``မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကျန်းမာရေးဖောင်ဒေရှင်းနှင့် သြစတေးလျှနိုင်ငံအခြေစိုက် GAIN (Global Aid Net Work ) ကမ္ဘာလုံးဆိုင်ရာ စောင့်ရှောက်မှုအဖွဲ့တို့ပူးပေါင်း၍ အခမဲ့ဆေးကုသပေး´´

ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို အထူးအလေးထားစောင့်ရှောက်သောအားဖြင့် ပခုက္ကူမြို့နယ် မကျီးသုံးပင်အုပ်စု၊ သံဘိုကျေးရွာ၊ကံသာရာမ ကျောင်းတိုက်တွင် နိုဝင်ဘာလ(၇)ရက်နေ့က မကျီးသုံးပင်ရွာ၊သံဘိုရွာ ၊သစ်ပလွေကုန်းရွာ၊ဂျိုးပျံရွာ၊ ထနောင်းရွာနှင့် ညောင်ကုန်းရွာများရှိ ရောဂါဝေဒနာရှင် (၅၅၀)ဦးအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကျန်းမာရေးဖောင်ဒေရှင်းနှင့် သြစတေးလျှနိုင်ငံအခြေစိုက် GAIN (Global Aid Net Work ) ကမ္ဘာလုံးဆိုင်ရာ စောင့်ရှောက်မှုအဖွဲ့တို့ပူးပေါင်း၍ အခမဲ့ ဆေးကုသပေး လျှက်ရှိကြောင်း၊ နိုဝင်ဘာ(၆)ရက်နေ့မှ နိုဝင်ဘာ(၁၃)ရက်နေ့ထိကျေးရွာသို့ ကွင်းဆင်းကုသမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ကျေးရွာများအရောက် အခမဲ့ ဆေးကုသရေးအဖွဲ့သည်။ အလားတူ နိုဝင်ဘာ(၆) ရက်နေ့က ပခုက္ကူမြို့နယ် ရှင်မကန်ကျေးရွာတွင်ဆေးခန်းဖွင့်လှစ်၍ အနီးဝန်ကျင်ရှိကျေးရွာများမှ ဝေဒနာ ရှင်များအား အခမဲ့ ဆေးကုသ ပေးခဲ့ပြီး၊ နိုဝင်ဘာ(၈)ရက်နေ့တွင် အလယ်စပေကျေးရွာ၊(၁၀)ရက်နေ့တွင် မြိုင်မြို့နယ် မကျီးကန်ကျေးရွာ၊ နှင့်(၁၁)ရက်နေ့တွင် ညောင်တွင်းအနောက်ကျေးရွာ ၊(၁၂)ရက်နေ့တွင် ရေစကြိုမြို့နယ် နီပဆေးတောကျေးရွာနှင့် (၁၃)ရက်နေ့တွင် သစ်ကြီးတောကျေးရွာများရှိ အနီးဝန်ကျင်ကျေးရွာများမှ ဝေဒနာ ရှင်များအား အခမဲ့ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အခမဲ့ဆေးကုသနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် တာဝန်ရှိ သူများမှ ယင်းနေ့ နံက်(၁၀)နာရီက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း အခမဲ့ဆေးကုသရေးအဖွဲ့မှ ဦးတင်ထွန်းဦး က ပြောသည်။
 

0 comments: