(၇၅)ကြိမ်မြောက် စိန်ရတုသဘင်(၁၃၀၀)ပြည့်အရေးတော်ပုံ အခမ်းအနားအား လွှတ်တော်နာယက လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ မကွေးမြို့တွေ့ဆုံပွဲတွင် ခွင့်ပြု၊

နိုဝင်ဘာ(၁၉)ရက် နံနက်(၇း၃၀)မှ (၉း၃၀)နာရီအချိန်တွင် မကွေးမြို့ မြို့တော်ခန်းမ ၌ လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်း မကွေးမြို့ပြည်သူလူထုနှင့်တွေ့ဆုံပွဲ ကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါအခန်းအနားတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့် ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် နိုင်ငံရေးပါတီအဖွဲ့ပေါင်းစုံမှကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဖွံ့ဖြိုးရေးအထောက်အကူပြု အဖွဲ့များ နှင့် မြို့မိမြို့ဖများ အင်အား(၈၀၀) ကျော်ခန့်တက်ရောက်ကြောင်းသိရသည်။ ထိုအခမ်းအနားသို့ တက်ရောက်လာသူများမှ (၁၄)ဦးက ဒေသခံနယ်မြေအတွက် လိုအပ်ချက်များ၊ အစိုးရအဖွဲ့အားနည်းချက်များကို ပွင့်လင်းမြင်သာစွာ မေးမြန်ပြောဆိုကြကြောင်း၊ မေးမြန်းချက်များကို မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေမှ တိုင်းဒေသကြီးလုပ်ပေးနိုင်သောကိစ္စများကို ရှင်းလင်းကြောင်း၊ ပြည်ထောင်စုအစိုးရ လုပ်ပေးရမည့် မေးခွန်းများကို လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွေမန်းက ဖြေကြားကြောင်း သိရသည်။ ၎င်းမေးမြန်းသူ(၁၄)ဦးမှ ချောက်မြို့ မှ (၇၅)ကြိမ်မြောက် စိန်ရတုသဘင်(၁၃၀၀)ပြည့်အရေးတော်ပုံ ကျင်းပရေးကော်မတီဥက္ကဋ္ဌ အသက်(၇၂)အရွယ်ရှိ ဦးညိုသွေး၏မေးမြန်းချက်ကိုကောက်နှုတ်ဖော်ပြပါသည်။ ``ကျွန်တော့်အသက်(၇၂)ရှိပါပြီ။ နာယကကြီးနဲ့တွေ့ဆုံဖို့တော်တော်ကျိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ လွတ်လပ်ရေးအတွက် ကျိုးစားဆောင်ရွက်ခဲ့ကြတဲ့ (၁၃၀၀)ပြည့်အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ကြသူ သခင် သခင်မကြီးတို့ကိုဂုဏ်ပြုတဲ့အနေနဲ့ (၇၅)ကြိမ်မြောက် စိန်ရတုသဘင်(၁၃၀၀)ပြည့်အရေးတော်ပုံကြီးကို ချောက်မြို့ မှာ ဒီဇင်ဘာလဆန်းထဲမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင်အစိုးရဖွဲ့က ခွင့်ပြုချက် တိတိပပ မပေးသေးပါဘူး၊ ရေနံလုပ်သားတွေရဲ့ အဖွဲ့ခေါင်းဆောင်သခင်ဖိုးလှကြီး ကြေးရုပ်ကြီးကို ချောက်မြို့ မှာ ရှိနေတဲ့ မေဒေးကျောက်တိုင်ဝန်းမှာ ဂုဏ်ပြုထားဖို့ စီစဉ်နေကြပါတယ်။ မကြာခင် သခင်ဖိုးလှကြီးရဲ့ ရုပ်တုကြီးက ချောက်မြို့ကိုရောက်လာပါတော့မယ်။ ဒါကိုလည်း ယနေ့အထိ အစိုးရအဖွဲ့က မကူညီသေးပါဘူး၊ တစ်ခါ ဒီ(၇၅)ကြိမ်မြောက် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံကြီးမှာ သခင်ဖိုးလှကြီးရဲ့ သားနဲ့သမီး ဒီနေ့အထိရှိနေပါတယ်။ သခင်ဖိုးလှကြီးနဲ့ သခင် သခင်မတွေရဲ့ ကျန်ခဲ့တဲ့ မိသားစု(၃၂)စုလဲ ဒီနေ့အထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ သခင်မိသားတစ်စုကို ကျွန်တော်တို့အဖွဲ့မှ ထောက်ပံ့ငွေတစ်သိန်းကျပ် စီပေးချင်ပါတယ်။ အဲဒီအတွက် ရံပုံငွေအလှူခံနေပါတယ်။ တစ်မိသားစုအတွက် ငွေကျပ်ငါးသောင်းလောက်သာ ရပါသေးတယ်။ သက်ဆိုင်ရာအာဏာပိုင်အစိုးရအဖွဲ့က အလှူခံခွင့်ကိုလည်း အတိအလင်းခွင့်ပြုချက်မပေး သေးပါဘူး။ ဒီပွဲကြီးကျင်းပခြင်းအား ကျွန်တော်တို့ဖြစ်မြောက်ရေးကော်မတီအတွက် ဘာအကျိုးအမြတ်ကိုမှ မျှော်ကိုးပြီးလုပ်နေတာမဟုတ်ပါဘူး။ သမိုင်းမှာ(၇၅)နှစ်လုံးလုံးတိမ်မြုပ်နေလို့ သမိုင်းကို ဖော်ဆောင်ခြင်းဖြစ်ပါ တယ်။ ဒါကြောင့် ယခု(၇၅)ကြိမ်မြောက် စိန်ရတုသဘင်(၁၃၀၀)ပြည့်အရေးတော်ပုံကြီးကို လွှတ်တော်နာယကကြီး အနေနဲ့ အကူအညီပေးပါလို့ လေးစားစွာတောင်းဆိုလိုက်ရပါတယ်..။´´ ဟု(၇၅)ကြိမ်မြောက် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံကြီး ဥက္ကဋ္ဌ ဦးညိုသွေး ကပြောသည်။ အထက်ပါတောင်းဆိုချက်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦုးဘုန်းမော်ရွှေမှ (၇၅)ကြိမ် မြောက် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံကြီးဖြစ်မြောက်ရေးနဲ့ သခင်ဖိုလှကြီးရုပ်တု စိုက်ထူ ထားရှိရေး အတွက် သက်ဆိုင်ရာမှပါဝင်ဆောင်ရွက်ရန် မူလကထဲက ညွှန်ကြားထားပြီးကြောင်းဖြေဆိုသည်။ ထို့နောက် အခမ်းအနားမပြီးဆုံးမီ ဒေါက်တာဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ) မှ သခင်ဖိုးလှကြီးနဲ့ သခင် သခင်မတွေ၏ ကျန်ရှိနေသော မိသားစု(၃၂)စုတို့ကို မိသားစုတစ်လျှင် ငွေကျပ်(၃)သိန်းစီ လှူဒါန်းရန်အတွက် ငွေကျပ်(၉၆)သိန်းအား (၇၅)ကြိမ်မြောက် စိန်ရတုသဘင် (၁၃၀၀)ပြည့်အရေးတော်ပုံကြီး ဥက္ကဋ္ဌ ဦးညိုသွေး ထံ ပေးအပ်လှူဒါန်းကြောင်း သတင်းရရှိသည်။ အဆိုပါတွေ့ဆုံပွဲ၌ မေးမြန်းချက်များမှ (၂)ခါ (၂)ကြိမ်မေးမြန်းထားသော မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဟန် ၏ မေးမြန်းချက်ဖြစ်သော ခေတ်မီမကွေးလေယာဉ်ကွင်းသို့ ခရီးသည်လေယာဉ်ဆင်းပေးရန်ကိစ္စအားတောင်းဆိုမေးမြန်းကြောင်း သိရသည်။ ဒဟပ်ကန်ရွာမှ တောင်သူများ၏ ယာမြေများကို စစ်တပ်က သိမ်းထားတဲ့ ပိုသောမြေယာကိစ္စ မြေယာသိမ်းဆည်းရေးအဖွဲ့က စစ်ဆေးပြီးသော် လည်း ဘာမျှအကြောင်းမထူးသေးကြောင်း၊ ယခုကိစ္စကို ကျွန်တော်ယနေ့တွေ့ဆုံပွဲမှာ တောင်းဆိုမေးမြန်း သော်လည်း တိကျတဲ့ အဖြေမရပါကြောင်း၊ ယခု ခရီးသည်လေယာဉ်ပြေးဆွဲရေးကိစ္စကိုလည်း ပြည်ထောင်စု ဒုတိယ၀န်ကြီး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးမြင့်သိန်းနှင့် တွေ့ဆုံပွဲတွင်လည်း ယခုကဲ့သို့ မေးမြန်းတောင်း ဆိုခဲ့ကြောင်း၊ ယခင် အဖြေနှင့် ယခု သူရဦးရွှေမန်းဖြေကြားချက်မှာ ဒုတိယ၀န်ကြီး ဦးမြင့်သိန်းဖြေဆိုခဲ့တာနဲ့ တစ်ထပ်တည်းကျနေလျှက်သာရှိသေးကြောင်း၊ (သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးထံ တင်ပြ၍ ဖြေကြား ပေးမည်ဖြစ်ကြောင်း၊ ဒီလိုအထက်တာဝန်ရှိလူကြီးတွေက မေးမြန်းချက်များအား တခါတည်းမဖြေဆို နိုင်ခြင်းမှာ စဉ်းစားစရာဖြစ်နေကြောင်း၊ အချိန်ပေးပြီးစောင့်နေသော်လည်း အပြောနဲ့ အလုပ်တစ်ထပ်တည်း မကျသေး ကြောင်း တက်ရောက်လာသူ မကွေးမြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဦးစိုးမိုး က ပြောသည်။
 

0 comments: