``မကွေးတိုင်းဒေသကြီးအတွင်း ကျန်ရှိသောမြို့နယ်များတွင် ၂၀၀၈အခြေခံဥပဒေဆိုင်ရာပြင်ဆင်ခြင်း(သို့မဟုတ်) အသစ်ရေးဆွဲခြင်းကို NLDပါတီမှ လူထုဆန္ဒခံယူပွဲများ၌ ပြင်ဆင်ရန် ရာခိုင်နှုန်းပြည့်ဆန္ဒပြု ကြသည်။´´

နိုဝင်ဘာ(၃)ရက်နေ့ နေ့လည်(၂ နာရီမှ ညနေ ၄)နာရီထိ ပွင့်ဖြူမြို့နယ်NLD ပါတီမှ ၂၀၀၈ အခြေခံဥပဒေ ဆိုင်ရာ ပြင်ဆင်ခြင်း (သို့မဟုတ်)အသစ်ရေးဆွဲခြင်းအတွက် NLDပါတီမှ လူထုဆန္ဒခံယူပွဲသို့ ပါတီဝင်နှင့်ပြည်သူ အင်အား(၃၀၀၀)ကျော်ခန့်တက်ကြောင်းသတင်းရရှိသည်။ အဆိုပါအခမ်းအနား၌ သဘာပတိအဖြစ် NLDပါတီ ဗဟိုကော်မတီဝင် ဒေါက်တာအောင်မိုးညို က ဆောင်ရွက်ပြီး မကွေးတိုင်းဒေသကြီး NLDပါတီအတွင်းရေးမှူး ဦးနေမျိုးကျော် (ဆန္ဒခံယူပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ) က အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းကြောင်း၊ ထို့နောက် ၂၀၀၈ အခြေခံ ဥပဒေဆိုင်ရာ များကို ဥပဒေပညာရှင် ဦးတင်အောင်ထွန်း ကရှင်းလင်းပြီး တက်ရောက်လာသူအားလုံးမှ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ခြင်းကိုရာခိုင်နှုန်းပြည့် ဆန္ဒပြုကြောင်း သတင်းရရှိသည်။ အလားတူ နိုဝင်ဘာ(၂)ရက်နေ့တွင် တောင်တွင်းကြီးမြို့နယ်၌ ကျင်းပခဲ့ရာ လူထုအင်အား (၁၂၀၀) ခန့်တက်ရောက်၍ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ခြင်းကိုရာခိုင်နှုန်းပြည့် ဆန္ဒပြုကြောင်း၊ နိုဝင်ဘာ(၃)ရက် နေ့တွင်လည်း မြို့သစ်မြို့နယ်တွင်ကျင်းပခဲ့ရာ လူထုအင်အား(၁၆၀၀)ခန့်တက်ရောက်ကြောင်း၊ နိုဝင်ဘာ (၄)ရက် နေ့တွင် နတ်မောက်မြို့နယ်တွင်ကျင်းပခဲ့ရာ လူထုအင်အား(၁၂၀၀)ခန့်တက်ရောက်ကြောင်း၊ နိုဝင်ဘာ(၄)ရက် နေ့တွင်လည်း ရေစကြိုမြို့နယ်တွင်ကျင်းပခဲ့ရာ လူထုအင်အား(၁၁၀၀)ခန့်တက်ရောက်ကြောင်း၊ နိုဝင်ဘာ(၅)ရက် နေ့တွင် ရေနံချောင်းမြို့နယ်တွင် ကျင်းပခဲ့ရာ လူထုအင်အား(၁၁၀၀)ခန့်တက်ရောက်ကြောင်း၊ ထိုနေ့ နိုဝင်ဘာ(၅) ရက်နေ့တွင်လည်း မြိုင်မြို့နယ်၌ ကျင်းပခဲ့ရာ လူထုအင်အား(၁၀၀၀)ခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက် လာကြသော ပြည်သူလူထုအား လူထုဆန္ဒသဘောထားခံယူရာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ခြင်းကိုသာ ရာခိုင်ခိုင်နှုန်းပြည့် ဆန္ဒပြုကြောင်း မကွေးတိုင်းဒေသကြီး NLD ပါတီအတွင်းရေးမှူး ဦးနေမျိုးကျော် က ပြောသည်။ www.winkyi.net
 

0 comments: