
အောက်တိုဘာ(၁)ရက်နေ့ နံနက်(၉ မှ ၁၁)နာရီအချိန် မကွေးမြို့ တောင်တွင်းကြီးလမ်း ဖန်းခါးမြေဘိုးဘွား ရိပ်သာတွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနားကျင်းပကြောင်းသတင်းရရှိသည်။
အဆိုပါအခမ်းအနားတွင် အဘိုးအဘွား(၆၈)ယောက် တို့အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ နှင့် ၀န်ကြီများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ နှင့် မြို့မိမြို့ဖများ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း(၂၀၀)ခန့်မှ ငွေများနှင့် လှူဖွယ် ပစ္စည်းများတန်ဘိုးငွေ (၁၂)သိန်းကျော်ခန့်ဖြင့် စုပေါင်းကန်တော့ကြကြောင်း၊ ထို့နောက် မကွေးတိုင်း ဒေသကြီးအတွင်းရှိ မကွေးမြို့ဖန်းခါးမြေဘိုးဘွားရိပ်သာ၊ ရေနံချောင်းမြို့ အေးသီတာဘိုးဘွားရိပ်သာ၊ ပခုက္ကူမြို့ ဒေါ်ဦးဇွန်းဘိုးဘွား ရိပ်သာ နှင့် ရေစကြိုမြို့ ဦးမိုးဘိုးဘွား ရိပ်သာ နှင့် အောင်လံမြို့ဘိုးဘွားရိပ်သာ တို့ကို ငွေကျပ်တစ်သိန်းစီဖြင့် စုစုပေါင်းငွေကျပ်(၅)သိန်းကို မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန မှလှူဒါန်း၍ လူမှုရေးဝန်ကြီးက လက်ခံရယူလှူဒါန်းကြောင်း သိရသည်။
ဘိုးဘွားများ၏ကိုယ်စား အဘိုးဦးထွန်းကြည်က အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား ကျင်းပပေးသော မကွေးတိုင်းဒေသကြီးအစိုရအဖွဲ့ နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့အား ကျေးဇူးတင် စကားပြောကြား၍ အခမ်းအနားကိုရုတ်သိမ်းပြီး အဘိုးအဘွားများအား အကြွေးအမွေးများဖြင့် ဧည့်ခံကြောင်း သတင်း ရရှိသည်။
ဝိုင်းအောင်
0 comments:
Post a Comment