``မကွေးမြသလွန် ဘုရားပွဲတော်ကျင်းပနေစဉ် နှစ်ပေါင်း(၁၀၀)ကျော်ခန့်ရှိ မန်ကျီးပင်ကြီးလဲကျ ပွဲတော်ဆိုင်ခန်းများ(၅)ခန်း နှင့်လျှပ်စစ်ဓာတ်တိုင်(၁)တိုင်ပျက်စီး လူများထိခိုက်မှုမရှိ´

´ (၎င်းမန်ကျီးပင်ကြီးသည် နတ်ကြီးသည်ဆို၏၊ ၎င်းသစ်ကိုင်းကို ခုတ်လျှင်ခိုက်၍ ပိုပြီးကြီးထွားနေ၏။ အခြားအပင်များ၏ ကိုင်းလက်တက်များခုတ်၍ရသည်ဟု ဘုရားပွဲတ်ာသို့ နှစ်စဉ်လာရောက်သူ ဈေးသည် တစ်ဦးကပြောဆိုသည်။) နိုဝင်ဘာ(၁)ရက်၊ နံနက်(၇း၁၅)နာရီအချိန် မကွေးမြို့ နံကပ်ကျွန်းကျေးရွာအုပ်စု သရက်ပင်ကျေးရွာ မြသလွန်ဘုရားပွဲတော်ကွင်း မိန်းလမ်းမကြီးပေါ်ရှိ ဖောင်တော်ဦးဘုရားမြောက်ဘက် နေရာမှ နှစ်ပေါင်း(၁၀၀) ကျော်ခန့်ရှိ မန်ကျီးပင်းကြီးမှာ လေမလာ မိုးမရွာဘဲ လမ်းမပေါ်သို့လဲကျသွားကြောင်းသတင်းရရှိသည်။ အဆိုပါမန်ကျီးပင်ကြီးမှာ လုံးပတ်(၂၅)ပေခန့် နှင့် အမြင့်(၅၀)ပေခန့် ရှိပြီး သက်တန်းနှစ်(၁၀၀)ကျော်ခန့် ရှိကြောင်း၊ နှစ်စဉ်ဘုရားပွဲတော်ကျင်းပတိုင်း ၎င်းသစ်ပင်ကြီးအောက်တွင်(၁၅)နှစ်ဆက်တိုက် ဆိုင်ခန်းယူပြီး မင်းလှမြို့ အမှတ်(၂)ရပ်ကွက်မှ ဒေါ်ချိုဆန်း၏ စောင်များရောင်းချသော ဆိုင်ခန်း(၃)ခန်းအားပိသွားကြောင်း၊ မုံရွာမြို့မှ လာရောက်၍ စောင်များရောင်းချသော ဦးစောထွန်းနိုင်၏ဆိုင်ခန်း(၁)ခန်း နှင့် ကျောက်ပန်းတောင်းမြို့ မှ သားရေ အိပ်များရောင်းချသော ဦးမောင်ကျော်ဆန်း၏ ဆိုင်ခန်း(၁)ခန်း၊ စုစုပေါင်းဆိုင်ခန်း(၅)ခန်း (ဘုရားပွဲတော် ဈေးနှုန်း တစ်ခန်း ၂၂၅၀၀ိ)ဖြင့် တစ်သိန်းတစ်သောင်းနှစ်ထောင်ငါးရာကျပ် ဆုံးရှုံးသွားကြောင်း၊ လျှပ်စစ်မီးတိုင် တစ်တိုင် ကာလတန်ဘိုး ကိုးသောင်းခန့်ဆုံးရှုံးသွားကြောင်း၊ လူများထိခိုက်ဒဏ်ရရှိခြင်း သေဆုံးခြင်းမရှိကြောင်း။ နံနက် (၇း၁၅)နာရီအချိန်က ၎င်းသစ်ပင်ကြီးမှာ တအိအိဖြင့် လမ်းမပေါ်သို့လဲကျနေ၍ လူများရှောင်တိမ်းချိန် ရလိုက်ကြောင်း၊ ဘုရားပွဲတော်တွင်း၌လူမစည်ချိန် နံနက်စောစာဖြစ်၍သာ..၊ ညနေပိုင်းမှာ ဘုရားပွဲတော်လာ ပရိပ်သတ်များ စည်ကားချိန်ဆိုလျှင် ထိခိုက်သေဆုံးမှုများဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါသစ်ပင်လဲကျပြီးတာနှင့် ဘုရားပွဲတော်မှ မီးသတ်တပ်ဖွဲ့ဝင်များ(၂၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်(၅၀)ဦး၊ ကြက်ခြေနီအဖွဲ့ဝင် (၁၀)ဦး၊ စည်ပင်သာယာရေးဌာန မှ ကရိန်းကားနှင့် အမှိုက်သည်ယာဉ်(၁)စီးပါဝန်ထမ်းများ၊ လျှပ်စစ်ဝန်ထမ်းများ၊ ဘုရားဂေါပကများနှင့် လုပ်သားပြည်သူများက အမြန်ဆုံးကူညီရှင်းလင်းခဲ့ကြောင်း၊ ညနေ(၆)နာရီအထိ လမ်းရှင်း၍ မပြီးသေးကြောင်း မကွေး မြသလွန်ဘုရားပွဲတော်အတွင်းရှိ မီးသတ်စခန်းမှ တပ်ကြပ်ကြီး ကျော်မြင့် က မြန်မာပို့စ်သို့ပြောသည်။ သစ်ပင်အပိခံရသော စောင်ဆိုင်ရှင် ဒေါ်ချိုဆန်းအား ဖြစ်စဉ်ကိုမေးမြန်းရာ.. `` ဒီနေ့မနက်(၅)နာရီက အိပ်ရာနိုးတယ်။ ဆိုင်ကိုစောစောဖွင့်ထားတယ်။ ကျမတို့ညီအမ(၄)ဦးရှိနေစဉ် သစ်ပင် ကြီးက သစ်ကိုင်းတွေကျကျလာတယ်။ ယခုလိုမဖြစ်ခငက် ဂျိုးဂျိုးဂျတ်ဂျတ်အသံတွေမည်နေတာ(၃)ရက်လောက် ရှိတယ်။ ဆိုင်ခန်းတွေက မည်နေတယ်ထင်ပြီး ဘုရားဂေါပကရုံးကို ဆိုင်ခန်းပြင်ပေးဖို့သွားပြောပါသေးတယ်။ သူတို့ကလဲ ပြင်ပေးမယ်ပြောပါတယ်။ ဒီနေ့(၇)နာရီလောက်မှာ မန်ကျီးပင်ကြီးက သစ်ကိုင်းတွေ နိမ့်နိမ့်ကျလာ ပါတယ်။ ကျမတို့လဲ သစ်ကိုင်းတွေကို ၀ါးလုံးနဲ့ထောက်ထောက်ပြီး တိုင်းကြည့်ပါတယ်။ တဖြည်းဖြည်းနဲ့ အိကျလာ ပါတယ်။ လူတွေရှောင်ချိန်ရလိုက်တယ်။ လူတွေဘယ်သူ့မှမထိခိုက်ပါဘူး။ (၇း၁၅)နာရီလောက်မှာ သစ်ပင်ကြီးက လမ်းမပေါ်ကို တုန်းလုံးလဲကျလာပါတယ်။ ကျမဆိုင်နဲ့ အခြားဆိုင်(၅)ဆိုင်ပျက်သွားတယ်။ ပစ္စည်းတွေကတော့ ပိပြားသွားပါတယ်။ သစ်ပင် ပင်စည်လုံးကြီးကကြီးတော့ မြေကျင်းတူးပြီး ပစ္စည်းတွေကို ဆွဲထုတ် နေရပါတယ်။ ယခုမြင်ရတဲ့အတိုင်းပါဘဲ..။ဟု ဒေါ်ချိုဆန်းက ပြောသည်။
 

0 comments: