``မကွေးတိုင်းဒေသကြီးတွင် ဟိုတယ်ဆိုင်ရာလုံခြုံရေးသင်တန်းပေး၍ လုံခြုံရေးအသင့်ပြင်ဆင်´´

အောက်တိုဘာ(၂၈)မှ နိုဝင်ဘာ(၁)ရက်နေ့ထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄း၃၀)နာရီ (၅)ရက် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းအကူရဲတပ်ဖွဲ့ခွဲမှူးရုံး အစည်းအဝေးခန်းမတွင် မကွေးတိုင်း ဒေသကြီးတွင် ဟိုတယ်ဆိုင်ရာလုံခြုံရေးသင်တန်းဖွင့်၍ လုံခြုံရေးအသင့်ပြင်ဆင်ထားကြောင်း သတင်း ရရှိသည်။ အဆိုပါသင်တန်းကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ကြောင်း၊ သင်တန်းဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီးဝင်းကြည် ဒုတိယ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမောင်စိုး နှင့် တိုင်းအကူရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးထွဋ် တို့တက် ရောက်ကြောင်း၊ ၎င်းတို့နှင့်အတူ မကွေးတိုင်းဒေသကြီးသတင်းတပ်ဖွဲ့မှူး၊ မှုခင်းတပ်ဖွဲ့၊ မူးယစ် တပ်ဖွဲ့တို့မှ ရဲမှူး/ဒုတိယရဲမှူးများနှင့်တပ်ဖွဲ့ဝင်များ၊ တိုင်းရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်ရဲတပ်ဖွဲမှူးနှင့် သင်တန်းမှူးများတက်ရောက်ကြောင်း၊ သင်တန်းသားများမှာ မကွေးမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ ပခုက္ကူမြို့နယ်တို့မှ ဟိုတယ်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ကြီးကြပ်ရေးမှူးနှင့် ၀န်ထမ်းသင်တန်းသား များ(၃၄)ဦးနှင့် တက်ရောက်သူစုစုပေါင်း(၅၀)ဦးခန့်တက်ရောက်၍ ဟိုတယ်ဆိုင်ရာ လုံခြုံရေးသင်တန်း များကို ဘာသာရပ်အသီးသီးမှ သက်ဆိုင်ရာသင်တန်းမှူးများက သင်တန်းပို့ချပေးကြောင်း၊ နိုဝင်ဘာ (၁)ရက်နေ့တွင် သင်တန်းဆင်းပွဲကျင်းပ၍ သင်တန်းပြီးကြောင်း သတင်းရရှိသည်။
 

0 comments: