``မကွေးမြို့ အဝေးပြေးကားကွင်းတွင် ဆိုင်ကယ် ကယ်ရီအသင်းဖွဲ့စည်းပြီ..´´

အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးအသင်း မှ မကွေးမြို့ အဝေးပြေးကားကွင်းတွင် ဆိုင်ကယ် ကယ်ရီအသင်းဖွဲ့စည်းပြီးကြောင်း သတင်းရရှိသည်။ အဆိုပါ မော်တော်ဆိုင်ကယ် ကယ်ရီအသင်းကို စက်တင်ဘာ(၂၅)ရက်နေ့တွင် ဆိုင်ကယ်အစီးရေ(၁၀၀) ဖြင့်ဖွဲ့စည်းပြီးကြောင်း၊ နံနက်(၆)နာရီမှ ညနေ(၆)နာရီ နေ့ပိုင်းတာဝန်ကျ ဆိုင်ကယ်အစီး(၆၀) နှင့် ညနေ(၆)နာရီမှ နံနက်(၆)နာရီ ညပိုင်းတာဝန်ကျ ဆိုင်ကယ်အစီး(၄၀) သတ်မှတ်ပေးထားကြောင်း၊ ၎င်း ဆိုင်ကယ်များမှာ ဆိုင်ကယ်ယာဉ်မောင်းသူများကို ၀တ်စကတ်အင်ကျီဆင်တူဖြင့် ၀၀၁ မှ ၁၀၀ အထိနံပါတ်ကပ်ထား၍ ၎င်းနံပါတ် အတိုင်း မော်တော်ဆိုင်ကယ်တွင်လည်း စတေကာနံပါတ်များထပ်တူ တပ်ဆင်ပေးထားကြောင်း၊ ၎င်းတာဝန်ကျ ဆိုင်ကယ် ကယ်ရီများကို မကွေးကားကြီးကွင်းအတွင်း၌ အုပ်စု(၄)စုခွဲ၍ လေးနေရာတွင်ခွဲဝေချထားပေးကြောင်း၊ အသင်းဝင်ကြေး(ကြီးကြပ်ခ)အဖြစ် ဆိုင်ကယ်တစ်စီးလျှင် တစ်လ(၃၀၀၀ိ)ကျပ်၊ ကားကြီးကွင်းအတွင်းဝင်ခ တစ်ရက်နှစ်ရာ ကျပ်နှုန်းဖြင့်စည်ပင်သာယာသို့ပေးဆောင်ရကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ခရီသွားပြည်သူများ အနေဖြင့် လုံခြုံစိတ်ချမှုဖြစ်အောင် မကွေးကားကြီးကွင်းအတွင်းသို့ရောက်လျှင် ၎င်း ဆိုင်ကယ် ကယ်ရီ အသင်းမှ နံပါတ်ပါသော ဆိုင်ကယ် ကယ်ရီများကိုသာ ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ကြပါကြောင်း မကွေး(မ.ထ.သ) တာဝန်ရှိသူ တစ်ဦးကပြောသည်။

Penulis : shwelannwelanwinkyi ~ Sebuah blog yang menyediakan berbagai macam informasi

 

0 comments: