``ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆပ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးတင်ငွေ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပ´´

နိုဝင်ဘာ(၇)ရက် နေ့(၁၀ မှ၁၂)နာရီအထိ မကွေးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြည်ထောင်စုအစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆပ်ကော်မတီ ဥက္ကဋ္ဌ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေ မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာဆပ်ကော်မတီ (Delivery Unit) နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်/ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများ၊ UN/INGOs နှင့် လူမှုရေးအသင်းအဖွဲ့ကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၉၀)ခန့်တက်ရောက်ကြောင်းသိရသည်။ ဒုတိယ၀န်ကြီး ဦးတင်ငွေမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာဆပ်ကော် မတီ (Delivery Unit) နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြီး တက်ရောက်လာသူများမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် အခက်အခဲရှိသည့် ပြဿနာများကိစ္စများနှင့် ပတ်သက်၍ အကြံပြုတင်ပြချက်များကို အပြန်/အလှန်ညှိနှိုင်းဖြေရှင်းဆွေးနွေးကြောင်းသိရသည်။ ဒုတိယ၀န်ကြီး ဦးတင်ငွေ၏ ရှင်းလင်းတင်ပြချက်မှ ကောက်နှုတ်တင်ပြပါမည်။ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အရ ပြည်သူတို့၏ လူမှုစီးပွားရေးလိုအပ်ချက် ဦးစားပေး လုပ်ငန်း များကို ကျန်ရှိသော အစိုးရသက်တမ်းလပေါင်း(၃၀)အတွင်းအောင်မြင်အောင် အစိုးရအဖွဲ့ဆပ်ကော်မတီ (Delivery Unit) (၂၇)ဖွဲ့မှ စုပေါင်းအကောင်အထည်ဖော်ဆောင်ရေးဖြစ်ကြောင်း၊ ဤဆွေးနွေးပွဲတွင် အကြံပြုချက် မပေးနိုင်ခဲ့သော်လည်း သက်ဆိုင်ရာ(၂၇)ဖွဲ့၏ဆပ်ကော်မတီများသို့ ဖော်ပြထားသော လိပ်စာ၊ အီးမေးလ်၊ ဖက်စ်၊ တယ်လီဖုန်းများဖြင့် မည်သူမဆို တိုက်ရိုက်အကြံပြုဆက်သွယ်နိုင်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီးမှ ဦးစားပေး ဖော်ဆောင်ရမည့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်း(၇)ရပ်ချမှတ်ပေးထားကြောင်း၊ (၁)လျှပ်စစ်မီး၊ (၂)သောက်သုံး ရေ၊ (၃)စိုက်ပျိုးရေး၊ (၄)အလုပ်အကိုင်ရရှိရေး၊ (၅)ခရီးသွားလုပ်ငန်း၊ (၆)ငွေကြေးလုပ်ငန်း၊ (၇)ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ဖြစ်ကြောင်း၊ လျှပ်စစ်မီးကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် စက်မှု ထုတ်ကုန်လုပ်ငန်းများ အတွက် လျှပ်စစ်မီးပြည့်ဝစွာရရှိရန် စီမံဆောင်ရွက်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံး လျှပ်စစ်မီးသုံးစွဲနိုင်သည့် အိမ်ထောင်စုဦးရေတိုးတက်ရရှိရေးဆောင်ရွက်ရန်။ သောက်သုံးရေကိစ္စ ရန်ကုန်မြို့၊ မန္တလေးမြို့ နှင့် တိုင်းဒေသ ကြီး/ပြည်နယ်များအလိုက် သောက်သုံးရေခက်သောမြို့နယ်များတွင် ရေဖူလုံမှု ရာခိုင်နှုန်းသိသာစွာ တိုးတက်အောင်ဆောင်ရွက်ရန်။ စိုက်ပျိုးရေးဏ္ဍ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ မျိုးလို အပ်ချက်လုံလောက်စွာရရှိရေး၊ တောင်သူလယ်သမားများ အရင်းအနှီးလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေးဆောင် ရွက်ရန်။ အလုပ်အကိုင်ရရှိရေး စက်မှုဇုံ၊ SME လုပ်ငန်းများသိသာစွာဖွံ့ဖြိုးအောင်ဆောင်ရွက်ရေး၊ မြို့ပြကျေးရွာ အခြေခံအဆောက်အအုံ ဆောက်လုပ်ခြင်းများဖြင့် အလုပ်အကိုင်တိုးပွားရေးဆောင်ရွက်ရန်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ရန်။ ငွေကြေးလုပ်ငန်းတွင် ဘဏ်လုပ်ငန်းများဖွံ့ဖြိုးရေး၊ နိုင်ငံခြားမှငွေကြေး၊ ချေးငွေ၊ ထောက်ပံ့ငွေများ လျင်မြန်ချောမွေ့စွာ စိးဆင်းဝင်ရောက်လာနိုင်ရေး လုပ်ငန်းအဖွဲ့များဖွဲ့၍ ဦးစားပေး ဆောင်ရွက်ရန်။ ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှု သိသာစွာတိုးတက်အောင် လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ များဖွဲ့၍ ဆောင်ရွက်ရန် ဖြစ်ကြောင်းရှင်းပြသည်။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်း(၇)ရပ်ကို အကောင်အထည်ဖော်ဆောင်ရာတွင် ပြည် ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးများပေါင်းစပ်ညှိနှိုင်းရန်၊ (ပြည်ထောင်စုအစိုးရအဖွဲ့ ဆပ်ကော်မတီ-Delivery Unit)+ (တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ကော်မတီ -Delivery Unit) များပေါင်း စပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရာတွင် Delivery Unit Task force အဖွဲ့များဖွဲ့စည်း၊ မြေပြင်ဦးစားပေး ညှိနှိုင်း၊ အစီအမံအမြန်ဆွဲ၊ အောက်ချပြ+ ပြည်သူအသိပေးစသည်တို့ပေါင်းစပ်ပြီး ၂၀၁၄-၂၀၁၅ စီမံကိန်းပါ အောင်ထည့်ရေးဆွဲခြင်းကို ၂၀၁၃ ခု စက်တင်ဘာ အစည်းအဝေးတင်။ ၂၀၁၄-၂၀၁၅ ဘတ်ဂျက် ပါအောင် ထည့်ရေးဆွဲခြင်းကို ၂၀၁၃ ခု ဒီဇင်ဘာ အစည်းအဝေးတင်၊ ၂၀၁၄ ဧပြီလမှ ၂၀၁၅ မတ်လ အတွင်း(၁၂)လ အကောင်အထည်ဖော်ရမည်။ (၂၀၁၅-၂၀၁၆) ပြည်သူများအကျိုးရလာဒ်ခံစားရေး ရည်မှန်း ကြောင်းဆို၏။ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်း(၇)ခုအနက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆပ်ကော် မတီနှင့် တိုက်ရိုက်ဆက်စပ်သည့်လုပ်ငန်းများကို ယခုလိုကွင်းဆင်းတွေ့ဆုံပြီး ရလာဒ်အဖြရသည်အထိ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုက်ရိုက်မပတ်သက်သည့်လုပ်ငန်းများအား သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆိုင်ရာဆပ်ကော်မတီ ဥက္ကဋ္ဌ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ငွေ ကပြောကြားသည်။ နိုင်ငံတော်သမ္မတ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်း(၇)ရပ်အား အစိုးရအဖွဲ့ကျန်ရှိ သက်တမ်းလပေါင်း(၃၀)အတွင်း ဆောင်ရွက်ရန် ဆပ်ကော်မတီ(၂၇)ဖွဲ့ဖွဲ့စည်းထားကြောင်း၊ အဆိုပါကော်မတီ (၂၇)ဖွဲ့တို့မှ ဥက္ကဋ္ဌ များဖြစ်ကြသောပြည်ထောင်စုအစိုးရဖွဲ့ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းဒေသ ကြီး/ပြည်နယ်များသို့ဆင်း၍ (ကျေးလက်အထောက် အကူပြုကော်မတီများအထိ) ပြည်သူများကို ဗဟိုပြုပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းအကောင်အထည်ပေါ်အောင် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
 

0 comments: