``မကွေးမြို့တွင် အမိုးပြိုကျခဲ့သော မြို့တော်ခန်းမကြီးကို ပြန်လည်ပြင်ဆင်ပြီး၍ ဖွင့်ပွဲကျင်းပ´´

အောက်တိုဘာ(၁၀)ရက် နံနက်(၉ မှ ၁၁း၃၀)နာရီအချိန်တွင် မကွေးမြို့ ပြည်တော်သာရပ်ကွက် အထက (၁)လမ်းရှိ မကွေးမြို့ ကျက်သရေဆောင်မြို့တော်ခန်းမကြီးကို ပြန်လည်ဖွင့်လှစ်၍ (၂၀)ကြိမ်မြောက် မြန်မာ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆက်လက်ဖွင့်လှစ်ကြောင်း၊ ၎င်းအခမ်း အနားကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေ မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အစိုးရအဖွဲ့ဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ (၂၀)ကြိမ်မြေက်ဆိုကရေးတီးပြိုင်ပွဲဝင်အဖွဲ့များ ဖိတ်ကြားထား သောဧည့်သည်တော် စုစုပေါင်း(၈၅၀)ခန့်တက်ရောက်ကြောင်း သတင်းရရှိသည်။ အဆိုပါ မြို့တော်ခန်းမကြီးမှာ ၁၉၈၇ ခုနှစ်ကစတင်တည်ဆောက်ခဲ့ကြောင်း၊ အလျား(၂၈၃)ပေ၊ အနံ(၂၆၃)ပေ အကျယ်အ၀န်း (၁.၅၄)မြေဧကပေါ်တွင် (၁၂၀X၆၀)ပေရှိ RCကွန်ကရစ်လောင်းနံရံကာ၍ သစ်သား ဒိုင်းများဖြင့် တစ်ထပ်အဆောက် အဦးခန်းမအဖြစ် တည်ဆောက်ခဲ့ကြောင်း၊ ထိုစဉ်ကာလက ကုန်သွယ်လယ်ယာ ခေတ် ဂိုဒေါင်ကြီးနှင့်တူကြောင်း၊ သို့ပါ၍ မြို့မိမြို့ဖ ဦးထွန်းဆိုင်မှ တိုင်း(တ.ယ.က) ဥက္ကဋ္ဌ သို့တင်ပြခဲ့ပြီး ၁၉၉၅ ခုနှစ်တွင်ခန်းမရှေ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုလက်ရာပုံစံတပ်ဆင်၍ ဘေးနှစ်ဘက်ကိုပါချဲ့ထွင်ပြီး အကြီးစား ပြင်ဆင်ခဲ့ကြောင်း၊ ၂၀၁၂ ခု ဇွန်(၂၇)ရက် နေ့တွင်လည်း မကွေးစည်ပင်သာယာရေးအဖွဲ့ နှင့် ရန်ကုန်မြို့ ဂွတ်လပ်(Good Luck)ကုမ္ပဏီ တို့ပူးပေါင်း၍အဆိုပါ ခမ်းမ၏ အတွင်းပိုင်းနှင့်အပြင်ပိုင်း အဆင့်မြင့်ပြုပြင်တိုးချဲ့ ရေးလုပ်ငန်းများဖြစ်သော အုတ်ဝန်းခြံကာခြင်း၊ ချက်ပြုပ်ဆောင်၊ ဧည့်သည်များနားနေဆောင်၊ အိမ်သာများ ဆောက်လုပ်ခြင်း၊ လျှပ်စစ်ထရန်စဖော်မာတစ်လုံးတပ်ဆင်ခြင်း၊ (Air- Con)၊ ခေတ်မီမီးဆိုင်းများတပ်ဆင်ခြင်းနှင့် ခေတ်မီအသံလုံခမ်းမကြီးအဖြစ် ငွေကျပ်သိန်းပေါင်း(၃၇၀၀)ကျော်ခန့်သုံးစွဲ၍မွမ်းမံပြင်ဆင်ခဲ့ပြီး ၂၀၁၂ စက်တင် ဘာ(၁၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်တက်ရောက်၍ (၁၉)ကြိမ်မြောက် မြန်မာရိုးရာ ဆိုကရေးတီးပြိုင်ပွဲအခမ်းအနားပါကျင်းပ၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါမြို့တော်ခန်းမကြီးကို အဆင့်မြင့်ပြင်ဆင်ပြီး တစ်နှစ်မပြည့်မီ (၈-၈-၂၀၁၃) နေ့ ညနေ(၆)နာရီ အချိန်ခန့်တွင် မိုးမရွာ လေမတိုက်ဘဲ ၎င်းခန်းမကြီး၏ အမိုးတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ကြောင်း၊ သြဂုတ်လ (၉)ရက် နံနက်ပိုင်းတွင် စည်ပင်သာယာခန်းမတည်ဆောက်ရေးကော်မတီဝင်၊ မြို့မိမြို့ဖများနှင့် အသေးစိတ် စစ်ဆေးပြီး အမြန်ဆုံးပြုပြင်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းပေး၍ သတင်းစာတွင် တင်ဒါခေါ်ပြီး တစ်လအတွင်း အမြန်ဆုံးပြင်ဆင်ပေးနိုင်ခဲ့သော (ECG)ကုမ္ပဏီက တင်ဒါငွေကျပ်(၃၈၉)သိန်းခန့်ဖြင့် ပြန်လည်ပြင် ဆင်နိုင်ခဲ့ကြောင်း၊ ၂၀၁၂ စက်တင်ဘာ(၁၃)ရက်နေ့တွင် အဆင့်မြင့်ခေတ်မီသံလုံခန်းမဖွင့်ပွဲနှင့် (၁၉)ကြိမ်မြောက် မြန်မာရိုးရာ ဆိုကရေးတီး ပြိုင်ပွဲအခမ်းအနား ကျင်းပခဲ့စဉ်က ခန်းမကြီး၏ပြင်ဆင်စရိတ်သိန်းပေါင်း(၃၇၀၀)ခန့် ကုန်ကျကြောင်းကြေငြာခဲ့ နိုင်သော်လည်း ယနေ့အောက်တိုဘာ(၁၀)ရက် (၂၀)ကြိမ်မြောက် မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲမှာ ခန်းမကြီး၏ပြန်လည်ပြင်ဆင်ကုန်ကျ စရိတ်များကို ကြေငြာနိုင်ခြင်းမရှိသေး ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။
 

0 comments: