`` ယာဉ်ထိမ်းရဲတပ်ဖွဲ့က ဆိုင်ကယ်ဖြင့်လူငယ်နှစ်ဦးအား ဖမ်းဆီးရာ ထွက်ပြေး/ပြန်လာပြီး ၀ါးဆစ်ပိတ်ထုတ်ဖြင့် ယာဉ်ထိမ်းတပ်ကြပ်ကြီး၏ ဦးခေါင်းကို အရိုက်ခံရ´´

နိုဝင်ဘာ(၁)ရက် ညနေ(၅)နာရီအချိန်ခန့် မကွေးမြို့ ဆုံရပ်ကွက် နတ်မောက်လမ်း တော်ဝင်ရုပ်ရှင်ရုံ ရှေ့တွင် ယာဉ်တပ်ဖွဲ့မှ ရဲအုပ်အောင်မြင့်စိုး ဦးစီး၍ ယာဉ်ထိမ်းတပ်ဖွဲ့ဝင်အင်အား လေးဦးအဖွဲ့သည် ယာဉ်/လမ်း စည်းကမ်းထိမ်းသိမ်းရေး (ဦးထုပ်မပါသော ဆိုင်ကယ်များနှင့် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးဖမ်းဆီး) ကြောင်းသိရသည်။ ထိုစဉ် ဧရာဝတီတံတားအ၀ိုင်းဘက်မှ နတ်မောက်လမ်းအတိုင်းအရှိန်ပြင်း စွာဖြင့်ဆိုင်ကယ်ကို မောင်းနှင်လာသော (ဦးထုပ်မပါသူ) လူငယ်နှစ်ဦးအား ယာဉ်ထိမ်းတပ်ဖွဲ့က တားဆီးစဉ် ဆိုင်ကယ်ကို ဒလကြမ်းအရှိန်တင်၍ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ နောက်ငါးမိနစ်ခန့်အကြာတွင် ယာဉ်ထိမ်းရဲများရှိနေ သော နတ်မောက်လမ်း၊ ဒွိုက်ယော့ခ် ကွမ်းရာဆိုင်ရှေ့သို့ ၎င်းဆိုင်ကယ်မှ လူငယ်တစ်ဦးတည်းပြန်လှည့်လာပြီး အရှည်သုံးတောင် ခန့်ရှိ ၀ါးဆစ်ပိတ်ထုတ်ဖြင့် ယာဉ်ထိမ်းတပ်ကြီး သုံးဦးထဲမှ တပ်ကြည်ကြီး အောင်ကျော်မြင့်အား နောက်က၀င်ရောက် ရိုက်နက်ကြောင်း၊ တပ်ကြပ်ကြီး၏ ဦးခေါင်းနောက်စေ့မှာ အပြင်းအထန်ဒဏ်ရာရရှိ(စိုးရိမ်ရ) သွားပြီးနေရာ၌လဲကျသွားကြောင်း၊ ၎င်းဒဏ်ယာပြင်းထန်စွာရရှိသော ယာဉ်ထိမ်းရဲကို ရဲဆေးစာဖြင့် မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ်ပို့ဆောာင် ကုသထားကြောင်းသိရသည်။ ဆိုင်ကယ်ဖြင့်ပြန်လည်လာရောက်၍ ရိုက်နက်သူမှာ (ဓာတ်ဘူးပြင်သူ)ဖိုးအောင်(ခ)အောင်ဖြိုးဝေဦး (၂၁)နှစ်၊ အဖ ဦးဝင်းမြိုင် ချမ်းမြေ့သာယာ(က)အုပ်စု၊ မကွေးမြို့ဖြစ်ကြောင်း၊ ၎င်းအား ဥပဒေအရအရေးယူပေး ရန် ယာဉ်တပ်ဖွဲ့မှရဲအုပ်အောင်မြင့်စိုး မှ တရားလိုပြု၍ မကွေးမြို့မရဲစခန်းတွင်နိုဝင်ဘာ(၁)ရက်နေ့ ည( ၈)နာရီ၌ (ပ)၂၁၆/၂၀၀၃၊ ပုဒ်မ-၃၃၃ ဖြင့်အမှုဖွင့်ပြီး ဖိုးအောင်(ခ)အောင်ဖြိုးဝေဦးကို ဖမ်းဆီးအရေးယူထားကြောင်း သက်ဆိုင်ရာ မှ သတင်းရရှိသည်။
 

0 comments: