``မကွေးမြသလွန်ဘုရားပွဲတော်အတွင်း တစ်ဝဂူဘုရားမုဒ်ဦးအ၀င်၌ အမျိုးသားတစ်ယောက်သေဆုံး´´

နိုဝင်ဘာ(၁)ရက်နေ့ ညနေ(၄)နာရီအချိန်ခန့် မကွေးမြို့ နံကပ်ကျွန်းကျေးရွာအုပ်စု သရက်ပင်ရွာ မကွေး မြသလွန်ဘုရားပွဲတော်အတွင်း တစ်ဝဂူဘုရားမုဒ်ဦးအ၀င်၌ အမျိုးသားတစ်ယောက်သေဆုံးကြောင်း သတင်းရ ရှိသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ(၁)ရက်နေ့ ညနေ(၄)နာရီအချိန်ခန့်တွင် မကွေးမြသလွန်ဘုရားပွဲတော်အတွင်း တစ်ဝဂူ ဘုရားအတက်မုဒ်ဦးအ၀င်၌ အမျိုးသားတစ်ယောက် သေဆုံးကြောင်းအနီးရှိ လုပ်သားပြည်သူများက သတင်းပေး ၍ ဘုရားပွဲတော်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဘုရားပွဲတော်မီးသတ်တပ်ဖွဲ့ နှင့် တာဝန်ရှိသူများသွားရောက်ခဲ့ရာ အမည်မသိ(စုံစမ်းစစ်ဆေးဆဲ) အသက်(၃၅/၄၀)နှစ်ခန့်မှန်း အမျိုသားတစ်ဦး ပိန်ပိန်ရှည်ရှည် ဆံပင်ရှည် အသား ဖြူသော လူတစ်ဦးထိုင်လျှက်သား စောင်းတန်းအုတ်ခုံအားမှီ၍ ဇက်ကျိုးကျပြီးသေဆုံးနေကြောင်း (ဓာတ်ပုံပါအ တိုင်း) မြင်တွေ့ရသည်။ အရက်မူး၍သေ/မသေ သေသူ၏ပါးစပ်အားနမ်းကြည့်ရာ အရက်စော်မနံကြောင်း၊ သူ၏ခန္ဓာကိုယ်၌လည်း ဒဏ်ရာမရှိကြောင်း၊ ညာဘက်ဒူးခေါင်မှာ ပွတ်ရှရာအနည်းငယ်ဖြင့် သွေးစို့နေ ကြောင်း၊ မကြာမှီအချိန်အတွင်းက အားပြတ်၍ သေဆုံးနေသည်ဟုထင်ကြောင်း၊ ၎င်းသေဆုံးသူအား သူနှင့် သက်ဆိုင်သူ ဆွေးမျိုး မိဘများသိရှိနိုင်ရန် ဓာတ်ပုံရိုက်ယူ၍ မှတ်တမ်းတင်ထားကြောင်း၊ သေဆုံးသူ၏အလောင်းကို မကွေးတိုင်း ဒေသကြီးပြည်သူ့ဆေးရုံသို့ပို့ပြီး မကွေးမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ် ၉/၂၀၁၃ဖြင့် အမှုဖွင့်၍စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း၊ မကွေးမြသလွန်ဘုရားပွဲတော်အတွင်းရှိ မီးသတ်တပ်ဖွဲ့မှတပ်ကြပ်ကြီး ဦးကျော်မြင့် က (ကနဦးသတင်း) ပြောသည်။
 

0 comments: