``အောင်မြင်ဇေယျ ဆုတောင်းပြည့်စေတီတော်(ရခိုင်ဘုရားကြီး) ထီးတော်စိန်ဖူးတော်တင်ပွဲ တောင်တွင်းကြီးမြို့တွင် စည်ကားသိုက်မြိုက်အောင်မြင်စွာ တင်လှူပူဇော်ပြီးစီး´´

နိုဝင်ဘာ(၂၄)ရက်နေ့ နံနက်(၈)နာရီခန့်မှ နေ့(၁၁း၃၀)ခန့်အချိန်တွင် တောင်တွင်းကြီးမြို့၌ အောင်မြင် ဇေယျ ဆုတောင်းပြည့်စေတီတော်(ရခိုင်ဘုရားကြီး) ထီးတော်စိန်ဖူးတော်တင်ပွဲသို့ ရဟန်းရှင်လူ ဘုရားဖူးပရိသတ် အပေါင်း တစ်သိန်းကျော်ခန့်ဖြင့် ရွှေမိုးငွေမိုးများ ရွာသွန်းကျဲချ၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြီးစီးကြောင်း ၊ဤဘုရားကြီး ထီးတော်တင်ပွဲကို သံဃာနာယက အကျိုးတော်ဆောင်ဥက္ကဋ္ဌ ဗန်မော်ဆရာတော်ဘုရားကြီးနှင့် အဖွဲ့ဝင်ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးသံဃာ့ ဥက္ကဋ္ဌ ဦးသိဒ္ဓိဗလ တို့မှ အမှုထားဦးဆောင်၍ မကွေးတိုင်းဒေသကြီး/ခရိုင်/ မြို့နယ်များမှ သံဃာတော်များ ဦးဆောင်၍ အမျိုးသားလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့်ဇနီး၊ ဒုတိယ သာသနာရေးဝန်ကြီး ဒေါက်တာမောင်မောင်ဌေး၊ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ၀န်ကြီး ဦးခင်ဇော်၊ အလှူရှင်များဖြစ်ကြသော ဦးသိန်းဇော်နှင့်ဇနီး၊ ဦးဇော်မင်းနှင့်ဇနီး၊ အဘဦးမောင်ရွှေ၊ ရွှေသံလွင်ကုမ္ပဏီ ဦးကျော်ဝင်းနှင့်ဇနီး မိသားစု၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး တိုင်းဒေသကြီးအစိုးရ၀န်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ပူဇော်ကုသိုလ်ပြုကြကြောင်း သတင်းရရှိသည်။ ``ဒီ အောင်မြင်ဇေယျ ဆုတောင်းပြည့်စေတီတော်(ရခိုင်ဘုရားကြီး)ကို မြန်မာသက္ကရာဇ် (၁၉၂)ခုနှစ် တွင်စတင် တည်ထားကိုးကွယ်ခဲ့ပါတယ်။ အနော်ရထာမင်းထက် နှစ်ပေါင်းနှစ်ရာလောက် စောပြီးတည်ခဲ့ တယ်လို့သိရပါ။ ရခိုင်မင်းသမီး သူ့မာလာ က တည်ခဲ့ပါတယ်။ ၁၉၃၀/၃၈ ခုနှစ်လောက်မှာ ပြိုကျ ပျက်စီးခဲ့ပါတယ်။ နှစ်ပေါင်းများစွာပြိုပျက်ခဲ့တာကို ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေစေခိုင်းချက်အရ ၂၀၀၁ ခုနှစ်မှာ ပုဂံ အလိုတော်ပြည့် ဆရာတော်ဘုရားကြီးနဲ့ ဗိုလ်ချုပ်ခင်ညွှန် ကပြုပြင်ခဲ့ရာ ၂၀၀၄/၂၀၀၇ ခုနှစ် အထိပြုပြင်ခဲ့ပြီး ရပ်သွားခဲ့တယ်။ ယခုအစိုးရအသစ် လက်ထက်မှာ ဗန်းမော်ဆရာတော်ကြီးဦးဆောင်ပြီး ပြုပြင်ခဲ့တာ ယခု အောင်မြင်သွား တာပါခင်ဗျာ..။´´တောင်တွင်းကြီးမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးတင်အောင် က ပြောသည်။ ဤအောင်မြင်ဇေယျစေတီတော်ကြီးအား ထီးတော်တင်ပွဲ၌ ရန်ကုန်တိုင်းဒေသကြီးသံဃာ ဥက္ကဋ္ဌ ဆရာတော် ဦးသိဒ္ဓိဗလ က သမိုင်းဝင်ဘုရားကြီး၏ ရှေးရာဇ၀င်အကျဉ်းနှင့် ဘုရားတည်ထားခဲ့သောဒကာမ (ရခိုင်မင်းသမီး သူ့မာလာ၏သစ္စာပြုစကားအတိုင်း ထပ်မံသစ္စာဆို၍ ထီတော်နှင့် စိန်ဖူးတော်တို့အားတင်ဆောင် ကြောင်း၊ ရခိုင်မင်းသမီးသစ္စာဆိုရာတွင်(ဤဘရားကြီးသို့ လာရောက်၍ ချိန်းဆိုတွေ့ဆုံကြသော သမီးရည်းစား စုံတွဲများသည် အကျင်လင်မယားအဖြစ် မပေါင်းသင်းရပါစေနဲ့၊ ပြန်သွားသောအခါ၌လည်း ကောက်ပဲသီးနှံ့များ မဖြစ်ထွန်းဘဲ စည်းပွားဥစ္စာများ မဖြစ်ထွန်းပါစေသား..။) ဟု ဆရာတော်ဘုရား ဦးသိဒ္ဓိဗလ က သစ္စာဆိုရာ၌ ထည့်သွင်း၍ သတိပေးစကားပြောဆိုကြောင်း၊ (ယခု အောင်မြင်ဇေယျ ရခိုင်ဘုရားကြီး ပြုပြင်နေစဉ် အိပ်မက်ပေးပြီး လူပေါင်းသုံးဆယ်၏ အသက်များပေး၍ စတေးမှ အောင်မြင်မည်ဟု ဆရာတော်ထံတောင်းဆိုကြောင်း၊) ယခု သူတို့တောင်းဆိုချက်ကို မပေးဘဲ ဘုရားကြီး၏ ထီးတော်နှင့် စိန်ဖူးတော်ကို အောင်မြင်စွာဖြင့် မင်္ဂလာ အခန်းအနားကြီးဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း ဆရာတော် ဦးသိဒ္ဓိဗလ က ထူးခြားစွာထည့်သွင်း ပြောကြား၍ သတင်းရရှိသည်။ ( နေပူကျဲကျဲ နေ့၁၁နာရီမှာ နေနှင့်အပြိုင် လ ကထင်ရှားစွာ ထွက်ပြနေပါကြောင်း) အဆိုပါ တောင်တွင်းကြီးမြို့ အောင်မြင်ဇေယျ (ရခိုင်ဘုရားကြီး) ထီးတော်တင်ပွဲတွင် ဇာတ်မင်းသား နန်းဝင်း အဖွဲ့၊ တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့ကြီးနှင့် မကွေးမြို့ ရွှေမန်းတင်မင်္ဂလာဆိုင်းတော်အဖွဲ့ တို့မှ ဓမ္မတေး များဖြင့် ပူဇော်ဖြေဖျော်ကြကြောင်း၊ ရွှေသံလွင်ကုမ္ပဏီမှ ဘုရားဖူးလာ ပရိသတ်များအား ထီး၊စောင်နှင့် အခြားပစ္စည်းမျိုးစုံတို့ဖြင့် ဘုရားဖူးလာပရိသတ်များအား လက်ဆောင်ဝေငှဒါနပြုကြောင်း၊ နိုဝင်ဘာ(၂၄ မှ ၂၆)ရက်နေ့ထိ (၃)ညတိတိ ဗလာပွဲခင်း၍ တင်မောင်ဆန်းမင်းဝင်း ဇာတ်အဖွဲ့မှ ကပြဖြေဖျော်ပေးကြောင်း သတင်းရရှိသည်။
 

0 comments: