခံရရှိထားကြောင်း၊ ကားဂိတ်(၂၆)ခန်း နဲ့ ဈေးဆိုင်ခန်း(၆၀)ခန်းဆောက်မယ်။ ငွေစိုက်ပြီး ဆောက်လုပ်နိုင်မယ့် ကုမ္ပဏီတွေကို သတင်းစာမှာ တင်ဒါခေါ်ပြီးဆောက်မယ်။ တင်ဒါအနည်းဆုံးဖြစ်တဲ့ အောင်ပဒေသာ ဦးဇော်ကိုနဲ့ SMG ကုမ္ပဏီ(၂)ခုကို ကန်ထရိုက်ပေးထားပြီးဆောက်နေပါတယ်။ ကားဂိတ်(၁၅ ပေX ၃၀ ပေ) တစ်ခန်း (၁၂၅)သိန်း၊ ဈေးဆိုင်ခန်း(ဆယ်ပေ ပတ်လည်)တစ်ခန်း (၁၅)သိန်း ကော်မတီက သတ်မှတ်လိုက်တယ်။ အရစ်ကျသုံးကြိမ်ခွဲ သွင်းရမယ်။ လက်ခံရရှိပြီး ကားဂိတ်(၇)ဂိတ်အတွက် ဆောက်လုပ်တဲ့အခန်းများကို စည်ပင်သာယာကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း နေရာချထားပေးမယ်။ နောက်ထပ်လျှောက်မယ့် ကားဂိတ်တွေကိုတော့ ခရီးစဉ်အတိုင်း မဲစနစ်ဖြစ်နဲ့ ဖြစ်ချင်ဖြစ်သွားမယ်၊ ဈေးဆိုင်ခန်းတွေကိုတော့ ရောင်းကုန် အလိုက် မဲစနစ်နဲ့ နေရာချထားကြမယ်လို့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖတ်ကြားခဲ့ပြီးသားဖြစ်ပါတယ်။ ကားဂိတ်နေရာကို လျှောက်ရင် စည်ပင်သာယာ ရေးကော်မတီထံကို လျှောက်ရမှာပါ။ မ.ထ.သ ဥက္ကဋ္ဌ ဦးမြင့်စိုးထံသို့ ရောက်နေတဲ့ လျှောက်လွှာတွေ ကျွန်တော့်တို့ဆီကို မရောက်သေးပါဘူး။ ယခု ကျွန်တော်တို့ဆီ ရောက်လာတဲ့ မန္တာလာမင်းဂိတ်အပါ ဂိတ်(၇)ဂိတ်ကို စည်ပင်သာယာရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်နေရာချ ထားပေး သွားမှာဖြစ်ပါတယ်။ မည့်သည့်အထက်က အမိန့် ပရက်ရှာမျှ လုံးဝမရှိပါဘူး။ စည်ပင်သာယာရေးကော်မတီ ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်..။´´ဟု ဦးနေမျိုးနိုင်(အမှုဆောင်အရာရှိ၊ မကွေးမြို့စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး) က မြန်မာပို့စ်ကို ပြောသည်။ နိုဝင်ဘာ(၂၉)ရက်နေ့ဖွင့်သော မန္တလာမင်းကားဂိတ်သို့ သွားရောက်ခဲ့ရာ ၎င်းဂိတ်တာဝန်ခံဂိတ်မှူး ကိုခိုင်ကြီး တွေ့ဆုံမေးမြန်းပါသည်။ `` ကျွန်တော်တို့ မန္တလာမင်းကားဂိတ်အသစ်မှာ နံနက်ပိုင်း သံဃာတော်များကို အာရုံဆွမ်းကပ်ပါတယ်။ ညနေ(၄)နာရီမှ (၆)နာရီအထိ ကားဂိတ်ဖွင့်ပွဲကျင်းပမှာပါ။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဖေနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနေရှင်းတို့ကြွရောက် ဖွင့်လှစ်ပေးမှာပါ။ ဒီအခန်းအနားမှာ ကျွန်တော်တို့ မန္တာလာမင်း ယာဉ်လိုင်းဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အေး က မကွေးဖန်းခါးမြေဘိုးဘွားရိပ်သာအတွက် အလှူငွေကျပ်တစ်သိန်း၊ မကွေးမြို့ဂရုနာရှင်များအသင်းအတွက် အလှူငွေကျပ် နှစ်သိန်း နဲ့ ကားဂိတ်ဖွင့်ပွဲမှာ လာရောက်ကူညီပေးတဲ့ မကွေးမြို့ ဆားစေ့ကျောင်း အလယ်တန်းကျောင်းမှ ဘင်ခရာတီးဝိုင်းအဖွဲ့အတွက် အလှူငွေ တစ်သိန်းကျပ်စီ အသီးသီးလှူဒါန်းပေးပါတယ်။ ညပိုင်း (၇)နာရီ မကွေးမြို့ မြို့တော်ခန်းမမှာ အဆိုတော်/ရုပ်ရှင်မင်းသမီးများ ဖြစ်ကြတဲ့ ဂျင်းနီ၊ သြရသ၊ ချစ်စနိုးဦး၊ နောနော် တို့နဲ့ အခြားအဆိုတော်များက မကွေးမိဘပြည်သူများကို ဖျော်ဖြေတင်ဆက်ပေးမှာ ဖြစ်ပါတယ်။ မန္တလာမင်း ကားဂိတ်ဖွင့်တာ မြန်မာတစ်ပြည်လုံးမှာ ယနေ့ မကွေးမြို့ဂိတ်ကတော့ (၁၂)ဂိတ်မြောက် ဖွင့်လှစ်လိုက်တဲ့ ဂိတ်ဖြစ်ပါတယ်ခင်ဗျာ..။´´ ဟု ဂိတ်မှူး ကိုခိုင်ကြီးမှ မြန်မာပို့စ် ကိုပြောသည်။ အဆိုပါဂိတ်ဖွင့်သောနေ့တွင် ဆန္ဒပြကြမည်ဆိုသောအဖွဲ့မှ ဦးမောင်မောင်လွင်နဲ့ တွေ့၍ မေးကြည့်ရာ ``ကျွန်တော်တို့ အစည်းအဝေးလုပ်တဲ့ရက်နဲ့ ဆန္ဒပြခွင့်ကို ရက်ကြိုတင်ရမှာက မမှီလို့ ဆန္ဒပြခွင့် မတင်ဖြစ်ပါဘူး။ ယနေ့ ဘာအစီအစဉ်မှ မရှိပါဘူးဗျာ…။´´ ဟု အာကသ ကားဂိတ်မှူး ဦးမောင်မောင်လွင်က မြန်မာပို့စ် သို့ပြောသည်။ အဆိုပါကားဂိတ်ဖွင့်ပွဲကို မကြေနပ်ကြသော ကားဂိတ်များမှ ဆန္ဒပြမည်ဟု အသံလွှင့်ထား၍ လုံခြုံရေးအပြည့်ချထားကြောင်း မြင်တွေ့ရပါသည်။
 

(၁၄)ကြိမ်မြောက် မဟာသမယသုတ်ပါဠိတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲ ဖွင့်ပွဲကျင်းပ

မကွေး နိုဝင်ဘာ ၂၆ တိုင်းပြည် နိုင်ငံတစ်ဝှမ်းလုံး အေးချမ်းသာယာ၍ ဘေးအန္တရာယ်ဟူသမျှမှ ကင်းဝေးစေရန်နှင့် ဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်စွာ ပြန့်ပွား ထွန်းကားစေရန် ရည်မှန်းကာ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ၂၀၁၃-ခုနှစ်၊(၁၄)ကြိမ်မြောက် မဟာသမယသုတ် ပါဠိတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၆)ရက် နံနက်(၈)နာရီက မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ မြမဉ္စာဓမ္မသဘင် ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မင်းမှ အဖွင့်အမှာစကားပြောကြား ပါသည်။ ထို့နောက်အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး မဟာသမယသုတ် ပါဠိတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံး ရွေးချယ်ပွဲ ကို စတင်ကျင်းပပါသည်။ အဆိုပါရွေးချယ်ပွဲကို နိုဝင်ဘာလ (၂၆)ရက်နေ့ မှ (၂၉)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး မကွေးမြို့နယ်၊မင်းဘူးမြို့နယ်များရှိ ရပ်ကွက်များမှ ၀တ်အသင်းများ၊ဌာနဆိုင်ရာဝတ်အသင်းများ၊ အ.ထ.က ကျောင်းများမှ ၀တ်အသင်းများ စုစုပေါင်း ၀တ်အသင်း(၃၀) ပါဝင် ရွတ်ဆိုပူဇော်ကြမည် ဖြစ်ကြောင်း သိရှိရသည်။ တင်ထွန်းဦး သတင်းပေးပို့သူ - ဦးတင်ထွန်းဦး(ဓါတ်ပုံ-၂)
 

``မကွေးမြို့ကားကြီးကွင်းရှိ ကားဂိတ်အသစ်(၂၆)ဂိတ် နေရာချထားရာ မညီမျှ၍ စည်ပင်သာယာရေးကော်မတီသို့ ကားဂိတ်များမှ ဆန္ဒပြမည်ဟုဆို´´

နိုဝင်ဘာ(၂၅)ရက်နေ့ နေ့လည်(၂ နာရီမှ ၃း၃၀ နာရီ)အချိန်ခန့်တွင် မကွေးမြို့ ရန်ဝေးရပ် ပြည်တော်သာ လမ်း နှင့် မဲထီလမ်းကြားရှိ မကွေးကားကြီးကွင်းမှ ရှေ့ဆောင်ကားဂိတ်နှင့် တွဲလျှက်ဖွင့်လှစ်သော အာကာသ ကားဂိတ်၌ ကားကြီးကွင်းအတွင်းမှ အသစ်ဆောက်သော(၂၆)ဂိတ်၏ နေရာချထားမှုကို လျှောက်ထားကြသော ကားဂိတ်များမှ ဂိတ်မှူး/ဂိတ်ပိုင်များ(၂၅)ဦးခန့်တို့က စည်ပင်သာယာရေးအဖွဲ့အား ကန့်ကွက်ကြောင်း သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကြသည်။ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ (၁၀)ဦးခန့်တက်ရောက်ကြောင်း သတင်းရရှိ သည်။ ဖြစ်စဉ်မှာ အောက်တိုဘာ(၇)ရက်နေ့ နံနက်(၉)နာရီခန့်တွင် မကွေးမြို့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိန်းရေး ယာဉ်ရပ်စခန်း၌ ကားကြီးကွင်းစနစ်တကျဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မော်တော်ယာဉ်ဂိတ်တာဝန်ခံများ ညှိနှိုင်းအစည်းအဝေးပြုလုပ် ကြောင်းသိရသည်။ ၎င်းအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ကားဂိတ်များအတွက် (၁၅ ပေX ၃၀ ပေ) နှစ်ထပ်အဆောက်အဦး (၂၆)ခန်း နှင့် ဈေးဆိုင်များအတွက် ဆယ်ပေပတ်လည်ခန်း(၆၀)ခန်း ဆောက်လုပ်ရန် သတင်းစာမှ တင်ဒါခေါ်၍ ဆောက်လုပ်နေကြောင်း သတင်းရရှိသည်။ ၎င်း အစည်းအဝေး၌ ကားဂိတ်ဖွင့်လှစ်ရန် လျှောက်ထားသောဂိတ်(၇)ဂိတ်အား မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ လက်ခံရယူထားကြောင်းသိရ သည်။ ထို့နောက် ဂိတ်တစ်ခုအတွင်း၌ (၂)ဂိတ်တွဲလျှက် လက်ရှိပြေးဆွဲ၍ ဖွင့်နေရသော ကားဂိတ်များမှ မကွေးမြို့(မ.ထ.သ) ရုံးသို့ဆက်လက်လျှောက်ထားကြကြောင်းသိရှိရသည်။ အဆိုပါလျှောက်ထားကြသော ကားဂိတ်များမှ နိုဝင်ဘာ(၂၅)ရက်နေ့တွင် ကားဂိတ်သစ်များအားလုံး ဆောက်လုပ်၍မပြီးသေးဘဲ (မန္တလာမင်း ကားဂိတ်)ကို နေရာချထားပေးပြီး နိုဝင်ဘာ(၂၉)ရက်နေ့မှာ စတင် ဂိတ်ဖွင့်ပြေးဆွဲမည်ဖြစ်ခြင်းကို မကြေနပ်ကြသောကြောင့် မီဒီယာသမားများအား ဖိတ်ကြား၍ သတင်းစာရှင်းလင်း ပွဲပြုလုပ်ကြသည်ဆို၏။ ၎င်းကိစ္စကို နိုဝင်ဘာ(၂၂)ရက်နေ့က မကွေးမြို့နယ်စည်ပင်သာရေးရုံးသို့ ဂိတ်ပိုင်များ သွားရောက်မေးမြန်းခဲ့ရာ စည်ပင် သာယာရေးကော်မတီ ၏ ဆုံးဖြတ်ချက်အတိုင်း လျှောက်ထားသောဂိတ်(၇) ဂိတ်မှ မန္တလာမင်း ကားဂိတ်ပိုင်သို့ ဦးစားပေးနေရာချထားပေးသွားမည်ဖြစ်ကြောင်း၊ နောက်ကားဂိတ်များကိုလည်း စည်ပင်သာယာရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့်းစီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အဖွဲ့ဝင်များ ဦးကျော်ဝင်း၊ ဦးဇေယျ နှင့် အတွင်းရေးမှူး ဦးနေမျိုးနိုင်(စည်ပင်အမှုဆောင် အရာရှိ)တို့က ဖြေဆိုသည်ဟု ပန်တော်ဦးဂိတ်မှူး ဦးမောင်အေး က ပြောသည်။ အလားတူ နိုဝင်ဘာ(၂၅)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသော ဂိတ်ပိုင်/ဂိတ်မှူး များမှလည်း ထိုကိစ္စအား ပွင့်လင်းမြင်သာမှုမရှိဘဲ မျက်နှာရှိရာ ဟင်းဖတ်ပါ၍ အထက်က အရှိန်အ၀ါအာဏာသုံးပြီး ပရက်ရှာပေး၍ မကွေးကားကြီးကွင်းအတွင်း လုံးဝမပြေးဆွဲရသေးသော မန္တလာမင်း ကားဂိတ်ကို ဦးဦးဖျားဖျား ဦးစားပေးပြီး နေရာပေး၍ ဂိတ်နှစ်ခန်းတွဲပေးထားခြင်း၊ ဆောက်လက်စဂိတ်များအားလုံးမပြီးသေးခင်မှာ နိုဝင်ဘာ (၂၉)ရက်နေ့ တွင် မန္တလာမင်းကားဂိတ်မှ ခရီးသည်ကားများစတင်ပြေးဆွဲမည်ဆိုသော ဖိတ်စာနှင့်ဗီးနိုင်းကြော်ငြာ များ ကပ်နေခြင်း တို့သည် လက်ရှိပြေးဆွဲနေသော လျှောက်ထားဆဲ ကားဂိတ်များအပေါ် ဂရုမစိုက်ရာကြပြီး တရားမျှတမှုမရှိ၍ စည်ပင်သာယာရေးကော်မတီအား လုံးဝမကြေနပ်ကြကြောင်း၊ မန္တာမင်းကား ဂိတ်ကို အခြား ကားဂိတ်များက မနာလိုဝန်တိုဖြင့် အချင်းချင်းတွေ တိုက်ထုတ်နေခြင်း မဟုတ်ပါကြောင်း၊ နေရာချထားရေး ကော်မတီမှာသာ တာဝန်ရှိပါ၍ ဆောက်လက်စ ကားဂိတ်များအားလုံးပြီးမှ နေရာချထား ပြေးဆွဲကြစေလိုကြောင်း၊ ထို့ကြောင့် ဤ ကိစ္စကို တရားမျှတစွာဖြင့် မဲစနစ်အတိုင်းဆက်လက်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယနေ့ တောင်းဆိုချက်အတိုင်း စည်ပင်သာယာရေးကော်မတီ က ပြုလုပ်မပေးခဲ့လျှင် အဆိုပါဂိတ်စတင် ဖွင့်မည့် နိုဝင်ဘာ (၂၉)ရက်နေ့တွင် ကားကြီးကွင်းအတွင်း၌ ဆန္ဒပြကြမည်ဟု တက်ရောက်လာသူ ဂိတ်မှူး/ဂိတ်ပိုင်များ အားလုံးက တညီးတညွတ်တည်း သုံးကြိမ်အော်ဟစ်၍ ပြောဆိုကြသည်။ ထိုကိစ္စကို မကွေးမြို့(မ.ထ.သ) ဥက္ကဋ္ဌ ဦးမြင့်စိုးအား မီဒီယာများမှမေးမြန်းရာ..`` ဒီကိစ္စကို နိုဝင်ဘာ(၇)ရက်နေ့က အစည်းအဝေးတက်ရပါတယ်။ ကားဂိတ်တွေအသစ်ဆောက်မယ် ဆိုတာကလွဲပြီး ကျန်တာ ကျွန်တော်ဘာမျှမသိရပါဘူး။ ဆောက်လုပ်ရေးကော်မတီမှာရော နေရာချထားရေးကော်မတီမှာရော ကျွန်တော့်ကို ဖိတ်ကြားခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်းမရှိခဲ့ပါဘူး။ ဒီ မန္တလာမင်းဂိတ်ချထားပေးလိုက်တာလဲ ကျွန်တော်မသိပါဘူး။ ဂိတ်ဖွင့်မဲ့ဖိတ်စာရောက်လာမှ သိရပါတယ်။ ကားဂိတ်ဖွင့်ဖို့လျှေက်လွှာတင်ရင် ကျွန်တော်က ထေက်ခံစာပေးရ ပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံမှသာ ဂိတ်ဖွင့်ဖို့ထောက်ခံပေးပါတယ်။ စည်ပင်ကိုတင်ထားတဲ့ ဂိတ်(၇)ခု လုံးကပြည့်စုံကြပါတယ်။ နောက်ထပ် (၂)ဂိတ်တွဲဖွင့်ပြီး လက်ရှိပြေးဆွဲနေတဲ့ဂိတ်တွေကလည်း ကျွန်တော်ဆီကို လျှောက်လာကြပါတယ်။ ကျွန်တော်တို့ရုံးကနေ စည်ပင်သာယာရေးကော်မတီကို ဆက်ပြီး တင်ပေးထားပါတယ်။ ယခုလိုဖြစ်နေတဲ့ကိစ္စမှာ ဒီကားဂိတ်တွေနဲ့ ကျွန်တော်က မိဘတစ်ယောက်ဖြစ်ပါတယ်။ အစက ကျွန်တော့်ကိုသာ စည်ပင်ကော်မတီက ခေါ်ပြီးညှိနှိုင်းတိုင်ပင်ရင် ဒီလောက်အထိမဖြစ်ပါဘူးဗျာ..။´´ဟု မကွေးမြို့(မ.ထ.သ) ဥက္ကဋ္ဌ ဦးမြင့်စိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ သတင်းစာရှင်လင်းပွဲအပြီးတွင် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးနေမျိုးနိုင် (အမှုဆောင် အရာရှိ)ထံသို့ သွားရောက်မေးမြန်းရာ…၊ `` ဒီကိစ္စကိုပြောရရင် အစကနေပြောမှရမယ်။ မန္တလာမင်းဂိတ်ကို အခြေခံပြီး ဒီဂိတ်သစ်အဆောက်အအုံတွေ ဖြစ်ပေါ်လာတာပါ။ အဲဒီဂိတ်က ကျွန်တော်တို့ဆီကို ထောက်ခံချက် ပြည့်ပြည့်စုံစုံနဲ့ လျှောက်ထားပြီးနေရာ တောင်းပါတယ်။ ကားကွင်းကြီးအတွင်းတောင်ဘက် ဂိတ်နှစ်ခုကြားလွတ်နေတဲ့ နေရာကို ကျွန်တော်တို့စည်ပင်က နေရာပေးပြီးဆောက်ဖို့စီစဉ်ခဲ့ပါတယ်။ အဲဒီတုန်းက အခြားဂိတ်တွေနဲ့ဆိုင်ခန်းတွေက ကန့်ကွက်ခဲ့ကြလို့ ကားကွင်း မြောက်ဘက်တန်းက နေရာအလွတ်မှာ မန္တလာမင်းဂိတ်ကို နေရာချထားပေးခဲ့ပါတယ်။ အဲဒီနေရာမှာ မန္တလာမင်း ကားဂိတ် ဆောက်လုပ်ဖို့ စတင်စီစဉ်ခဲ့ကြတာပါ။ အဲဒီအချိန်က မ.ထ.သ မှ ပေးပို့လာတဲ့ (၆)ဂိတ် အတွက်ပါ ဆောက်မယ်စီစဉ်ခဲ့တယ်၊ ဒီကိစ္စကို စည်ပင်ကော်မတီအဖွဲ့နဲ့တိုင်ပင်တော့ အခြားလက်ရှိ နှစ်ဂိတ်တွဲဖွင့်နေရတဲ့ ဂိတ်တွေအတွက်ပါ နေရာရရှိပါစေဆိုပြီး စည်ပင်ကော်မတီနဲ့ဆွေးနွေးပြီး ဂိတ်တွေ(၂၆)ခန်း ဆောက်ဖို့စီစဉ်ကြ ပါတယ်။ ကားကြီးကွင်းက စည်ပင်သာယာပိုင်မြေဖြစ်သော်လဲ စည်ပင်ကော်မတီသဘော နဲ့သာ မလုပ်ခဲ့ကြဘဲ အောက်တိုဘာ(၇)ရက်နေ့မှာ ကားဂိတ်အားလုံးကို အစည်းအဝေးခေါ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ တက်ရောက်လာကြတဲ့ ကားဂိတ်မှူး/ဂိတ်ပိုင်တွေရဲ့ရှေ့မှာဘဲ အစည်းအဝေးဆုံးဖြတ် ချက်များကို ကျွန်တော် ကိုယ်တိုင်ဖတ်ကြားပြခဲ့တာပါ။ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်ကို အောက်တိုဘာ(၁၇) ရက်နေ့က ဖြန့်ဝေခဲ့ပါ တယ်။ လက်ရှိ ကျွန်တော့်ဆီမှာ နေရာချထားပေးဖို့ ကားဂိတ် လျှောက်လွှာ(၇)ဂိတ် လက်ခံရရှိထားကြောင်း၊ ကားဂိတ်(၂၆)ခန်း နဲ့ ဈေးဆိုင်ခန်း(၆၀)ခန်းဆောက်မယ်။ ငွေစိုက်ပြီးဆောက်လုပ်နိုင်မယ့် ကုမ္ပဏီတွေကို သတင်းစာမှာ တင်ဒါခေါ်ပြီးဆောက်မယ်။ တင်ဒါအနည်းဆုံးဖြစ်တဲ့ အောင်ပဒေသာ ဦးဇော်ကိုနဲ့ SMG ကုမ္ပဏီ(၂)ခုကို ကန်ထရိုက်ပေးထားပြီးဆောက်နေပါတယ်။ ကားဂိတ်(၁၅ ပေX ၃၀ ပေ) တစ်ခန်း (၁၂၅)သိန်း၊ ဈေးဆိုင်ခန်း(ဆယ်ပေ ပတ်လည်)တစ်ခန်း (၁၅)သိန်း ကော်မတီက သတ်မှတ်လိုက်တယ်။ အရစ်ကျသုံးကြိမ်ခွဲ သွင်းရမယ်။ လက်ခံရရှိပြီး ကားဂိတ်(၇)ဂိတ်အတွက် ဆောက်လုပ်တဲ့အခန်းများကို စည်ပင်သာယာကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း နေရာချထားပေးမယ်။ နောက်ထပ်လျှောက်မယ့် ကားဂိတ်တွေကိုတော့ ခရီးစဉ်အတိုင်း မဲစနစ်ဖြစ်နဲ့ ဖြစ်ချင်ဖြစ်သွားမယ်၊ စည်ပင်ကော်မတီရဲ့ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်သွားမယ်လို့ အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားခဲ့တာပါ။ ဈေးဆိုင်ခန်းတွေကိုတော့ ရောင်းကုန် အလိုက် မဲစနစ်နဲ့ နေရာချထားကြမယ်လို့ အစည်းအဝေးဆုံးဖြတ်ချက်အရ ဖတ်ကြားခဲ့ပြီးသားဖြစ်ပါတယ်။ ကားဂိတ်နေရာကို လျှောက်ရင် စည်ပင်သာယာရေးကော်မတီထံကို လျှောက်ရမှာပါ။ မ.ထ.သ ဥက္ကဋ္ဌ ဦးမြင့်စိုးထံသို့ ရောက်နေတဲ့ လျှောက်လွှာတွေ ကျွန်တော့်တို့ဆီကို မရောက်သေးပါဘူး။ ယခု ကျွန်တော်တို့ဆီ ရောက်လာတဲ့ မန္တာမင်းဂိတ်အပါ ဂိတ်(၇)ဂိတ်ကို စည်ပင်သာယာရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်နေရာချ ထားပေးသွားမှာဖြစ်ပါတယ်။ မည့်သည့်အထက်က ပရက်ရှာမျှ လုံးဝမရှိပါဘူး။ စည်ပင်သာယာရေးကော်မတီ ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်..။´´ဟု ဦးနေမျိုးနိုင်(အမှုဆောင်အရာရှိ၊ မကွေးမြို့စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး) က ပြောသည်။
 

``အောင်မြင်ဇေယျ ဆုတောင်းပြည့်စေတီတော်(ရခိုင်ဘုရားကြီး) ထီးတော်စိန်ဖူးတော်တင်ပွဲ တောင်တွင်းကြီးမြို့တွင် စည်ကားသိုက်မြိုက်အောင်မြင်စွာ တင်လှူပူဇော်ပြီးစီး´´

နိုဝင်ဘာ(၂၄)ရက်နေ့ နံနက်(၈)နာရီခန့်မှ နေ့(၁၁း၃၀)ခန့်အချိန်တွင် တောင်တွင်းကြီးမြို့၌ အောင်မြင် ဇေယျ ဆုတောင်းပြည့်စေတီတော်(ရခိုင်ဘုရားကြီး) ထီးတော်စိန်ဖူးတော်တင်ပွဲသို့ ရဟန်းရှင်လူ ဘုရားဖူးပရိသတ် အပေါင်း တစ်သိန်းကျော်ခန့်ဖြင့် ရွှေမိုးငွေမိုးများ ရွာသွန်းကျဲချ၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြီးစီးကြောင်း ၊ဤဘုရားကြီး ထီးတော်တင်ပွဲကို သံဃာနာယက အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဗန်မော်ဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးသံဃာ့ ဥက္ကဋ္ဌ ဦးသိဒ္ဓိဗလ တို့မှ အမှုထားဦးဆောင်၍ မကွေးတိုင်းဒေသကြီး/ခရိုင်/ မြို့နယ်များမှ သံဃာတော်များ ဦးဆောင်၍ အမျိုးသားလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့်ဇနီး၊ ဒုတိယ သာသနာရေးဝန်ကြီး ဒေါက်တာမောင်မောင်ဌေး၊ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ၀န်ကြီး ဦးခင်ဇော်၊ အလှူရှင်များဖြစ်ကြသော ဦးသိန်းဇော်နှင့်ဇနီး၊ ဦးဇော်မင်းနှင့်ဇနီး၊ အဘဦးမောင်ရွှေ၊ ရွှေသံလွင်ကုမ္ပဏီ ဦးကျော်ဝင်းနှင့်ဇနီး မိသားစု၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး တိုင်းဒေသကြီးအစိုးရ၀န်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ပူဇော်ကုသိုလ်ပြုကြကြောင်း သတင်းရရှိသည်။ ``ဒီ အောင်မြင်ဇေယျ ဆုတောင်းပြည့်စေတီတော်(ရခိုင်ဘုရားကြီး)ကို မြန်မာသက္ကရာဇ် (၁၉၂)ခုနှစ် တွင်စတင် တည်ထားကိုးကွယ်ခဲ့ပါတယ်။ အနော်ရထာမင်းထက် နှစ်ပေါင်းနှစ်ရာလောက် စောပြီးတည်ခဲ့ တယ်လို့သိရပါ။ ရခိုင်မင်းသမီး သူ့မာလာ က တည်ခဲ့ပါတယ်။ ၁၉၃၀/၃၈ ခုနှစ်လောက်မှာ ပြိုကျ ပျက်စီးခဲ့ပါတယ်။ နှစ်ပေါင်းများစွာပြိုပျက်ခဲ့တာကို ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေစေခိုင်းချက်အရ ၂၀၀၁ ခုနှစ်မှာ ပုဂံ အလိုတော်ပြည့် ဆရာတော်ဘုရားကြီးနဲ့ ဗိုလ်ချုပ်ခင်ညွှန် ကပြုပြင်ခဲ့ရာ ၂၀၀၄/၂၀၀၇ ခုနှစ် အထိပြုပြင်ခဲ့ပြီး ရပ်သွားခဲ့တယ်။ ယခုအစိုးရအသစ် လက်ထက်မှာ ဗန်းမော်ဆရာတော်ကြီးဦးဆောင်ပြီး ပြုပြင်ခဲ့တာ ယခု အောင်မြင်သွား တာပါခင်ဗျာ..။´´တောင်တွင်းကြီးမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးတင်အောင် က ပြောသည်။ ဤအောင်မြင်ဇေယျစေတီတော်ကြီးအား ထီးတော်တင်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးသံဃာ ဥက္ကဋ္ဌ ဆရာတော် ဦးသိဒ္ဓိဗလ က သမိုင်းဝင်ဘုရားကြီး၏ ရှေးရာဇ၀င်အကျဉ်းနှင့် ဘုရားတည်ထားခဲ့သောဒကာမ (ရခိုင်မင်းသမီး သူ့မာလာ၏သစ္စာပြုစကားအတိုင်း ထပ်မံသစ္စာဆို၍ ထီတော်နှင့် စိန်ဖူးတော်တို့အားတင်ဆောင် ကြောင်း၊ ရခိုင်မင်းသမီးသစ္စာဆိုရာတွင်(ဤဘရားကြီးသို့ လာရောက်၍ ချိန်းဆိုတွေ့ဆုံကြသော သမီးရည်းစား စုံတွဲများသည် အကျင်လင်မယားအဖြစ် မပေါင်းသင်းရပါစေနဲ့၊ ပြန်သွားသောအခါ၌လည်း ကောက်ပဲသီးနှံ့များ မဖြစ်ထွန်းဘဲ စည်းပွားဥစ္စာများ မဖြစ်ထွန်းပါစေသား..။) ဟု ဆရာတော်ဘုရား ဦးသိဒ္ဓိဗလ က သစ္စာဆိုရာ၌ ထည့်သွင်း၍ သတိပေးစကားပြောဆိုကြောင်း၊ (ယခု အောင်မြင်ဇေယျ ရခိုင်ဘုရားကြီး ပြုပြင်နေစဉ် အိပ်မက်ပေးပြီး လူပေါင်းသုံးဆယ်၏ အသက်များပေး၍ စတေးမှ အောင်မြင်မည်ဟု ဆရာတော်ထံတောင်းဆိုကြောင်း၊) ယခု သူတို့တောင်းဆိုချက်ကို မပေးဘဲ ဘုရားကြီး၏ ထီးတော်နှင့် စိန်ဖူးတော်ကို အောင်မြင်စွာဖြင့် မင်္ဂလာ အခန်းအနားကြီးဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း ဆရာတော် ဦးသိဒ္ဓိဗလ က ထူးခြားစွာထည့်သွင်း ပြောကြား၍ သတင်းရရှိသည်။ ( နေပူကျဲကျဲ နေ့၁၁နာရီမှာ နေနှင့်အပြိုင် လ ကထင်ရှားစွာ ထွက်ပြနေပါကြောင်း) အဆိုပါ တောင်တွင်းကြီးမြို့ အောင်မြင်ဇေယျ (ရခိုင်ဘုရားကြီး) ထီးတော်တင်ပွဲတွင် ဇာတ်မင်းသား နန်းဝင်း အဖွဲ့၊ တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့ကြီးနှင့် မကွေးမြို့ ရွှေမန်းတင်မင်္ဂလာဆိုင်းတော်အဖွဲ့ တို့မှ ဓမ္မတေး များဖြင့် ပူဇော်ဖြေဖျော်ကြကြောင်း၊ ရွှေသံလွင်ကုမ္ပဏီမှ ဘုရားဖူးလာ ပရိသတ်များအား ထီး၊စောင်နှင့် အခြားပစ္စည်းမျိုးစုံတို့ဖြင့် ဘုရားဖူးလာပရိသတ်များအား လက်ဆောင်ဝေငှဒါနပြုကြောင်း၊ နိုဝင်ဘာ(၂၄ မှ ၂၆)ရက်နေ့ထိ (၃)ညတိတိ ဗလာပွဲခင်း၍ တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့မှ ကပြဖြေဖျော်ပေးကြောင်း သတင်းရရှိသည်။
 

(၇၅)ကြိမ်မြောက် စိန်ရတုသဘင်(၁၃၀၀)ပြည့်အရေးတော်ပုံ အခမ်းအနားအား လွှတ်တော်နာယက လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ မကွေးမြို့တွေ့ဆုံပွဲတွင် ခွင့်ပြု၊

နိုဝင်ဘာ(၁၉)ရက် နံနက်(၇း၃၀)မှ (၉း၃၀)နာရီအချိန်တွင် မကွေးမြို့ မြို့တော်ခန်းမ ၌ လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်း မကွေးမြို့ပြည်သူလူထုနှင့်တွေ့ဆုံပွဲ ကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါအခန်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် နိုင်ငံရေးပါတီအဖွဲ့ပေါင်းစုံမှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဖွံ့ဖြိုးရေးအထောက်အကူပြု အဖွဲ့များ နှင့် မြို့မိမြို့ဖများ အင်အား(၈၀၀) ကျော်ခန့်တက်ရောက်ကြောင်းသိရသည်။ ထိုအခမ်းအနားသို့ တက်ရောက်လာသူများမှ (၁၄)ဦးက ဒေသခံနယ်မြေအတွက် လိုအပ်ချက်များ၊ အစိုးရအဖွဲ့အားနည်းချက်များကို ပွင့်လင်းမြင်သာစွာ မေးမြန်ပြောဆိုကြကြောင်း၊ မေးမြန်းချက်များကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ တိုင်းဒေသကြီးလုပ်ပေးနိုင်သောကိစ္စများကို ရှင်းလင်းကြောင်း၊ ပြည်ထောင်စုအစိုးရ လုပ်ပေးရမည့် မေးခွန်းများကို လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းက ဖြေကြားကြောင်း သိရသည်။ ၎င်းမေးမြန်းသူ(၁၄)ဦးမှ ချောက်မြို့ မှ (၇၅)ကြိမ်မြောက် စိန်ရတုသဘင်(၁၃၀၀)ပြည့်အရေးတော်ပုံ ကျင်းပရေးကော်မတီဥက္ကဋ္ဌ အသက်(၇၂)အရွယ်ရှိ ဦးညိုသွေး၏မေးမြန်းချက်ကိုကောက်နှုတ်ဖော်ပြပါသည်။ ``ကျွန်တော့်အသက်(၇၂)ရှိပါပြီ။ နာယကကြီးနဲ့တွေ့ဆုံဖို့တော်တော်ကျိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ လွတ်လပ်ရေးအတွက် ကျိုးစားဆောင်ရွက်ခဲ့ကြတဲ့ (၁၃၀၀)ပြည့်အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြသူ သခင် သခင်မကြီးတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ (၇၅)ကြိမ်မြောက် စိန်ရတုသဘင်(၁၃၀၀)ပြည့်အရေးတော်ပုံကြီးကို ချောက်မြို့ မှာ ဒီဇင်ဘာလဆန်းထဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင်အစိုးရဖွဲ့က ခွင့်ပြုချက် တိတိပပ မပေးသေးပါဘူး၊ ရေနံလုပ်သားတွေရဲ့ အဖွဲ့ခေါင်းဆောင်သခင်ဖိုးလှကြီး ကြေးရုပ်ကြီးကို ချောက်မြို့ မှာ ရှိနေတဲ့ မေဒေးကျောက်တိုင်ဝန်းမှာ ဂုဏ်ပြုထားဖို့ စီစဉ်နေကြပါတယ်။ မကြာခင် သခင်ဖိုးလှကြီးရဲ့ ရုပ်တုကြီးက ချောက်မြို့ကိုရောက်လာပါတော့မယ်။ ဒါကိုလည်း ယနေ့အထိ အစိုးရအဖွဲ့က မကူညီသေးပါဘူး၊ တစ်ခါ ဒီ(၇၅)ကြိမ်မြောက် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံကြီးမှာ သခင်ဖိုးလှကြီးရဲ့ သားနဲ့သမီး ဒီနေ့အထိရှိနေပါတယ်။ သခင်ဖိုးလှကြီးနဲ့ သခင် သခင်မတွေရဲ့ ကျန်ခဲ့တဲ့ မိသားစု(၃၂)စုလဲ ဒီနေ့အထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ သခင်မိသားတစ်စုကို ကျွန်တော်တို့အဖွဲ့မှ ထောက်ပံ့ငွေတစ်သိန်းကျပ် စီပေးချင်ပါတယ်။ အဲဒီအတွက် ရံပုံငွေအလှူခံနေပါတယ်။ တစ်မိသားစုအတွက် ငွေကျပ်ငါးသောင်းလောက်သာ ရပါသေးတယ်။ သက်ဆိုင်ရာအာဏာပိုင်အစိုးရအဖွဲ့က အလှူခံခွင့်ကိုလည်း အတိအလင်းခွင့်ပြုချက်မပေး သေးပါဘူး။ ဒီပွဲကြီးကျင်းပခြင်းအား ကျွန်တော်တို့ဖြစ်မြောက်ရေးကော်မတီအတွက် ဘာအကျိုးအမြတ်ကိုမှ မျှော်ကိုးပြီးလုပ်နေတာမဟုတ်ပါဘူး။ သမိုင်းမှာ(၇၅)နှစ်လုံးလုံးတိမ်မြုပ်နေလို့ သမိုင်းကို ဖော်ဆောင်ခြင်းဖြစ်ပါ တယ်။ ဒါကြောင့် ယခု(၇၅)ကြိမ်မြောက် စိန်ရတုသဘင်(၁၃၀၀)ပြည့်အရေးတော်ပုံကြီးကို လွှတ်တော်နာယကကြီး အနေနဲ့ အကူအညီပေးပါလို့ လေးစားစွာတောင်းဆိုလိုက်ရပါတယ်..။´´ ဟု(၇၅)ကြိမ်မြောက် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံကြီး ဥက္ကဋ္ဌ ဦးညိုသွေး ကပြောသည်။ အထက်ပါတောင်းဆိုချက်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦုးဘုန်းမော်ရွှေမှ (၇၅)ကြိမ် မြောက် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံကြီးဖြစ်မြောက်ရေးနဲ့ သခင်ဖိုလှကြီးရုပ်တု စိုက်ထူ ထားရှိရေး အတွက် သက်ဆိုင်ရာမှပါဝင်ဆောင်ရွက်ရန် မူလကထဲက ညွှန်ကြားထားပြီးကြောင်းဖြေဆိုသည်။ ထို့နောက် အခမ်းအနားမပြီးဆုံးမီ ဒေါက်တာဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ) မှ သခင်ဖိုးလှကြီးနဲ့ သခင် သခင်မတွေ၏ ကျန်ရှိနေသော မိသားစု(၃၂)စုတို့ကို မိသားစုတစ်လျှင် ငွေကျပ်(၃)သိန်းစီ လှူဒါန်းရန်အတွက် ငွေကျပ်(၉၆)သိန်းအား (၇၅)ကြိမ်မြောက် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံကြီး ဥက္ကဋ္ဌ ဦးညိုသွေး ထံ ပေးအပ်လှူဒါန်းကြောင်း သတင်းရရှိသည်။ အဆိုပါတွေ့ဆုံပွဲ၌ မေးမြန်းချက်များမှ (၂)ခါ (၂)ကြိမ်မေးမြန်းထားသော မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဟန် ၏ မေးမြန်းချက်ဖြစ်သော ခေတ်မီမကွေးလေယာဉ်ကွင်းသို့ ခရီးသည်လေယာဉ်ဆင်းပေးရန်ကိစ္စအားတောင်းဆိုမေးမြန်းကြောင်း သိရသည်။ ဒဟပ်ကန်ရွာမှ တောင်သူများ၏ ယာမြေများကို စစ်တပ်က သိမ်းထားတဲ့ ပိုသောမြေယာကိစ္စ မြေယာသိမ်းဆည်းရေးအဖွဲ့က စစ်ဆေးပြီးသော် လည်း ဘာမျှအကြောင်းမထူးသေးကြောင်း၊ ယခုကိစ္စကို ကျွန်တော်ယနေ့တွေ့ဆုံပွဲမှာ တောင်းဆိုမေးမြန်း သော်လည်း တိကျတဲ့ အဖြေမရပါကြောင်း၊ ယခု ခရီးသည်လေယာဉ်ပြေးဆွဲရေးကိစ္စကိုလည်း ပြည်ထောင်စု ဒုတိယ၀န်ကြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးမြင့်သိန်းနှင့် တွေ့ဆုံပွဲတွင်လည်း ယခုကဲ့သို့ မေးမြန်းတောင်း ဆိုခဲ့ကြောင်း၊ ယခင် အဖြေနှင့် ယခု သူရဦးရွှေမန်းဖြေကြားချက်မှာ ဒုတိယ၀န်ကြီး ဦးမြင့်သိန်းဖြေဆိုခဲ့တာနဲ့ တစ်ထပ်တည်းကျနေလျှက်သာရှိသေးကြောင်း၊ (သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးထံ တင်ပြ၍ ဖြေကြား ပေးမည်ဖြစ်ကြောင်း၊ ဒီလိုအထက်တာဝန်ရှိလူကြီးတွေက မေးမြန်းချက်များအား တခါတည်းမဖြေဆို နိုင်ခြင်းမှာ စဉ်းစားစရာဖြစ်နေကြောင်း၊ အချိန်ပေးပြီးစောင့်နေသော်လည်း အပြောနဲ့ အလုပ်တစ်ထပ်တည်း မကျသေး ကြောင်း တက်ရောက်လာသူ မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး က ပြောသည်။
 

``မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းပေးရန် နယ်လှည့် (၁၂)ပွဲဈေးသည်များနှင့် ဒေသခံဈေးသည်(၇၂)ဦးတို့မှ သာသနာရေးဝန်ကြီးထံသို့တိုင်ကြား´´

နိုဝင်ဘာ(၁၄)ရက်နေ့တွင် မန်းရွှေစက်တော်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အား အများပြည်သူ ယုံကြည်လေးစားခြင်းခံရသူများကို ဒီမိုကရေစီစနစ်ကျစွာဖြင့် ရွေးကောက်ပွဲပြုလုပ်ကျင်းပပြီး အသစ်ပြန်လည် ဖွဲ့စည်းပေးပါရန် နယ်လှည့်(၁၂)ပွဲဈေးသည်များနှင့် ဒေသခံဈေးသည်(၇၂)ဦးတို့မှ သာသနာရေးဝန်ကြီးထံသို့ တိုင်ကြားထားကြောင်း သတင်းရရှိသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်တစ်ဝန်းလုံးမှ ဘုရားပုထိုးစေတီများရှိ ဂေါပကအဖွဲ့အချို့၏ စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီမှုများကို ထိမ်းသိမ်းနိုင်ရန်အတွက် ဂေါပကစဉ်းမျဉ်းများကို ပြင်ဆင် ရေးဆွဲနေကြောင်း နိုဝင်ဘာ(၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများ နှင့်တွေ့ဆုံပွဲတွင် သာသနာရေးဝန်ကြီးမှ ရှင်းလင်းခဲ့ကြောင်းသိရှိရပါသည်။ ထို့ကြောင့် မန်းရွှေစက်တော်ဂေါပကကို ပြင်ဆင်ဖွဲ့စည်းပေးရန် တောင်းဆိုကြကြောင်း၊ အုပ်ချုပ်ရေး ဌာနဆိုင်ရာ အကြီးအကဲများပါဝင်ဖွဲ့စည်းထားသည့်အချိန်ကာလမှ စတင်၍ ရွှေစက်တော်ဘုရားပွဲတော်၏ အစဉ် အလာများကို ထိမ်းသိမ်းမှုအားနည်းလာခြင်း၊ ခရိုင်အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာဆိုင်ရာများမှ စီမံခန့်ခွဲမှု အများဆုံး လုပ်ပိုင်ခွင့်များကိုယူနေကြကြောင်း (ဥပမာ..။ ။ နှစ်စဉ်လေလံ စည်းကမ်းများအား ဖောက်ဖျက်ပြီး အချို့လေလံနေရာ ကောင်းသောလုပ်ငန်းများအား ချန်လပ်၍ယူထားခြင်း၊ တည်းခိုဆောင်(တည်းကျောင်း)နေရာ များအား ဌာနဆိုင်ရာအဆင့်ဆင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များအားလုံး၏အမည်များဖြင့်ယူ၍ မတန်တစ်ဆ အမြတ်ငွေတင်ပြီး အဆင့်ဆင့်ရောင်းစားနေကြခြင်း။ တည်းကျောင်းငှါးရမ်းခများကို တစ်ခန်းလျှင် ထောင်ဂဏန်း ခန့်သာ ဈေးနှုန်းများကို သတ်မှတ်ထားသော်လည်း ဘုရားဖူးလာပြည်သူများစည်ကားစွာ လာရောက်ချိန်များတွင် တစ်ခန်းလျှင် သိန်းဂဏန်းကျော်သည့်အထိ ဈေးတက်၍တောင်းယူနေခြင်းကိုမတားဆီး မထိမ်းသိမ်းနိုင်ခြင်း။ အချုပ်ဆိုရလျှင် မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ သဘောကျ ခရိုနီဂေါပက ခရိုနီစီးပွားရေး ဈေးဆိုင် များသာ နှစ်စဉ်ထာဝရကြီးစိုးနေခြင်း။)ဖြစ်ကြောင်း နယ်လှည့်(၁၂)ပွဲဈေးသည် အမျိုးသားတစ်ဦးက ပြောသည်။ ၎င်းကိစ္စများအား နှစ်စဉ် သတင်းမီဒီယာများမှ ရေးသားဖော်ပြခဲ့သော်လည်း ဘာမျှအကြောင်း မထူးကြောင်း၊ မန်းရွှေစက်တော်ဘုရားပွဲတော်သည် နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်မှ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အထိ ရက်ရှည်ပွဲတော်ကျင်းပသည်၊ တစ်နှစ်လျှင် ဘုရားပွဲတော်၏ အလှူငွေရရှိမှုမှာ ငွေကျပ်သိန်းပေါင်း နှစ်ထောင်ခန့်ရရှိကြောင်း ဂေါပကတစ်ဦးမှပြော၍ သိရှိ ရသည်။ ထို့ကြောင့် မန်းရွှေစက်တော်ဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အား အသစ်ပြန်လည်ရွေးချယ် ဖွဲ့စည်း ပေးပါရန် ပြည်ထောင်စုဝန်ကြီး သာသနာရေးဝန်ကြီး နေပြည်တော်သို့ ဦးအေးကို(ဆင်းဂေါင်းကျေးရွာ) နှင့် ဦးနေမျိုးကျော်(စကုမြို့) နှစ်ဦးမှ ဦးဆောင်၍ ဈေးသည်စုစုပေါင်း(၇၂)ဦးတို့၏ လက်မှတ်များဖြင့် နိုဝင်ဘာ(၁၄) ရက် နေ့က အမြန်ချောစာဖြင့်တင်ပြီးကြောင်း ဦးနေမျိုးကျော်(စကုမြို့) က ပြောသည်။
 

``စကုမြို့(၂၅)ကုတင်ဆေးရုံအတွက် တိုးချဲ့ဆေးရုံအဆောက်အဦးသစ်များကို ရေလွတ်ရာနေရာသို့ ရွေ့ပြောင်းဆောက်လုပ်ပေးရန် ဒေသခံပြည်သူများက လွှတ်တော်သို့စာတင်၍ တောင်းဆို´´

ပြီးခဲ့သည့်နိုဝင်ဘာ(၁၁)ရက်နေ့တွင် မင်းဘူး/စကုမြို့နယ် စကုဆေးရုံအား (၂၅)ကုတင်တိုးချဲ့ဆောက် လုပ်မည့်အစီအစဉ်အား ၎င်းဆေးရုံးဝန်းအတွင်းရှိ ရေလွတ်ရာ ကုန်းမြင့်နေရာအသစ်သို့ သီးခြားဆောက်လုပ် ပေးပါရန် ဒေသခံပြည်သူများ(၁၂၀၀)ဦးခန့်မှဆန္ဒပြု၍ ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် နေပြည်တော်သို့ တင်ပြ တောင်းဆိုကြောင်း သတင်းရရှိသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ စကုမြို့(၂၅)ကုတင်ဆေးရုံ တိုးချဲ့ဆောက်လုပ်ပေးရန် နိုင်ငံတော်အစိုးရသစ်မှ ငွေကျပ်သန်းပေါင်း(၂၅၀) နှစ်ရာငါးဆယ်သန်းအားချထားပေးခဲ့သည်။ ထိုစီမံကိန်းသည် မူလလက်ရှိ ဆေးရုံနှင့် တွဲလျှက်ဆောက်လုပ်ရန် ကျန်းမာရေးဝန်ကြီးးဌာန၊ အထက်အဖွဲ့မှ သတ်မှတ်ထားကြောင်းသိရသည်။ ထိုဆောက် လုပ်မည့်စီမံချက်အား ဒေသခံပြည်သူလူထုက ကန့်ကွက်ကြောင်းသိရသည်။ အဆိုပါ မူလဆေးရုံနေရာမှာ နှစ်စဉ်ရေနစ်မြုပ်နေခြင်းဖြစ်ကြောင်း ယခုနှစ်ဖော်ပြပါဓာတ်ပုံအရ ရေကြီးချိန်တွင်ဆေးရုံရေနစ်မြုပ်သွား၍ ဆေးရုံ တက်နေကြသော မွေးလူနာအပါအ၀င် လူနာငါးဦးအား စကုမြို့ ကျောက်တိုင်ကွင်းသို့ ရွေ့ပြောင်းကုသ ပေးရကြောင်း၊ ဤကဲ့သို့ နှစ်စဉ်ရေကြီးလျှင် လူနာများဒုက္ခရောက်ကြကြောင်း၊ ထို့ကြောင့် ယခုတိုးချဲ့ ဆောက် လုပ်ပေးမည့် ဆေးရုံအဆောက်အဦးသစ်များကို (ဆေးရုံဝန်းအတွင်းရှိ) ရေလွတ်ရာ ကုန်းနေရာဖြစ်သော လက်ရှိဓာတ်မှန်ခန်း၏ မြောက်ဘက်သို့ စီမံချက်ပါနေရာကိုပြောင်းရွေ့ပြီး ဆောက်လုပ်ပေးပါရန် မကွေးတိုင်း ဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်ဌေးထံသို့ စကုမြို့ဆေးရုံတိုးချဲ့ဆောက်လုပ်ရေးကော်မတီမှ တင်ပြ ကြောင်း၊ တိုင်းဒေသကြီးကျန်းမာရေးဦးမှူးက အထက်မှ ချပေးထားသည့်စီမံကိန်းနေရာအတိုင်းသာ ဆောက်လုပ် ရမည်၊ ဟုပြောဆိုကြောင်း စကုမြို့မှ ကိုနေမျိုးကျော် နှင့်လူငယ်အဖွဲ့က ပြောသည်။ ``နိုင်ငံတော်အစိုးရက ပြည်သူအကျိုးအတွက် ဖွံ့ဖြိုးရေးစီမံကိန်းတွေချပေးတဲ့အခါမှာ ဒေသခံနယ်မြေကျွမ်းကျင် သူတွေရဲ့ အကြံပြုချက်တွေကို မလေးစားဘူးဆိုရင် စီမံကိန်းတစ်ရပ်ဟာ လူထုအတွက် ရာနှုန်းပြည့်မဖြစ်နိုင်ပါဘူး။ နောက်ဆက်တွဲ အကျိုးဆက်ကတော့ နိုင်ငံတော်ကချပေးတဲ့ ပြည်သူပိုင်ငွေတွေဟာ ပြည်သူတွေအတွက် ထိထိရောက်ရောက်အကူအညီမဖြစ်ဘဲ အဟောသိကံဖြစ်သွားစေနိုင်နိုင်တာပေါ့ဗျာ၊ အစိုးရအထက်ပိုင်က ပြောနေ တာက ပြည်သူကို(ဗဟိုပြု)ရမယ်ပြောပြီး ယခုတော့ အထက်က ချပေးတဲ့စီမံကိန်းအတိုင်းဆက်လုပ် မယ်ဆိုလို့ ရပ်ကွက်အထောက်အကူပြုအဖွဲ့များ၊ လူငယ်အဖွဲ့များနဲ့ စကုမြို့နယ် ဒေသခံများ တစ်ထောင်နှစ်ရာကျော် လက်မှတ်ထိုးပြီး ဥက္ကဋ္ဌ ပြည်သူ့လွတ်တော် နေပြည်တော်ကို စာတင်ပြီး တောင်းဆိုထားကြပါတယ်..။´´ဟု စကုမြို့မှ လူငယ်အဖွဲ့ ကိုနေမျိုးကျော်က ပြောသည်။
 

ပခုက္ကူမြို့နှင့်တောင်တွင်းကြီးမြို့များတွင် သံဃာတော်များ နှင့်ဒကါများမှ OIC အားကန့်ကွက်ဆန္ဒပြကြပြီ

နိုဝင်ဘာ(၁၅)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် ပခုက္ကူမြို့ အမှတ်(၁)ပေါင်းလောင်းရပ်ကွက် ဖောင်တော် ဦးဘုရားဝန်းအတွင်း သံဃာတော်အပါး(၃၀၀)ခန့့် နှင့် ဒကာတော်များ OIC အားကန့်ကွက်ဆန္ဒပြပွဲကို သုံးနေ ရာမှာခွဲ၍ကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါ OIC အားကန့်ကွက်ဆန္ဒပြပွဲကို ရဟန်ရှင်လူများသည် ဗိုလ်ချုပ်လမ်းမအတိုင်းချီတက်လာပြီး (OIC ထွက်သွား ပြတ်ပြတ်သားသားကန့်ကွက် ဆန့်ကျင်ကြ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြ ပေါ်ပေါ်ထင်ထင်တားဆီးကြ ပါစို့- ပခုက္ကူသံဃာတော်များအဖွဲ့) (OIC အလိုမရှိ၊ OIC ထွက်သွား၊ OIC လက်ခံထားမှုဖျက်သိမ်းပေး၊ ဘာသာအရေး သွေးမအေးနဲ့ အရေးကြီးက သွေးနီးကြဟေ့၊) (ပခုက္ကူသံဃာတော်များ၏ ဆန္ဒ STOP ALL WAY ဗုဒ္ဒဘာသာလူမျိုး နိုင်ငံကာကွယ်စောင့်ရှောင့်ကြ၊ WE DON’T WANT OIC. အစ္စလန်ပူပေါင်းရေးအဖွဲ့အလိုမရှိ၊ ပခုက္ကူသံဃာတော်များ)။ STOP OIC မြန်မာနိုင်ငံတွင် OIC အလံမစိုက်မခံနိုင်ပါ။)(ခိုးဝင်ဘင်္ဂါလီသည် တိုင်းရင်း သားမဟုတ်- မြန်မာပြည်တွင်းအရေးကို ပြည်ပနိုင်ငံများမှ ၀င်ရောက်စွက်ဖက်ခွင့်မပြု- မြန်မာပြည်အတွင်း OIC ရုံးစိုက်ခွင့်မပြု၊ ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်းလိုက်နာပါ- ခိုးဝင်ဘဂ်ါလီများကို အစ္စလန်နိုင်ငံများသို့ ခေါ်သွားကြ၊ OIC ကို အလိုမရှိ၊ ပခုက္ကူသံဃာတော်များ) စသည့် ပိုစတာဆိုင်းဘုတ်များကို ကိုင်ဆောင်ချီတက်လာကြပြီး ဖောင်တော်ဦးဘုရားဝန်းအတွင်းမှာ စုဝေးကြသည်။ OIC အရေးလက်မနှေးကြရေး ဆန္ဒဖော်ထုတ်မှု အခမ်းအနားပြုလုပ်ကြသည်။ ဆရာတော်ဦးဥတ္တရ မှ စတင်သြ၀ါဒမိန့်ကြားခြင်း၊ ပခုက္ကူဆရာတော်များ၏ ကြေငြာချက်အား ဆရာတော်ဦးဇ၀န က ဖတ်ကြားခြင်း၊ ပခုက္ကူကြွေးကြော်သံများကို ဆရာတော်ဦးကောသလ္လ က ဖတ်ကြားကြောင်း၊ တက်ရောက်လာ သောရဟန်း ရှင်လူများမှ သံပြိုင်ရွတ်ဆိုကြကြောင်း၊ ဗုဒ္ဒသာသနာ ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တန့်အောင် (ဗုဒ္ဒသာသနံ စိရံတိဌတု) သုံးကြိမ်ရွတ်ဆိုပြီး ညနေ(၆)နာရီခန့်တွင် အခမ်းအနားပြီးကြောင်း တက်ရောက်သူ သံဃာပျိုတစ်ပါး က ပြောကြားသည်။ အလားတူ နိုဝင်ဘာ(၁၅)ရက်နေ့ နေ့လည်(၁)နာရီမှ (၁း၃၀)နာရီအချိန်ခန့်တွင် တောင်တွင်းကြီးမြို့ ရွှေအင်းတောင်စေတီ ရင်ပြင်ပေါ်တွင် သံဃာတော်အပါး(၃၀)ခန့် နှင့်လူအင်အား(၁၅)ဦးခန့်တို့သည်လည်း OIC အလိုမရှိ၊ OIC အားကန့်ကွက်ကြသည် စသည့်ဆုတောင်းပွဲပြုလုပ်ပြီး ရွှေအင်းတောင်စေတီအားတစ်ပတ် ပါတ်၍ ဆုတောင်းကြကြောင်း တောင်တွင်းကြီး မှ ဦးလှဖုန်းဦး က ပြောကြားသည်။ (ဖောင့်မရ၍ သတ်ပုံမှားခြင်းသီးခံပါ)
 

``ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် ဥရောပနိုင်ငံခြားသားများ မကွေးမြို့သို့ရောက်လာ´´

နိုဝင်ဘာ(၁၄)ရက် ညနေ(၅)နာရီခန့်တွင် မကွေးမြို့ ပွဲကြိုရပ်ကွက် နတ်မောက်လမ်း ထိန်ထိန်သာ ဟိုတယ်(၁)သို့ ခေတ်ဟောင်းမော်တော်ယာဉ်များဖြင့် ဥရောပနိုင်ငံခြားသားများ ပုဂံမြို့မှ မကွေးမြို့သို့ရောက် လာပြီး ညအိပ်၍ နိုဝင်ဘာ(၁၅)ရက် နံနက်(၁၀)နာရီခန့်မှာ မကွေးမြို့မှ အောင်လံမြို့နှင့် ပြည်မြို့များသို့ ပြန်လည်ထွက်ခွါသွားကြောင်း သတင်းရရှိသည်။ အဆိုပါအဖွဲ့တွင် ခေတ်ဟောင်းမော်တော်ယာဉ်(၆)စီး နှင့်ကားပျက်လျှင်တင်ဆောင်ရန် ထော်လာဂျီတစ်စီး၊ စီမံခန့်ခွဲရေးမှူးယာဉ်တစ်စီး နှင့် သူနာပြုယာဉ်တစ်စီး စုစုပေါင်းမော်တော်ယာဉ်(၁၂)စီးပါဝင်ကြောင်းသိရသည်။ ၎င်းအဖွဲ့ကို Essence of Myanmar ( Inspiration Myanmar) Travel and Tours Coltd မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခိုင်ဇာနည် ဦးဆောင်လိုက်ပါကြောင်း၊ အဆိုပါအဖွဲ့နှင့်အတူ မြန်မာ့ခရီးသွားလုပ်ငန်းဌာန မှ ပြန်ကြားရေးအရာရှိ ဦးဌေးအောင် တို့အဖွဲ့မှ ကားသုံးစီးဖြင့်လိုက်ပါကြောင်းသိရသည်။ ဖော်ပြထားသော ဓာတ်ပုံပါ ကားများဖြင့် လိုက်ပါလာသူများ၏ ခရီးစဉ်ကို ဘယ်ဂျီယန်နိုင်ငံ ဘရပ်ဆဲမြို့မှ Destination U Limite Travel and Tours Coltd နှင့် Essence of Myanmar ( Inspiration Myanmar) Travel and Tours Coltd တို့ ပူးပေါင်းစီစဉ်ကြောင်းသိရသည်။ ဥရောပနိုင်ငံသားခရီးသည်များဖြစ်ကြသော ဗြီတိန်နိုင်ငံသား(၆)ဦး၊ ဘယ်ဂျီယန်နိုင်ငံသား(၉)ဦး၊ ဆွတ်ဇာလန်နိုင်ငံသားတစ်ဦး နှင့် ရုရှားနိုင်ငံသူတစ်ဦး တို့လိုက်ပါလာကြောင်း ၎င်းခရီးစဉ် တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
 

``ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆိုင်ခန်းမြေနေရာငှါးခများ အဆမတန်ဈေးတက်၍ မကွေးမြို့ရှိ ဆိုင်ခန်းပိုင်ရှင် (၂၅)ဦးမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အသနားခံစာတင်´´

နိုဝင်ဘာ(၁၃)ရက်နေ့တွင် မကွေးမြို့ ကန်သာရပ်ကွက် တောင်တွင်းကြီးလမ်းနှင့် မေတ္တာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးဆောက်လုပ်ရေးပစ္စည်းသိုလှောင်ရုံပိုင်မြေပေါ်၌ရှိသော ဆောက်လုပ်ရေးဆိုင်ခန်းတိုက်တန်း (၃၇)ခန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆိုင်ခန်းမြေနေရာငှါးရမ်းခများ အဆမတန်ဈေးတက်၍ ဆိုင်ခန်းပိုင် ရှင်(၂၅)ဦးက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ မြေငှါးရမ်းခဈေးနှုန်းများကို ပြန်လည် ပြင်ဆင် သတ်မှတ်ပေးပါရန်အသနားခံစာတင်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါဆိုင်ခန်း(၃၇)ခန်းအား ဆိုင်ခန်းတစ်ခန်းလျှင်(အနံဆယ်ပေ၊ အလျှားနှစ်ဆယ့်ငါးပေ)ကို မြေငှါးရမ်းခ လစဉ်/တစ်လ(၃၀၀၀ိ)သုံးထောင်ကျပ်ဖြင့် တိုက်ခန်းတစ်ခန်းတန်းဘိုးငွေကျပ် ၁၄၅၀၀၀၀ိ/(တစ်ဆယ်လေးသိန်းငါး သောင်းခွဲ)ကျော်ခန့်ပေးချေခဲ့ရပြီး ဆိုင်ခန်းအဆောက်အဦးအား အပိုင်ဖြစ်ကြောင်း၊ ၂၀၀၃၊ ဇန်န၀ါရီလ(၁)ရက်နေ့မှစ၍ ဦးကျော်သောင်း ဥက္ကဋ္ဌ ၀န်ထမ်းသက်သာချောင်ချိရေးကော်မတီ၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ မကွေးမြို့ နှင့်ဆိုင်ခန်းရယူထားသူများ အသီးသီးတို့ထံစာချုပ်ပြီးအပ်နှံခဲ့ကြောင်း၊ သတ်မှတ်ပေးခဲ့သောဈေးနှုန်းအတိုင်း တစ်ခန်း(၃၀၀၀ိ) ဖြင့်မြေငှါးရမ်းခ များကို၂၀၁၃၊ စက်တင်ဘာလကုန်အထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။ ၂၀၁၃ အောက်တိုဘာ(၁၅)ရက်နေ့တွင် မကွေးခရိုင်အင်ဂျင်နီယာမှူး ဒေါ်သူဇာညွှန့်မှ (ဆောက်လုပ်ရေး ဌာနပိုင်ဈေးဆိုင်ခန်းများ ငှါးရမ်းခတိုးမြှင့်တောင်းခံရန်ကိစ္စ)ဆိုသောစာထွက်လာကြောင်း၊ အထွေထွေမန်နေဂျာ (အုပ်ချုပ်ရေးမှူး) နေပြည်တော် နှင့် အင်ဂျင်နီယာမှူးကြီး မကွေးတိုင်းဒေသကြီးပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တို့မှ ညွှန်ကြားချက်စာအရ မကွေးခရိုင်အတွင်းရှိ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(သက်သာချောင်ချိရေးဌာနပိုင် ဈေးဆိုင်ခန်းများအား)၂၀၁၃ အောက်တိုဘာလမှစ၍(တစ်စတုရန်းပေ=၁ပေX၁ပေ)ကို တစ်လလျှင်(၆၀ိ မှ ၁၂၀ိ) အတွင်းနှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ အထက်ပါဆိုင်ခန်းများ(၃၇)ခန်းကို တစ်စတုရန်းပေလျှင် (၈၀ိ)ကျပ်နှုန်းဖြင့် (အနံဆယ်ပေ၊ အလျှားနှစ်ဆယ့်ငါးပေ)ဆိုင်ခန်းတစ်ခန်းလျှင် မြေငှါးရမ်းခ တစ်လ(၂၀၀၀၀ိ) နှစ်သောင်းကျပ်နှုန်းဖြင့်ပေးရမည်ဖြစ်ကြောင်း၊ မြေငှါးခ တစ်လ(၃၀၀၀ိ)အစား(၂၀၀၀၀ိ)ကျပ်သို့ ဈေးနှုန်းတက် လိုက်၍ လခများကို(၃)လတစ်ကြိမ်ပေးသွင်းရမည်ဖြစ်ကြောင်း ဆိုင်ခန်းရှင်များထံ အကြောင်းကြားစာပို့ထား ကြောင်း သိရှိရသည်။ အဆိုပါကိစ္စအား မကြေနပ်ကြသောဆိုင်ခန်းပိုင်ရှင်(၂၅)ဦး၏ကိုယ်စား ကိုဇော်လွင်ဦးမှ ရင်ဖွင့်ပြောပြသည်။ ``ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါပုံမြို့နယ်မှာ တစ်စတုရန်းပေကို(၆၀ိ)နှုန်းကောက်ခံပြီး ကျွန်တော်တို့ နယ်မြို့ တွေမှာ တစ်စတုရန်းပေ(၈၀ိ-၁၂၀ိ)နှုန်းထိ မကောက်သင့်ပါဘူး။ ရန်ကုန်မြို့မှာကောက်တဲ့ဈေးနှုန်းထက် နယ်မြို့ တွေကို လျော့ပြီးသတ်မှတ်ပေးစေချင်ပါတယ်။ ဒီမြေငှါးခဈေးနှုန်းတွေကို တက်မယ်ဆိုရင် ဆိုင်ခန်းရှင်တွေနဲ့ ဆောက်လုပ်ရေးဌာနက တာဝန်ရှိသူတွေ အပြန်အလှန်ကြိုတင်ညှိနှိုင်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အများလက် ခံနိုင်တဲ့ဈေးနှုန်းသတ်မှတ်ပြီး တစ်ပြည်လုံး တပြေးညီဈေးနှုန်းဖြစ်သင့်ပါတယ်။ ယခင်စစ်အစိုးရ လက်ထက်က (အနံဆယ်ပေ၊ အလျှားနှစ်ဆယ့်ငါးပေ)ဆိုင်ခန်းတစ်ခန်းလျှင် မြေငှါးခ(၃၀၀၀ိ)သာပေးရပြီး ယခု ဒီမိုကရေစီအစိုးရ အသစ်လက်ထက်မှာ တစ်လ နှစ်သောင်းကျပ်အထိ အဆမတန်ကြီးဈေးနှုန်းတိုးကောက်တော့ မြေငှါးခပေးရ တာနဲ့မတူဘဲ ဆိုင်လခပေးနေရသလိုမျိုးဖြစ်နေပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး(အဘ)ထံကို မြေငှါးရမ်းခဈေးနှုန်းများပြန်လည်ပြင်ဆင်ပေးပါရန် ဒီနေ့ နိုဝင်ဘာ(၁၃)ရက်နေ့ မှာ အသနားခံစာတင်ထားပါတယ်ဗျာ..။´´ဟု ဆိုင်ခန်းပိုင်ရှင် ကိုဇော်လွင်ဦးက ပြောသည်။