``မကွေးမြို့တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် သံဃာတော်များအား လျှောက်ထား´´ ဗုဒ္ဓဘာသာမှာ (ရှက်ဖွယ်ကောင်းသော ကျောင်းလုပွဲကိစ္စ) ဓမ္မသတ်ကို ရာဇသတ်နဲ့ဆုံးဖြတ်၍ရသလား..?။

နိုဝင်ဘာ(၁၂)ရက်နေ့ ညနေ(၄)နာရီမှ(၆)နာရီအချိန်တွင် မကွေးမြို့ စိုးကောမင်းရပ် တောင်တွင်းကြီးလမ်း သံဃာရာမစာသင်ကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော် ဦးစိန္တာသာရ နှင့် သံဃာတော်အပါး (၈၀) ကျော် ကို သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်မှ သံဃာတော်များအား သာသနာရေးကိစ္စ ဆောင်ရွက်ချက်များလျှောက်ထားကြောင်းသတင်းရရှိသည်။ ၀န်ကြီး၏လျှောက်ထားပြောကြားချက်မှ ကောက်နှုတ် ဖော်ပြပါသည်။ ``တပြည့်တော်တို့ဝန်ကြီးဌာနက အရေးလဲမပါ အရာလဲမရောက်သောဌာနပါဘုရား၊ သာသနာရေးဝန်ကြီးဌာနဟာ အားလုံးကိုဖြေလျှော့ပေးထားပါတယ်ဘုရား၊ သာသနာဝန်ထမ်းများကို နိုင်ငံကူးလက်မှတ်များအလွယ်တကူ ဆောင်ရွက်ပေးခြင်း၊ သာသနအဆောက်အဦးများကိစ္စနဲ့ ဗုဒ္ဓဂယာဘုရားဖူးအဖွဲ့များကိုလဲ သာသနာရေးဝန်ကြီးဌာန က ယခင်ကလိုချုပ်ကိုင်မထား တော့ပါဘူးဘုရား၊သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရက စီစစ်ဆောင် ရွက်ထောက်ခံပေးဖို့သာ လိုပါတယ်ဘုရား။ ယနေ့ အင်တာနက်တွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြနေတဲ့ ဗုဒ္ဓဘာသာမှာ (ရှက်ဖွယ်ကောင်းသော ကျောင်းလုပွဲလို့ဖော်ပြရေးသားနေကြတဲ့ကိစ္စ)ကိုရှင်းလင်းပါမယ်ဘုရား၊ ဒီမဟာသန္တိသုခ ကျောင်းတော်ကြီးသည် ရန်ကုန်၊ တာမွှေမြို့နယ် နတ်ချောင်းရပ်ကွက်မှာပါ၊ အဲဒီအခါမှာ တပြည့်တော် စစ်ဒေသ-၂ ၊ ဗိုလ်မှူးကြီးဆန်းဆင့် လက်ထက်ကထဲက မြေသန့်မင်္လာကို နိုင်ငံတော်ခိုင်းစေချက်နဲ့ တပြည့်တော်တို့တာဝန်ယူပြီးလုပ်ခဲ့ကြပါတယ်။ အဲဒီကျောင်းတော်ကြီးဆောက်လုပ်ပြီး ပထမရေစက်ချစဉ်က မကွေးဆရာတော်ဘုရားကြီးကို သြ၀ါဒခံယူပင့်ပြီး ဗိုလ်ချုပ်ကြီးခင်ညွှန့်က သံဃာ့နာယကအဖွဲ့ကိုရေစက်ချလှူဒါန်းခဲ့ပါတယ်။ သို့သော်လည်း အဲဒီတုန်းကကျောင်း နာမည်ကတော့ စင်္ကာပူပီနန်ကျောင်းနဲ့ စာချူပ်ချုပ်ဆိုခဲ့ပါတယ်။ လက်ခံတဲ့ ပုဂ္ဂိုလ်က အဲဒီကျောင်းရဲ့ဂေါပက္ကဥက္ကဋ္ဌ ဗိုလ်မှူးကြီး စောမြင့်(အငြိမ်းစား)ပါ။ သူလက်မှတ်ထိုးပြီးတော့မှ စည်ပင်ဌာနနဲ့စာချုပ် ချုပ်ပြီးမှ မြေဂရန်အထင်ကရ လုပ်တာပါ။ အဲဒီအချိန်မှာ ပီနန်ဆရာတော်ကြီးကို ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံသို့ဆက်တက်သွားတဲ့အတွက် နိုင်ငံတော်က ဆက်လက်ဆောင်ရွက်ပါတယ်။ ပီနန်စင်္ကာပူဆရာတော်ကြီးရဲ့တပြည့်ဒကါတွေကငွေကျပ် သိန်းကိုးရာ ကျော် အလွန်ဆုံး သိန်းတစ်ထောင်ခန့်လှူဒါန်းကြပါတယ်။ ကျောင်းတော်ကြီးဆောက်လုပ်ခဲ့တာက သိန်းပေါင်း တစ်သောင်းခန့်ကုန်ပါတယ်။ ကျန်တဲ့လိုအပ်ငွေတွေကို အများကောင်းမှုနဲ့ နိုင်ငံတော်ကလှူဒါန်း ဆောက်လုပ်ခဲ့ပါတယ်။ သို့သော်လည်း ပီနန်စင်္ကာပူဆရာတော်ကြီးက ဒီကျောင်းတော်ကြီးကို ပြန်လိုချင်ကြောင်း တောင်းခံလာတဲ့အတွက် တပြည့်တော်က သမ္မတကြီးထံတင်ပြပါတယ်။ တပြည့်တော်တို့က မ.အ.န ကိုလျှောက် ထားပါတယ်။ မ.အ.နရဲ့ဆုံးဖြတ်ချက်က သာသနာတော်ကိုအဖွဲ့ပိုင်းလွှဲပြောင်းပေးပြီး၍ ပုဂ္ဂိကကိုပေးလို့မရ တော့ ပါဘူး။ ဒါကြောင့်သံဃာ့မဟာနာယကအဖွဲ့ကဆုံးဖြတ်စေလို့ ဆုံးဖြတ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို မကြေနပ်လို့ ပြန်ပြောတဲ့အတွက် သမ္မတက တိုင်းဒေသကြီးအစိုးရထံ ဒီကိစ္စကို မ.အ.န က ဆုံးဖြတ်ထားတဲ့ အတွက် ကာယကံရှင်ကိုယ်တိုင် မ.အ.န ကိုဆက်လက်လျှောက်ထားပါလို့ပြန်ပြောလိုက်တယ်။ ပြန်ပြောတဲ့အခါ ဒီဟာ တွေပေါ်လာတယ်။ The Voice ထဲမှာ သမ္မတကြီးက သူ့ကိုပြန်လွှဲလိုက်ပြီလို့ပြောပါတယ်ဆိုတော့ သံဃာ့ နာယကအဖွဲ့က အထူးအစည်းအဝေးခေါ်ပြီး တင်ပြလို့ The Voice အယ်ဒီတာဆီကို ဖုန်းဆက်မေးရပါတယ်။ ဖုန်းမကိုင်ပါဘူး။ သတင်းထောက်လေးတွေက ဆရာတော်ဦးပညာဝံသက ပြောလို့ရေးရတာပါဖြေပါတယ်။ ဒီကိစ္စ ဒီလိုဖြစ်နေတဲ့အတွက် သံဃာ့မဟာနယက အဖွဲ့က ပြန်လည်ထုတ်ပြန်ပေးပါဆိုလို့ ယခုလို လျှောက်ထား ရခြင်းဖြစ်ပါတယ်ဘုရား။ သတင်းစာရှင်းလင်းပွဲမှာလည်း ဒီကိစ္စကို စာရွက်စာတမ်းတွေကိုပါထိုးပြပြီး ရှင်းခဲ့ပါပြီ ဘုရား။ သံဃာရဲ့ အဆင့်ဆင့်သောဆုံးဖြတ်ချက်တွေနဲ့ သာသနာပိုင် သံဃာ့ပစ္စည်းတွေကို ဓမ္မသတ်အရဆုံးဖြတ် ဖြေရှင်းနိုင်ကြပါတယ်။ ဓမ္မသတ်ဟာ သံဃာတော်တွေရဲ့ဝိနိစ္စယတွေကို သံဃာတော်တွေရဲ့သံဃာပိုင်မြေ၊ ကျောင်းစတဲ့ပစ္စည်းတွေကို သံဃာ့အဖွဲ့အစည်းတွေက ဓမ္မသတ်ဝိနည်းပါဠိတော်အရဆုံးဖြတ်တာပါ။ ဒီလိုမှ မဟုတ်ဘဲ အရပ် ရာဇသတ်အရ ဥပဒေကြောင်းနဲ့ တရားစွဲမယ်ဆိုရင် ဓမ္မသတ်ကို ရာဇသတ်ကလွှမ်းမိုးလို့ရတယ် ဆိုတဲ့ ဥပဒေများရှိနေသလား?။ ရှိရင်ပြပါလို့ တပြည့်တော်လျှောက်ထားလိုပါတယ်ဘုရား..´´ ဟု သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မကွေးမြို့တွင် ပြောကြားလျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။
 

0 comments: