`` ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ပြန်လည်ရေးဆွဲရေးအတွက် မကွေးတိုင်းဒေကြီး NLD ပါတီ မှ လူထုဆန္ဒခံယူရန် ဟောပြောပွဲများကျင်းပမည်´´

အောက်တိုဘာ(၇)ရက်နံနက်(၁၀ မှ နေ့လည် ၁၂)နာရီအချိန် မကွေးမြို့ မြင်သာရပ်ကွက် မဲထီးလမ်းရှိ မကွေးတိုင်းဒေသကြီှး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့မဟုတ်) အသစ်ပြန် လည်ရေးဆွဲရေးအတွက် လူထုဆန္ဒခံယူနိုင်ရန် ဟောပြောပွဲများကို ခရိုင်/မြို့နယ်များတွင် (၂၀၁၃ နိုဝင်ဘာလ အတွင်းအပြီး)ပြုလုပ်ကြရန် ညှိနှိုင်းအစည်းအဝေးကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး NLD အလုပ်အမှုဆောင်အဖွဲ့ နှင့် ခရိုင်NLD ဥက္ကဋ္ဌ များ (၁၄)ဦးတို့ ပြည်သူ့ဆန္ဒသဘောထားရယူရေး ဆန္ဒခံယူပွဲဖြစ်မြောက်ရေးလူထုဟောပြောပွဲများ ကျင်းပပြုလုပ်နိုင် ရန်ကော်မတီခွဲများဖွဲ့စည်းကြကြောင်း၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(သို့) အသစ်ပြန်လည်ရေးဆွဲရေးအတွက် ရှင်းလင်းချက်များမှာ (ဗဟို) NLD အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဝင် (၁၂)ဦး၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွက် (ဗဟို)ကော်မတီဝင် ဥပဒေပညာရှင် ဦးကြည်ဝင်း က ဦးဆောင်ရှင်းလင်းပေးမည်ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး NLD အမှုဆောင်များသည် မိမိတို့တာဝန်ကျရာ ခရိုင်(၅)ခုမှာ အောက်တိုဘာလအတွင်း အပြီးတာဝန်ယူကြရန်၊ (၂၅)မြို့နယ် အတွင်းမှာ နိုဝင်ဘာလအတွင်း အပြီးပြုလုပ်သွားကြမည်ဖြစ်ကြောင်း၊ မကွေးတိုင်း NLD ပြည်သူ့ဆန္ဒသဘောထားရယူရေး ဆန္ဒခံယူပွဲဖြစ်မြောက် ရေးကော်မတီဝင်(၇)ဦးဖွဲ့စည်း၍ အောက်တိုဘာ(၁၅)ရက်မှ နိုဝင်ဘာလကုန်အထိ၊ အချိန်တစ်လခွဲအတွင်း ဟောပြောပွဲများ ကျင်းပသွားကြရန် ဆုံးဖြတ်ချက်ချကြောင်း သတင်းရရှိသည်။ အဆိုပါ ၂၀၀၈ အခြေခံဥပဒေနှင့်ပါတ်သက်၍ ပြည်သူ့ဆန္ဒသဘောထားရယူရေး ဆန္ဒခံယူပွဲဖြစ်မြောက်ရေး လူထုဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်းကို ၎င်းပွဲဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော် ထံ မေးမြန်းရာ….. ``အခြေခံဥပဒေဆိုတာ ပြည်သူနဲ့အစိုးရကြားချုပ်ဆိုထားတဲ့စာချုပ်လို့ပြောလို့ရတယ်။ ဒါကြောင့်မိုလို့ နိုင်ငံသားမှန် ရင် အခြေခံဥပဒေနဲ့ သက်ဆိုင်ပါတယ်။ နိုင်ငံသားလို့ပြောလိုက်တာနဲ့ ခေါင်းရွက် ဗျက်ထိုးဈေးသည်ကအစ သမ္မတ အထိပေါ့ဗျာ၊ အခြေခံဥပဒေကိုဝေဖန်လို့လဲရပါတယ်။ ကန့်ကွက်လို့လဲရပါတယ်။ အခြေခံဥပဒေမှာ ကိုယ့်ဆန္ဒ ထင်ဟပ်အောင် ကြိုးစားခွင့်လဲရှိပါတယ်။ ဒါဟာ နိုင်ငံသားအခွင့်အရေးလို့ပြောချင်ပါတယ်။ ဒါကြောင့်မိုလို့ ကျွန်တော်တို့ NLD ကပြုလုပ်မဲ့ အခြေခံဥပဒေနဲ့ပါတ်သက်လို့ လူထုထံချပြဆွေးနွေးခံယူမယ့်ပွဲကို တက်ကြွစွာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်..။´´ ဟု ၎င်းပွဲဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးနေမျိုးကျော်က ပြောသည်။
 

0 comments: