
အောက်တိုဘာ(၁၂/၁၃)နေ့(၂)ရက် နံနက်(၉)နာရီမှ ညနေ(၅)နာရီအချိန် မကွေးမြို့ အထက(၁)လမ်းရှိ လူမှုဝန်ထမ်းဌာန မူလတန်းကြိုနေ့ကလေးထိမ်းကျောင်းတွင် ကလေးသူငယ်တွေ့ဆုံပွဲ ကျင်းပကြောင်းသတင်း ရရှိသည်။


အဆိုပါ ကလေးသူငယ်တွေ့ဆုံပွဲကို Save The Children နှင့် WSVC(မကွေး) တို့ပူးပေါင်းပြီး ဆောင်ရွက်ကြောင်း ကလေးသူငယ်(၂၆)ယောက်တက်ရောက်ကြောင်း၊အသက်(၁၂)နှစ်မှ(၇)နှစ်ထိကလေးများ ဖြစ်ကြောင်း၊ အချို့က ကျောင်းနေကြ၍ အချို့ကကျောင်းနေသူများဖြစ်ကြောင်း၊ မကွေး၊ ပွင့်ဖြူမြို့နယ် ပဒဲ၊ လေးအိမ်၊ ကုန်းဇောင်း နှင့် ရေနံချောင်းမြို့နယ် ဖောင်းခွဲကျေးရွာများက ကလေးများလာရောက်တွေ့ဆုံ ကြကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှ ကလေးများကိုတွေ့ဆုံကြပြီး ယခု ကလေး(၂၆)ယောက်ထဲက ထူးချွန်သူကလေး(၈)ဦးအား ရွေးချယ်မည်ဖြစ်ကြောင်း၊ ၎င်းကလေး(၈)ဦးကို နိုဝင်ဘာလထဲလောက်တွင် နေပြည်တော်သို့ ပို့ဆောင်၍ မြန်မာတစ်ပြည်လုံး ကလေးများတွေ့ဆုံပွဲနှင့် နိုင်ငံတကာ ကလေးများ တွေ့ဆုံပွဲများတွင် ပါဝင်တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါပွဲဖြစ် မြောက်ရေးအဖွဲ့ဝင် ကိုဖြိုးသူစိုး ကပြောသည်။
0 comments:
Post a Comment